#LocalNews

Published_ 21 March 2023

ရန်ကုန်သင်္ကြန်ပွဲတော်ကာလအတွင်း ခွင့်ပြုချက်မဲ့ရေဆက်သွယ်မှု ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်လိုက်သည်။

ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမှာဖြစ်ကြောင်းအဆိုပါကော်မတီမှထုတ်ပြန်လိုက်သည်။

သင်္ကြန်ပွဲတော်အတွင်း စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်နှင့်ကန်တော်ကြီးတို့မှရေကို ခွင့်ပြုချက်ဖြင့် ဆက်သွယ်ကစား ရမည် ဖြစ်ပြီး ရေဆက်သွယ်လိုသူများအနေဖြင့်ဧပြီလ ၁၃ ရက်(အကြိုနေ့)နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမည်ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာယီရေဆက်သွယ်ခွင့်လျှောက်လွှာများကို စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၊တိုးချဲ့ရုံးသစ်၊ပဉ္စမထပ်ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ရုံးခန်း၌ အခမဲ့ထုတ်ယူနိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဝန်ထမ်းများက ရေဆက်သွယ်သူတို့လိုက်နာရမည့်စည်းကမ်းချက်များနှင့်ခွင့်ပြုပေးမည်ဖြစ်ပြီး စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်၊ကန်တော်ကြီးနှင့် အခြားမြေစိုက်ရေကန်များခွင့်ပြုချက် မရှိဘဲရေဆက်သွယ်ပါကအရေးယူမည်ဖြစ်ကြောင်းသိရသည်။
ymg/ynzw
#ရန်ကုန်သင်္ကြန်
#Yangon_Media_Group