#Local_News
Published_ 27 October 2022
ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆) ဦးကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။
စီးပွားရေးသံမှူးများအနေဖြင့် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ၏စီးပွားရေး အခြေ အနေ ကိုသာမက ကမ္ဘာ့စီးပွားရေး အခြေအနေကိုပါ ခြုံငုံသိရှိထားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားခဲ့ပါတယ်။
အောက်တိုဘ ၂၆ ရက်နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ဒုဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိတဲ့ ဈေးကွက်များ၊ ပို့ကုန်အမယ် သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေ ချိတ်ဆက် ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ် လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ချိတ်ဆက်သွား ရန်နှင့် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 27 October 2022
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ(သတ္တမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ (၂၆) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ မြန်ဆန်ချောမွေ့စေရန်နှင့် အမြန်ဆုံးဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone ၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အထက်ပါဇုန်သုံးခုထဲမှ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကျသော မူဆယ်မြို့နယ်ရှိ ဇုန်စီမံကိန်းကို ဦးစားပေးတည်ဆောက်ရန် လျာထားကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 27 October 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော် ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြတဲ့ ပြင်ဦးလွင် မြို့နယ်၊ စိန်ပန်းကျေးရွာတွင် စိုးလင်းထွန်း အား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စောဇာနည်မောင် နှင့် မျိုးအောင်တို့အား GIOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် ၁ စီး နှင့် လည်းကောင်း၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာတွင် အားဝေနှင့် စောသက်ဦးတို့အား Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။
ထို့ကြောင့်၎င်းတို့ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_26 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၇၃ ဒသမ ၄၅ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 26 October 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းတွေ အတက်အကျအနည်းငယ်နဲ့ ငြိမ်သက်မှုမရှိနေပဲ ပုံမှန်ဈေးတန်းတစ်ခုမှာသာရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local-News
Published_26 October 2022
ပြည်တွင်းရွှေဈေးကွက်အတွင်း ဝယ်လိုအားထက်ရောင်းလိုအားက ပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 October 2022
နိုဝင်ဘာလ(၈)ရက်မှာ လကြတ်ဖို့ရှိပြီး လကြတ်တာကို မြန်မာနိုင်ငံက အပြည့်မြင်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်က ပြောပါတယ်၊၊
#Yangon_Media_Group
Page 1430 of 1981