#Local_News
Published_ 31 october 2022
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ မင်းလမ်းကျေးရွာအုပ်စုရှိ တောင်ကြီး-ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်တွင် အောက်တို ဘာလ ၃၀ ရက်၊ ညပိုင်းက လမ်းဘေး၌ ရပ်ထားသည့် ၁၀ဘီးကားအား လိုက်ထရပ်ကားမှ ဝင်တိုက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယမန်နေ့ ည ၇ နာရီ ၅၄ မိနစ်ခန့်တွင် တောင်ကြီး- ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်၌ TOYOACE လိုက်ထရပ်(အဖြူရောင်) ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စက်ပျက်၍ရပ်ထားသည့် NISSAN DIESEL (အဖြူရောင်) ၁၀ ဘီးကားအား အနောက်က ဝင်တိုက်မိခဲ့သည်။
ယင်းကဲ့သို့ တိုက်မိမှုကြောင့် လိုက်ထရပ် ကားခေါင်းခန်းအတွင်း လူညပ်နေကြောင်းသတင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ကားခေါင်းခန်းအတွင်းညပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိနေသောကြောင့် အလင်းရောင်လူမှုကူညီရေးအသင်းကားဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media _Group
#Local_News
Published_ 31 October 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၂၈ ရက်က စ၍ MV MCL-7 ပင်လယ်ကူး သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ G to G သဘောတူစာချုပ်အရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့်ဘ င်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူစာချုပ် ချုပ်ဆိုထားပြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဆန်တန်ချိန် သုံးသောင်းမှ ငါးသောင်းတင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်မှစ၍ ဧည့်မထဆန် (၅မတ်) 50kg ဆန် တန်ချိန် ၂၆၅၀ ကို စတင်၍ သင်္ဘောတင်နေခြင်းဖြစ်ပါတယ်။
ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၃၁ ရက်နေ့အပြီး တင်ဆောင်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-7 ကုန်တင်သင်္ဘော ထွက်ခွာမည်ဖြစ်ကာ သင်္ဘောများ တစ်စီးဝင် တစ်စီးထွက်စနစ်ဖြင့် ဆက်လက် တင်ပို့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 31 October 2022
အောက်တိုဘာလတွင် ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၅၀၅ သန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပဲခူးတိုင်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၂ ဒသမ ၉၂၆ သန်းနှင့် ပြည်တွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းငွေကျပ် ၆၄၉၀၈ ဒသမ ၂၁၅ သန်း ရှိပြီ ဖြစ်ပါတယ်။
ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှုရှိခြင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာ ကင်းရှင်းခြင်း၊ မြေနေရာကျယ်ဝန်း ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးချဲ့နိုင်ရေး အားပေးနေခြင်းနှင့် အေးချမ်းတည်ငြိမ်ခြင်း စတဲ့အခွင့်အလမ်းကောင်းများကို ရရှိနိုင်တယ် လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အောက်တိုဘာ ၂၈ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်းစက်ရုံ (၂) ရုံနှင့် ကုန်ပစ္စည်းထပ်မံမှာယူခြင်းစက်ရုံ (၁) ရုံ၊ တည်ဆောက်ရေးကာလ သက်တမ်းတိုး စက်ရုံ (၁) ရုံနှင့် စက်ရုံအဆောက်အဦ တိုးချဲ့ခြင်း စက်ရုံ (၁) ရုံတို့၏ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လူဦးရေ ၇၅၁၈ ဦးကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 30 October 2022
ကုလသမဂ္ဂ၏ ချို့ယွင်းမှုများရှိသော အစီရင်ခံစာများနှင့် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် နိုင်ငံအချို့၏ မြန်မာနိုင်ငံပြည်တွင်းရေး စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချ၍ ပြတ်သားစွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားပါတယ်။
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ) ၌ အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီး ပြုလုပ်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ၏အစီရင်ခံစာပါ အကြောင်းအရာ တစ်ခုလုံးနီးပါးသည် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ်ထားသည်ဆိုသည့်သူများ၏ သိမ်းကြုံးစွပ်စွဲပြောကြားချက်များကို တိုက်ရိုက်ပြန်လည်ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။
အလားတူ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Thomas Andrews ၏ အစီရင်ခံစာတွင်လည်း အပြုသဘောဆောင်သော ဖော်ပြချက်တစ်ခု တစ်လေမျှမပါဝင်ဘဲ အပျက်သဘောဆောင်သည်များကိုသာ ချဲ့ကားဖော်ပြထားသည်ကို တွေ့ရတယ်လို့ဆိုပါတယ်။ Thomas Andrews အား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ်တွင်လည်း အသိအမှတ်ပြုခြင်းမရှိသကဲ့သို့ ပြည်ဝင်ခွင့်လည်း မပြုခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အပြစ်မဲ့ပြည်သူ ၄,၀၇၃ ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် မျက်ကွယ်ပြုလျစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအမည်ခံ အထူးကိုယ်စားလှယ်နှင့် အထူးအစီရင်ခံစာတင်သွင်းသူများ၏ ဆောင်ရွက်ချက်များသည် ဓမ္မဓိဋ္ဌာန်ကျမှုမရှိဘဲ ဘက်လိုက်မှုရှိကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ မှန်ကန်မှုမရှိတဲ့ သတင်းအချက်အလက်များနှင့် ချဲ့ကားထားတဲ့အချက်များကိုအခြေခံ၍ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရရှိရန် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ အပြန်အလှန်ဆွေးနွေးမှုများသည် ကုလသမဂ္ဂအနေဖြင့် ဘက်မလိုက်သော၊ ပညာရှင်ဆန်သော ယင်း၏ကိုယ်ပိုင်ဝိသေသ လက္ခဏာများကို ကိုယ်တိုင်ပြန်လည်ဖျက်ဆီးနေပြီး ဂုဏ်သရေညှိုးနွမ်းစေတဲ့ လုပ်ရပ်များသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 30 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဇော်ထက်ဟန်(အဆိုတော်)နှင့်အတူ
-"ငယ်စဉ်ကတည်းက သီချင်းတွေကိုကြိုက်နှစ်သက်ပြီး တူရိယာ ၇ မျိုးကို တီးခတ်တက်သူဖြစ်ကြောင်း
-တစ်ကိုယ်တော်အယ်ဘမ် ၅ ခုနှင့် စုပေါင်းအခွေ ၄ ခုထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင်ကိုယ်ပိုင်တီးဝိုင်းဖြင့် သီချင်းတွေဖန်တီးလျှက်ရှိကြောင်း အခွင့်အခါသင့်ရင် တစ်ကိုယ်ဖျော်ဖြေပွဲလုပ်ချင်တဲ့ဆန္ဒရှိကြောင်း
-၁၂ နှစ်သားအရွယ်ကတည်းက ပန်းချီစဆွဲခဲ့ပြီး ပုံတူပန်းချီများစွာရေးဆွဲဖြစ်ခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_30 October 2022
ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးဟာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို သိန်း ၂၀ အောက်ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 30 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဇော်ထက်ဟန်(အဆိုတော်)နှင့်အတူ
-"ငယ်စဉ်ကတည်းက သီချင်းတွေကိုကြိုက်နှစ်သက်ပြီး တူရိယာ ၇ မျိုးကို တီးခတ်တက်သူဖြစ်ကြောင်း
-တစ်ကိုယ်တော်အယ်ဘမ် ၅ ခုနှင့် စုပေါင်းအခွေ ၄ ခုထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင်ကိုယ်ပိုင်တီးဝိုင်းဖြင့် သီချင်းတွေဖန်တီးလျှက်ရှိကြောင်း အခွင့်အခါသင့်ရင် တစ်ကိုယ်ဖျော်ဖြေပွဲလုပ်ချင်တဲ့ဆန္ဒရှိကြောင်း
-၁၂ နှစ်သားအရွယ်ကတည်းက ပန်းချီစဆွဲခဲ့ပြီး ပုံတူပန်းချီများစွာရေးဆွဲဖြစ်ခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1421 of 1980