#Local_News
Published-24 June 2023


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီးတွင် ဆိုင်ကယ်၂ စီးအရှိန်ဖြင့်ဝင်တိုက်မိ၍ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီး၊‌ ဒေါင်ဇရပ်ရတနာပုံတည်းခိုခန်းအနီးတွင် ဇွန်လ ၂၃ ရက်၊ ည ၈ နာရီအချိန်ခန့်က အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား၁ ဦးမှာထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူအမျိုးသားအား အဆိုပါ လူမှုကူညီရေးအသင်းမှ လိုအပ်သည်များပြုစုပေး၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

"ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၃ ဦးကတော့ စိုးရိမ်စရာမရှိပါဘူး။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ပြီး ခဏအကြာမှာ သေဆုံးသွားပါတယ်"ဟု အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။

 

#Local_News #ဆိုင်ကယ်နှစ်စီး အရှိန်ဖြင့်ဝင်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
#Yangon_Times/BM