Published_ 25 April 2023
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဧပြီလ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကြမည့်မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ ကထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်း တင်သွင်းနိုင်ကြ မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မား ဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်း ကြိုးပမ်းသွားကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အားကစားကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိနေသောကြောင့်နစက မတိုင်မီက ရှိသော ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်က စ၍ ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟု သီးခြားစီခွဲကာ ဖွဲ့စည်းခဲ့ကြောင်း၊ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား အသက်(၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ်ကျပ်တစ်ရာ ငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယ အဆင့် ၃၉ ဦးနှင့် လူမှုထူးချွန် တတိယအဆင့် ၆၉ ဦး တို့ကိုပေးအပ် ချီးမြှင့် ခဲ့ပြီး ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအနေဖြင့်လည်း မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ် အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည် ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြို နေမည်ဖြစ် ကြောင်း လည်း ပြောကြားခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးက အားကစား နည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ymg/pl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်
#မြန်မာ့အားကစား



#Local_News
Published_ 25 April 2023
ဧပြီလကုန်ပိုင်းမှာ ဒေသအချို့မှာ မုတ်သုန်ကြိုမိုးတွေရွာသွန်းတာနဲ့ မိုးတိမ်တောင်တွေကြောင့်မိုးရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာတွေ ထပ်ကြုံနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ဧပြီလကုန်ပိုင်း #မုတ်သုန်ကြိုမိုး #မိုးသက်လေပြင်း
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ဧပြီလ ၂၄ကနေ မေလ ၁ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၆၈၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်ထဲမှာတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ခန့် ရှိနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
#Local_News #စားသုံးဆီ #ရည်ညွှန်းသတ်မှတ် #ပြင်ပပေါက်ဈေး
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှုက အများဆုံးပါဝင်နေတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မူဆယ်နယ်စပ် #တရုတ်နိုင်ငံ #ငါးရှဉ့်တင်ပို့မှု
#YMG#Yangon_Media_Group
#Daily_News
Published_ 25 April 2023
၁။ မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှု အများဆုံးဖြစ်နေ
၂။ စားသုံးဆီတစ်ပိဿာ ၄၆၈၀ကျပ် ရည်ညွှန်းသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ဝန်းကျင်ခန့်ရှိနေ
၃။ ဧပြီလကုန်ပိုင်းတွင် မုတ်သုန်ကြိုမိုးနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုများ ထပ်ကြုံနိုင်
၄။ တရုတ်လျှပ်စစ်ကားများ တွင်ကျယ်လာခြင်းကြောင့် လောင်စာဆီသုံးယာဉ်များ အဆုံးသတ်ရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 April 2023
ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၉၆ ဒေါ်လာနဲ့ဈေးဖွင့်လာပြီး ဧပြီလ ၂၅ ရက်နေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းများအသင်းရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ ၂၃ သိန်း ၅ သောင်းကျော် ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဧပြီလ ၂၅ ရက်နေ့ရဲ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၉ သိန်း ၈သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရန်ကုန်ရွှေအသင်း
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ယခု တစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထား တစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့ အနည်းကျငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော်နေဆဲဖြစ်ကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီ ၂၅ ရက်၊ ဈေးနှုန်းများအရ ရန်ကုန်မြို့၌ အောက်တိန်း ၉၂ တစ်လီတာ ၂,၀၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၁,၉၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၀၆၅ ကျပ် ဖြစ်သည်။
ယင်း ပေါက်ဈေးများမှာ ပြီးခဲ့သည့် တစ်ပတ်တာဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ဓာတ်ဆီ ၁၃၀ ကျပ်၊ ဒီဇယ် ၈၅ ကျပ် စီနှုန်းထားဖြင့် အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ စက်သုံးဆီဈေးနှုန်းများမှာလည်း အောက်တိန်း ၉၂ တစ်လီတာ ၂,၀၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂,၀၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂,၁၁၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးကော်မတီ PPRD ၏ ရည်ညွှန်းဈေးများအရ သိရသည်။
ယခုဖော်ပြသည့် ရန်ကုန်၊ မန္တလေးမြို့များ၏ စက်သုံးဆီဈေးနှုန်းများသည် တိုင်းနှင့် ပြည်နယ်များအနက် အနိမ့်ဆုံးဈေးများဖြစ်ပြီး ဒေသအလိုက်ကွာဟမှု ရှိနေဆဲဖြစ်သည်။
#ymg/ppk #Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon-Media-Group
Page 1421 of 2315