#LocalNews
Published-21 March 2023

မွန်ပြည်နယ် မော်လမြိုင်တွင် ဆေးခန်းလာပြသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုးလုဖြတ်ပြေးသူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့က သိရသည်။

ဖြစ်စဉ်မှာ မတ်လ၂၁ရက် နံနက်၁၁နာရီအချိန်တွင် မော်လမြိုင် ချမ်းမြေဂုဏ်ဆေးခန်းလာပြသူ ကျိုက်က္ခမီမြို့နေမှ အသက်(၄၀)ဝန်းကျင်အမျိုးသမီး ၂ ဦး ထမင်းဆိုင်ရှေ့ကားစောင့်နေစဉ် ရွှေဆွဲ ကြိုး ၃ ကျပ်သားကို ဖြတ်လုခံရခြင်းဖြစ်သည်။

ယင်းကဲ့သို့ လုဖြတ်ပေးစဉ် ပြည်သူများကလိုက်လံဖမ်းဆီးရာ ဝါဆိုင်ကျော်ရွာထဲတွင် တရားခံအား နပန်းလုံးသတ်ပုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

"အဖိုးတန်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ထားသူတွေ အသိသတိရှိဖို့ လိုအပ်ပါတယ်။ အတတ်နိုင်ဆုံး အခုခေတ်ကာလမှာ အဖိုးတန်လက်ဝတ်ရတနာတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်" ဟုလည်း ဘိုဘိုဝင်းက သတိပေးထားသည်။

ဖမ်းဆီးရမိသူကို ရခိုင်ကုန်းအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့၍ လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

#ymg/mt
#ဆွဲကြိုးလုပြေး
#Yangon-Media-Group