#Local_News
Published_ 26 April 2023
ရန်ကုန် အင်းစိန် ခုံးတံတားအောက် အမျိုးသား ၁ ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးမှု ဖြစ်ပွါးခဲ့တယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
အင်းစိန် ခုံးတံတားအောက်တွင် အိမ်ခြေရာမဲ့ သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်း တွေ့ရှိကြောင်း ဧပြီ ၂၅ ရက်နေ့ ညပိုင်းက တာဝန်သိပြည်သူများမှ ဆက်သွယ် အကြောင်းကြားလာလို သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
သေဆုံးနေသည့် အမျိုးသားမှာ ခန့်မှန်းအသက်-၄၀ ဝန်းကျင်ခန့်ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိသေဆုံးသူ အမျိုးသားရုပ်အလောင်း အား PR-013 နံပါတ် ဖြင့် အင်းစိန် ရင်ခွဲ ရုံ သို စနစ် တကျ ထုတ်ပိုးပို့ဆောင်ခဲ့ကြောင်း သိရသည်။


#ymg/ppk #Local_News #ရန်ကုန် #အင်းစိန်ခုံးတံတားအောက် #သေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 26 April 2023
အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားခြင်း ခံထားရသော ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို ပြန်လည်ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။
မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် အတွက် ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်းက Black List စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖြေလျော့ပေးခဲ့ခြင်းကြောင့် စစ်ဆေးခံခဲ့ရသည့် အေဂျင်စီ ၁၃၃ ခုထဲတွင် အေဂျင်စီ ၁၆ ခု အနေဖြင့် လာမည့် မေလ ၂ ရက်မှ စတင်ကာ နဂိုအတိုင်း အလုပ်ခေါ်စာ အသစ်များလက်ခံ၍ စာချုပ်အသစ်များချုပ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း၊ ကျန်အေဂျင်စီ ၁၁၇ ခု အနေဖြင့် အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုရာ၌ ကန့်သတ်အနေဖြင့် အလုပ်သမား ၁၀၀ ဦးသာချုပ်ဆိုခွင့်ပြုကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ကိုင်နေသူများထံမှ သိရသည်။
#ymg/pl #Local_News # အေဂျင်စီ
#YMG #Yangon_Media_Group
#Local_News
Published-25 April 2023
နစကလက်ထက်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားကြောင်း ဧပြီလ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် မေလဆန်းပိုင်း၌ ပထမဆုံးအကြိမ် ကျင်းပရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များအပြင် Parallel Session နှင့်အတူ Themes, Sub-themes iPresentation ၊ အမေးအဖြေ နှင့် အကြံပြုချက် ကဏ္ဍများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားသည့်အပြင် ဆရာ၊ ဆရာမများ ဒေသခံများအတွက်လည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက်လည်း အလားတူ ထောက်ပံ့ ပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက် ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့် မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆)လဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁သိန်းကျော်ခန့် နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်ခွင့် ပြုပေးထားခဲ့ကြောင်း၊ BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ခုနှစ် ကို ပြန်ကြည့်မည်ဆိုပါက BEတွင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၂၁ သိန်းကျော်နှင့် RE တွင်ငွေကျပ်သန်းပေါင်း ၂၂သိန်းကျော် တိုးမြှင့်ပေးခဲ့ကြောင်း၊ GDP ရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုပါက ၁ ဒသမ ၇၃ရာ ခိုင်နှုန်း နှင့် RE တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ရှိပြီး၂၀၂၃ - ၂၀၂၄ ခုနှစ် BE ၏ ခွင့်ပြု ငွေကို ကြည့်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၂၁ ဒသမ ၈သိန်းကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည့်အပြင် ဆရာ၊ ဆရာမများ နှင့်ပတ်သက်၍ ၂၀၂၁ အောက်တိုဘာလမှစတင်၍ ပါရဂူဘွဲ့အတွက် ငွေကျပ်သုံးသောင်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်တစ်သောင်း ထောက်ပံ့ ခဲ့ပြီး ကျောင်းအလိုက် အုပ်ချုပ်မှုစရိတ်များကိုလည်း ထောက်ပံ့ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးက သိရသည်။
ညီလာခံအတွင်း ကာလတို၊ ကာလလတ်စီမံကိန်းများတွင် နောင် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များ နှင့် ကောင်း မွန်သည့် ပညာရေး အခြေအနေများ ရရှိစေရန် ဝိုင်းဝန်းဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #နစက #ပညာရေးကဏ္ဍ #ဘတ်ဂျက် #နစကဒုဥက္ကဌ
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက်ပြီးစီးမှု၊ အဝင်မုဒ်ဦးများ တည်ဆောက် ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင် တည်ဆောက် ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာသို့ ပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁၊၂၊၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက် ကရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက် သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌ အမှူးပြုသည့် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဒါယကာ၊ ဒါယိကာမများ၊ ဘုရား စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသော အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီလ ၂၇ နှင့် ဖေဖော်ဝါရီလ ၁၀ ရက် တို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော် ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကသိရှိနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာ ဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
အလားတူ ကမ္ဘာပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုအခါ သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #၉၅ရာခိုင်နှုန်းပြီး
#YMG #Yangon_Media_Group










Published_ 25 April 2023
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု ကိုထုတ်ပြန်ပေးလျက်ရှိရာ လူနာသစ်တွေ့ရှိမှု ၃ ရက်ဆက်တိုက် မြင့်တက်လာကြောင်း တွေ့ရှိရပါတယ်။
ဧပြီ (၂၃) ရက်နေ့ထုတ်ပြန်မှုတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး၊ (၂၄) ရက် နေ့တွင် (၅၁) ဦး၊ (၂၅) ရက်နေ့တွင် လူနာသစ် (၇၁) ဦးတွေ့ရှိရသဖြင့် ၃ ရက်ဆက်တိုက် ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ် ပွားမှုများလည်းပါဝင်ကာ မြန်မာနိုင်ငံ၌လည်း ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည်ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့ တဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါ ကြောင့်သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၌ ဧပြီ (၂၅) ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၃၁၆,၄၈၆) ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၄၇၁) ဦး ရှိပြီပါတယ်။
ygm_mnn
#Yangon_Media_Group
#Covid-19_Myanmar
Published_ 25 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်အတွင်း PDF အဖွဲ့ဝင် ၇ ဦး ကို လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၀ ခု၊ ကျည်မျိုးစုံ ၁၆၀၇ တောင့်၊ ၄၀ မမ ဗုံးသီး ၂၄ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆ လုံးတို့ဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းက သန်လျင်မြို့နယ်၊ ပေါက်တောကျေးရွာအနီး ပိတ်ဆို့ရှာဖွေရှင်းလင်း ခဲ့ရာ ခရမ်း PDF အဖွဲ့ဝင် ရီထွေးအား AK-47 ၁ လက်၊ Type-056 ၁ လက်၊ Glock-19 ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၇.၆၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၆၉ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၁၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာအိမ်ရာ၊ တိုက်အမှတ်(C)၊ (၄)လွှာ၊ အခန်း (၄၀၉)မှထက်ရဲလင်း(ခ)အေးမောင်၊ စိုးထက်အောင်(ခ) သာလိကာ၊ ကျော်မင်းထက်(ခ)စာကလေးတို့ ၃ ဦးကိုလည်းကောင်း၊ယင်းနေ့ ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊တိုက်အမှတ်(၃၆)၊ (၄)လွှာ၊ အခန်း(A)၌ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မိုးပြည့်စုံကျော် (ခ)ဒေဝ(ခ)မှတ်ကြီး၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသားနှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေး တို့ ၃ ဦးကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ ထက်ရဲလင်း(ခ)အေးမောင်၏ ထွက်ဆိုချက်အရ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် ခရမ်းမြို့နယ်၊ မကျည်းကုန်းကျေးရွာနှင့် သုံးခွမြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံထားသော BA-63၂ ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၂၅ တောင့်ကိုလည်းကောင်း၊ ခရမ်းမြို့နယ်၊ ညောင်ပင် ကျေးရွာနှင့် အလယ်ကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံ ထားသော ပွိုင့်- ၃၈၀ ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-22 ၁ လက်၊ ပွိုင့်- ၃၀ ကာဘိုင် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၇ တောင့်၊ ၉ မမ ကျည် ၈ တောင့်၊ ပွိုင့်-၃၀ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၁၂၀ တောင့်၊ ၇.၆၂ ကျည် ၂၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ပစ္စတို ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၀ ကာဘိုင်ကျည်အိမ်(အရှည်/အတို) ၂ ခု၊ M-4 ကာဘိုင်ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး တို့ကိုလည်းကောင်း၊ ဧပြီလ ၂၄ ရက် ညပိုင်းတွင် ခရမ်းမြို့နယ်၊ ကန်သာကျေးရွာ၏ အနောက်ဘက်ရှိ ကောက်ရိုးပုံအတွင်းမှ M-16 ၂ လက်၊ M4A1 ၁ လက်၊ ၁၂ ဗို့ ၁ လက်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၂၆ တောင့်၊ ၉ မမ ကျည် ၆၈ တောင့်၊ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ၇.၆၂ ကျည် ၁၉၆ တောင့်၊ ၁၂ ဗို့ကျည် ၄၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ စနိုက်ပါကျည်အိမ် ၁ ခု၊ M-22 ကျည်အိမ် ၁ ခု၊ M-16 ကျည်အိမ် ၃ ခု၊ ၁၂ ဗို့ကျည်အိမ် ၂ ခု၊ M4A1 ကျည်အိမ် ၂ ခုတို့ကို လည်းကောင်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ymg/pl
#YangonMediaGroup
#ခရမ်းPDF
#မြန်မာ့နိုင်ငံရေး



#Local_News
Published_ 25 April 2023
ရုံတင်ဇာတ်ကားတွေပါတဲ့ ထုတ်လုပ်သူတွေ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ဧပြီ(၂၆)ရက်မှ (၂၈)ရက်အထိ အကယ်ဒမီဆုပေးပွဲဖိတ်ကြားလွှာတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်၊၊
#Local_News #ရုံတင်ဇာတ်ကား #အနုပညာရှင် #အတတ်ပညာရှင် #အကယ်ဒမီဆု
#YMG#Yangon_Media_Group
Page 1420 of 2315