#Local_News
Published_ 16 May 2023
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ဓမ္မာရုံပြိုကျ၍ ၁၃ဦးသေဆုံးကြောင်း လူမူကွန်ယက်မှာပြန်နှံ့နေကြောင်းသိရသည်။
ယခင်လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေ၏ လူမူကွန်ယက်စာမျက်နှာမှာတော့ ဒုံးပိုက်ကျေးရွာတွင် သေဆုံးသူ၁၃ဦးရှိပြီး အမျိုးသား ၄ဦး အမျိုး သမီး၉ဦးဖြစ်ကြောင်းဖော်ပြထားသည်။သေဆုံးသူအမျိုးသမီး ၉ဦးထဲတွင် အသက်၇ နှစ်အရွယ်မိန်းကလေး တစ်ဦးပါရှိကြောင်း ပြောဆိုထားသည်။
နစကအစိုးရ၏ မေလ ၁၅ရက်နေ့ကောက်ယူဆဲကနဦးစာရင်းများအရ ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့်ဒေသ(၈)ခုတွင်လူ(၃)ဦးသေဆုံး၊လူနေအိမ်(၈၆၄)လုံးနှင့်တာဝါတိုင်(၇)ခု၊လမ်းမီးတိုင်(၇၁)တိုင်၊အဆောက်အဦ (၁၄၃)ခုထိခိုက်ပျက်စီး၊ရခိုင်(၇)မြို့နယ်နှင့်ချင်း(၁)မြို့နယ်တို့၌စာရင်းကောက်ယူဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group


#Local_News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၆/အနောက်ရပ်ကွက် ဇဗ္ဗူသီရိ(၄)လမ်းထိပ်တွင် မေလ ၁၅ရက်နေ့ နေ့လည် ၁၂နာရီကျော်ခန့်အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါရုပ်အလောင်းကို ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ပြီးခဲ့ရာ ပြင်ပဒါဏ်ရာများမရှိပဲ သေဆုံးနေသော အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအားတွေ့ရှိရခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါသေဆုံးသူအမျိုးသား၏မိသားစုဝင်များကိုဆက်သွယ်၍မရသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးမူတွေပြုလုပ်ခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှတာ၀န်ခံက YMG ကိုပြောသည်။
ယင်းရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့်ပင် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group



#Local News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် မေလ ၁၆ရက် (ယနေ့ ) မနက် ၁၀နာရီခန့်က YBS(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။
အဆိုပါ YBS ဟာ OMINI FOCUS ကုမ္ပဏီပိုင်ကားဖြစ်ပြီး Foton အမျိုးအစား Aircon ကားဖြစ်ကြောင်းသိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းကိုအသေးစိတ်မသိရှိရသေးသော်လည်း ကားနောက်အင်ဂျင်ခန်းကနေ အပူလွန်ကာစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ခရီးသည်တစ်ဦးကပြောသည်။
အဆိုပါYBS အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ymg/ynzw
#YMG #Yangon_Media_Group

#Local_News
Published_ 16 May 2023
မိုခါမုန်တိုင်းကြောင့် လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ခံစားရသော ပြည်သူများအား လိုအပ်သလိုကူညီနိုင်ရန်အတွက် နိုင်ငံတော်သို့ ကျပ်သိန်းပေါင်း ၁၂၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလ ၁၅ရက်နေ့က ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်ကုမ္ပဏီများမှ ကျပ်သိန်းပေါင်း - ၁၂,၆၀၀/ ကျပ် (ကျပ်သိန်းပေါင်း တစ်သောင်းနှစ် ထောင့်ခြောက်ရာကျပ်) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှထုတ်ပြန်ထားသည်။
နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်း သဖြင့် လက်ခံထားပြီးဖြစ်သော်လည်း ရှိပြီးသား ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောဆိုထားသည်။
ယင်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ymg/ynzw
#YMG #Yangon_Media_Group

#Local_News
Published_ 16 May 2023
စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အုတ်နံရံပြိုလဲ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မေလ ၁၄ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များ လဲကျခြင်း၊ သစ်ပင် သစ်ကိုင်း လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးခဲ့ရာတွင်စစ်တွေမြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ် အုတ်နံရံ ပြိုလဲခြင်းကြောင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ymg/pl
#Local_News #စစ်တွေမြို့ #ကူညီကယ်ဆယ်ရေးလုပ်ငန်းများ #အုတ်နံရံပြိုလဲ #လုံခြုံရေးတပ်ဖွဲ့ဝင်၃ဦးသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းအန္တရာယ်မှ လာရောက်ခိုလှုံနေကြသည့် မြစ်ကမ်းနီးစပ် ကျေးရွာများမှ နေထိုင်သူများအနေဖြင့် ယနေ့ (မေ ၁၅ ရက်)နံနက်ပိုင်းတွင် နေရပ်ပြန်ရန် ပြင်ဆင်နေကြောင်း နှလုံးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲထံမှ သိရပါတယ်။
#လပွတ္တာမြို့ #မုန်တိုင်းရှောင်ပြည်သူများ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီ ဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို ကျဆင်းခဲ့ပြီး၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်းယ နေ့ ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်
#Local_News #စက်သုံးဆီဈေးနှုန်း #အကျဘက်ဆက်လက်တည်ရှိ
#YMG #Yangon_Media_Group
Page 1424 of 2362