၁၆ ဇွန် ၂၀၂၃

မြန်မာနိုင်ငံသားနှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၃)သိန်းကျော်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင်ခရိုင်အတွင်း ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ကြာသပတေးနေ့ညက ဆွမ်လမ်ယိုင်အနီးမှာ နယ်စပ်ဖြတ်ကျော်လာတဲ့ ကျောပိုးအိတ်လွယ်ထားကြတဲ့ မသင်္ကာစရာ (၃)ဦးကို  ထိုင်းနိုင်ငံ ဖမောင် အထူးတပ်ဖွဲ့မှစစ်သားတွေက ခြေရာခံမိခဲ့ပါတယ်။ ထိုင်းစစ်သားတွေက သူတို့ကို ရပ်တန့်ဖို့ အချက်ပြပေးမယ့် သူတို့က ချက်ခြင်း ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့နောက်ထပ်ချပ်မကွာလိုက်တဲ့ အခါ သူတို့အထဲက နှစ်ဦးကိုဖမ်းမိပြီး အဲဒီနှစ်ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

သူတို့နှစ်ဦးရဲ့ ကျောပိုးအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း   ၃၄၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ကို နာဝိုင်းရဲစခန်းကို လွှဲပေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 မူးယစ်ဆေးဝါးဖောက်ကားကြတဲ့ အုပ်စုငယ်ကလေးတွေဟာ သဘာဝနယ်စပ်နေရာတွေနေ ထိုင်းနိုင်ငံဘက်ကို မူးယစ်ဆေးဝါးတွေ မှောင်ခိုသွင်းနေကြတယ်လို့ ထိုင်းထောက်လှမ်းရေးက သတင်းရတဲ့အတွက် နယ်စပ်ဒေသ တလျောက်မှာ  လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-ဘန်ကောက်ပို့စ်

#Thai_Myanmar_Border

#စိတ်ကြွမူးယစ်ဆေးပြား_မြန်မာနိုင်ငံသား_ထိုင်းမြန်မာနယ်စပ် 

#YangonMediaGroup

#YangonTimes