#Local_News
Published_ 13 May 2023
ရန်ကုန်မြို့ရှိ သဗ္ဗာန်ဆိပ်တွေမှာ လတ်တလော မုန်တိုင်းအရှိန်သက်ရောက်မှုရှိချိန်မိုးသည်းချိန်၊ လေပြင်းတိုက်ချိန်တွေမှာ ယာယီရပ်နားထားမှာ ဖြစ်တယ်လို့ သဗ္ဗာန်ဆိပ်မှသဗ္ဗာန်မောင်းနှင်သူတွေထံမှ သိရပါတယ်၊၊
#Local_News #မုန်တိုင်းသက်ရောက်မှုရှိချိန် #ရန်ကုန်မြစ်တွင်းရှိသဗ္ဗာန်များ #ယာယီရပ်နားရန်ရှိ #YMG #Yangon_Media_Group
#Health_Matters
Published_ 13 May 2023
- ဒေသတွေရဲ့မတူညီကြတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေကြောင့် မျိုးဆက်ပွားကျန်းမာရေး ဆောင်ရွက်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ ??
#Health_Matters #ရပ်ကွက်ထဲကမျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 13 May 2023
၁။ မုန်တိုင်းသက်ရောက်မှုရှိချိန်များတွင် ရန်ကုန်မြစ်တွင်းရှိသဗ္ဗာန်များ မောင်းနှင်ခြင်းယာယီရပ်နားရန်ရှိဟုဆို
၂။ လေပြင်းတိုက်ခတ်သဖြင့် ပန်းဆိုးတန်း-ဒလ သင်္ဘောများသွားလာမှုခေတ္တရပ်တန့်
၃။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၉၁၀ ကျပ်ဖြင့် အကျပိုင်းရောက်နေ
၄။အမေရိကန်ဆိုက်ဘာတိုက်ခိုက်မှုများသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကိုချိုးဖောက်ရာကျကြောင်း ထိုင်းပညာရှင်တစ်ဦးထုတ်ဖော် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 13 May 2023
- မျိုးဆက်ပွားကျန်းမာရေးအစီအစဉ်တွေကို ဘယ်သူတွေက လက်တွေ့လည်ပတ်ဆောင်ရွက်သင့်သလဲဆရာ ??
#Health_Matters #ရပ်ကွက်ထဲကမျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
မုန်တိုင်းဘေးအန္တရာယ်ရှိသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ မြေနိမ့်ပိုင်းကျေးရွာများမှ ပြည်သူ(၄၈၀၀၀)ကျော်အား ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်၊၊
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဥ်ဆောင်ရွက်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင် မြေနိမ့်ပိုင်းတွင် ကျရောက်သော ကျေးရွာအုပ်စု(၂၈)အုပ်စုနှင့် ကျေးရွာပေါင်း(၅၈)ရွာ၊ အိမ်ထောင်စု(၁၀၁၀၆)စုမှ လူဦးရေ (၄၈၉၂၅)ဦးကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာများရှိ စာသင်ကျောင်းဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်၊၊
မြေနိမ့်ပိုင်းကျေးရွာများတွင်နေထိုင်ကြသည့်ပြည်သူအချို့ပြောင်းရွေ့နေကြပြီဖြစ်ပြီ ကျန်လူများမှာလည်း ဆက်လက် ပြောင်းရွေ့နေကြကာ ကားများ၊ စက်လှေများဖြင့် အိမ်ထောင်စုအလိုက် ပြောင်းရွေ့ ဆောင် ရွက်လျက်ရှိသည်၊၊
ယင်းသို့ရွှေ့ပြောင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာလူမှုရေး အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

#ymg/tthl #Local_News #ရသေ့တောင် #မြေနိမ့်ပိုင်းကျေးရွာ #မုန်တိုင်းဘေးလွတ်ရာသို့ ပြောင်းရွေ့ပေး #YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရန်ကုန်၊ မန္တလေးနှင့်ဧရာဝတီတိုင်းတို့မှာ မေလ (၁၃) ရက်ကစပြီးမိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ ချောင်းရေကျော်တာတွေ စတင်ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း #မိုးသက်လေပြင်းကျပြီး သဘာဝဘေးစတင်ဖြစ်ပေါ် #YMG #Yangon_Media_Group
#Local_News
Published_ 13 May 2023
မုန်တိုင်းအန္တရာယ်ရှိပြီး အနီရောင်အဆင့်သတ်မှတ်ထားတဲ့ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့ပေးနေ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မြောက်ဦးမြို့နယ်ထဲက ဘာညိုကျေးရွာအုပ်စု၊ မညင်းချောင်းကျေးရွာ၊ တာဘွေကျေးရွာ၊၀က်ခမောက်ကျေးရွာစတဲ့ကျေးရွာများက အိမ်ထောင်စုများကိုမေလ ၁၃ ရက်နေ့မနက် ၈ နာရီအချိန့်ခန့်က ပြောင်းရွှေ့ပေးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါမုန်းတိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုတွေကို ဘေးလွတ်တဲ့နေရာဖြစ်တဲ့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၌ခေတ္တပြောင်းရွှေ့နေတာဖြစ်သည်။
မုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်ပြီး အနီရောင်အဆင့် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
အနီရောင်အဆင့်ကို မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားပေမယ့်လည်းအခုဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”ဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးကနေ အားအလွန်ကောင်းသည့်အဆင့်ဖြင့် ဖြတ်ကျော် နိုင်တဲ့အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။



#ymg/ynzw #Local_News #မြောက်ဦးမြို့နယ် #ကျေးရွာတချို့ဘေးလွတ်ရာပြောင်းရွေ့
#YMG #Yangon_Media_Group
Page 1428 of 2362