#Local_News
Published_2 December 2022
G to G စနစ်အရ မြန်မာနိုင်ငံကနေ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 December 2022
လတ်တလောမှာ လျှပ်စစ်မီးလာတဲ့အချိန်နည်းပါးနေဆဲမို့ မီးစက်အသုံးပြုရတာတွေများနေတဲ့အတွက် ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတွေအခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 2 December 2022
၁။ မီးစက်အသုံးပြုရမှုများနေ၍ ပုဂံဒေသရှိဟိုတယ်များ အခက်တွေ့နေ
၂။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန်တစ်သိန်းကျော် တင်ပို့ထား
၃။ ငါးသလောက်တွေကို ဖမ်းဆီးမှုနည်းစနစ်ပြောင်းပြီး မျိုးစိတ်သုတေသနလုပ်ငန်းများဖြင့် ပြည်ပသို့တင်ပို့နေ
၄။ ယူနက်စ်ကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သူများကို မကြာမီထုတ်ပြန်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 2 December 2022
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ လက်ရှိ တစ်လအတွင်းမှာပဲ အမြင့်ဆုံးကို ရောက်ရှိနေပါပြီ။
#Yangon_Media_Group
#Local_News
Published_2 December 2022
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ဘက်ခြမ်း၊ မဟာဗန္ဓုလတံတားတွင် ကွန်တိန်နာယာဉ် ၊ Mark II အမျိုးအစားယာဉ်၊ Hyundai အမျိုးအစားယာဉ်၊ Probox အမျိုးအစားယာဉ်နှင့် Hijet အမျိုးအစားယာဉ်တို့ ဆင့်တိုက်မှု ယနေ့ ဒီဇင်ဘာလ ၂ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနက် ၁၁ နာရီ ခွဲ ၁၂ နာရီ ထိုးတော့မယ်၊ အဲဒီအချိန်မှာ သတင်းရလို့ သွားတာပါ၊ တံတားကို ဒေါပုံဘက်က အတက်မှာဖြစ်တာ၊ လူတွေတော့ သေတာပျောက်တာမရှိဘူး၊ ကားတွေတော့ ပျက်စီးတာပေါ့"ဟု သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 December 2022
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲကို တပ်မတော်(ရေ) တက်ရောက်မည် ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁ ရက်တွင် တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)ရေယာဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR) သို့ မြန်မာ့ တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့က စစ်ရေယာဉ်- အောင်ဇေယျဖြင့် တက်ရောက်ခဲ့ကြသေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 December 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လုပ်ကြံခံသူများနှင့်ဘဏ်အား ဓားပြတိုက်ရန် စီစဉ်သူများကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းဖြစ်စဉ်မှ ဝေယံကောင်းထက်(ခ)Lu Aye ဆိုသူကို နိုဝင်ဘာလ ၂၆ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် ၎င်း၏နေအိမိပေါ်မှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ) သော်ထွန်းအောင်နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွား၊သက်ဇော်အောင်(ခ) အောင်လေးတို့ကိုလည်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဝေယံကောင်းထက်(ခ)Lu Aye ၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ရန်စီစဉ်ထားရှိကြောင်း ၊ ယင်းအပြင် ၎င်းတို့၏အဖွဲ့ဝင်များဖြစ်သော သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း ၊ ညီမင်းထွန်း တို့ကိုလည်း နိုဝင်ဘာလ ၃၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ယင်းတို့ လူကူးကုန်းကျော်တံတားပေါ်၌ စုဝေးလျက်ရှိကြောင်းဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း တို့ ၃ ဦးကို လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ညီမင်းထွန်း အား လက်နက်ငယ်ကျည်ထိ မှန်ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်အနီး၌ ရာအိမ်မှူးဦးဆန်းမင်းထွန်း၊အမှတ်(၃၂)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရလမ်းထောင့်၌ ရာအိမ်မှူးဦးအောင်အောင် နှင့်မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ဇကားဝါလမ်းထောင့်၌ ရာအိမ်မှူးဦးစိုးစိုး တို့ကို လုပ်ကြံခြင်းနှင့် ဖောက်ခွဲမှု ၄ ကြိမ်ကျူးလွန်ခဲ့ကြောင်းလည်း စစ်ဆေးရာတွင် ထွက်ဆိုခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး၏ဖော်ပြချက်အရ သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1415 of 2042