#Local_News
Published_ 16 June2023

ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာလုပ်သား (၁၁၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန်လ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက် မှ ဇွန်လ(၁၅)ရက်အတွင်းစိစစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ(၃၅၂)ခု နှင့်ပတ်သက်သည့် အချက် အလက် များအသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) နီးပါး၊  အမျိုးသမီး(၇၀၀) ကျော် စုစုပေါင်းဦးရေ(၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။

ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/
ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီးစိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ၃၁ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) ကျော်၊ မြန်မာလုပ်သားအမျိုးသမီး (၇၀၀) ကျော် စုစုပေါင်း(၁၂၀ဝ) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
#ymg/BM
#Local_News #ဂျပန်ကုမ္ပဏီ ၃၅၀ ကျော် # မြန်မာလုပ်သား(၁၁၀၀) ကျော်ခေါ်ယူ
#YMG #Yangon_Media_Group