#LocalNews
Published-24 March 2023

မြန်မာနိုင်ငံ၏ သတင်းမှန်ကို အမှန်တကယ်လိုအပ်ကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Human Rights and Humanitarian Division မှ Principal Assistant Secretary ဖြစ်သူ Mr. Neermal Shunmugam က ပြောသည်။

မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Human Rights and Humanitarian Division မှ Principal Assistant Secretary နှင့် ကွာလာလမ်ပူမြို့မှ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ၊သံအမတ် တို့ မတ်လ ၂၂ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ မီဒီယာများပေါ်တွင်သာ သတင်းမှီခိုနေရသည့်အတွက် မြန်မာနိုင်ငံ၏ သတင်းမှန်ကို အမှန်တစ်ကယ် လိုအပ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံကိစ္စအပေါ် မျှတစွာ စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိစ္စသည် အတူတကွ ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ymg/mt
#Yangon_Media_Group