#Local_News
Published _1 November 2022
တန်ဆောင်တိုင် ပွဲတော်ကာလအတွက် ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင် ၊ ချောင်းသာနဲ့ ငပလီကမ်းခြေတွေက ဟိုတယ်တွေမှာ အခန်းလွတ်မရှိတော့လောက်အောင် ဘွတ်ကင်ပြည့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_1 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၆၈ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 November 2022
ပြင်ပတွင်ဝယ်ယူရတဲ့ စားအုန်းဆီတစ်ပိဿာဈေးနှုန်းက လက်ရှိမှာ ၆၈၀၀ ကျပ်ကို ပြန်လည်ကျဆင်းနေပြီလို့ ကုန်စုံဆိုင်တွေကနေတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 November 2022
၁။ တရုတ်-မြန်မာ တိုက်ရိုက်ရေလမ်းကြောင်းသစ် တရားဝင်ဖွင့်လှစ်၊ ချင်းကျိုးမှ ရန်ကုန်မြို့သို့(၁၂)ရက်အတွင်း ရောက်မည်
၂။ စားအုံးဆီဈေးနှုန်း ပြင်ပဈေးကွက်တွင် ၇၀၀၀ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာ
၃။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၃၉၀ ဒသမ ၆၈ သန်းရရှိထား
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် လိုအပ်သည့်ပြင်ဆင်မှု အားလုံးနီးပါး ကာတာတွင် ဆောက်လုပ်ပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _1 November 2022
သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဒီကနေ့ နိုဝင်ဘာလတစ်ရက်နေ့ကစပြီးတော့ ဘဏ်ထဲမှာ ငွေပြနိုင်မှ တင်သွင်းလို့ရတော့မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _1 November 2022
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား စုစုပေါင်း ၁၂၇၉ ဦး တရားဝင် ပို့ဆောင်ထားကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
အောက်တိုဘာ ၄ ရက်တွင် လုပ်သားသစ် ၁၂၈ ဦး ၊ ၆ ရက်တွင် လုပ်သားသစ် ၁၂၄ ဦး ၊ ၁၁ ရက်တွင် လုပ်သားသစ် ၁၂၀ ဦး ၊ ၁၃ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ ၁၈ ရက်တွင် လုပ်သားသစ် ၁၅၀ ဦး ၊ ၂၀ ရက်တွင် လုပ်သားသစ် ၁၇၈ ဦး နှင့် ၂၅ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ အောက်တိုဘာ ၂၇ ရက်တွင် လုပ်သားသစ် ၁၇၃ ဦးနှင့် အောက်တိုဘာ ၃၁ ရက်တွင် လုပ်သားသစ် ၁၀၉ ဦးကို ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာလုပ်သားဟောင်းများအပါအဝင် လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော် စုစုပေါင်း လုပ်သား ၁၄၀ နီးပါးကို နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ကြေညာထားသည်။
တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုသည် ကုန်ထုတ်လုပ်သား ၊ ကုန်ထုတ် Re-entry လုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 1 November 2022
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၃၀၇ ဦးနဲ့ အမျိုးသမီး ၃၈၉ ဦး စုစုပေါင်း ၆၉၆ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အောက်တိုဘာလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က အောက်တိုဘာလ ၁၇ ရက်မှ ၃၁ ရက်အတွင်းစိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ် သည်။
ထိုအလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့သည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအားစိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Page 1589 of 2151