#Local_News
Published _3 November 2022
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိအခြေအနေ ပုံမှန် မဖြစ်သေးဘူးလို့ ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုအသင်းချုပ်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _3 November 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကနေ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာအရေအတွက်ဟာ သောင်းနဲ့ချီရှိနေပါပြီ။
#Yangon_Media_Group
#DailyNews
Published _ 3 November 2022
၁။ ပြီးခဲ့နှစ် ဖေဖော်ဝါရီလမှ ယခုနှစ်အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းအဖမ်းခံရသည့် အထောက်အထားမဲ့မြန်မာ သောင်းနှင့်ချီရှိနေ
၂။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မဖြစ်သေးဟုဆို
၃။ ပြည်ပသို့ပဲတန်ချိန် ၈ သိန်း ၇ သောင်းကျော်တင်ပို့ထား
၄။ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပီရူးတွင်နွားရိုင်းသတ်ပွဲများပြန်လည်ဖွင့်လှစ်ရာ ဆန့်ကျင်သူများမှ ထပ်မံကန့်ကွက်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 November 2022
ရန်ကုန်ဘူတာကြီးကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲပေးနေတဲ့ မြန်မာ့မီးရထားမှ ရထားလက်မှတ်တွေကို Online စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ ရုံပိုင်ချုပ်ကြီးထံမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 november 2022
နေစားငြိမ်း ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်လာရောက်သူ ထောင်ဂဏန်းကျော်ရှိကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။
"ဒီနေ့ မွန်းလွဲ တစ်နာရီကျော် အချိန်ထိဆိုရင် လူပေါင်းတစ်ထောင့်တစ်ရာကျော်ပါပြီ၊ ဆက်ပြီးတော့ တက်နေကြတာလည်း ရှိနေပါသေးတယ်။မနက်ဖြန် လာမယ့်သူက ပိုများနိုင်ပါတယ်"ဟု ဂေါပက အဖွဲ့တာဝန်ရှိသူကပြောသည်။
တန်ဆောင်တိုင်ကာလ ကျိုက်ထီးရိုးဘုရားဖူးများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်သူများအား တောင်တက်ကား အခမဲ့၊ ဟိုတယ်နှင့်တည်းခိုခန်းများ အခမဲ့နေထိုင်နိုင်ရေးကို စီစဉ်ထားသည့်အပြင် စားရေးအတွက်လည်း စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စေတီတော် ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်၊ ရင်ပြင်တော်ဈေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ရှိဟိုတယ်နှင့် တည်းခိုဆောင်များအဖွဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၃၆၁၅ ပေတွင်တည်ရှိနေသော ရသေ့ဦးခေါင်းသဏ္ဍာန် ကျောက်လုံးတော်ကြီးဖြင့် တည်ထားသည့် ကျိုက်ထီးရိုးစေတီတော်ကြီးသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသော စေတီတော် ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 3 november 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြန်မာ့စိတ်ရင်းပရဟိတအဖွဲ၏ အခမဲ့သားသတ်လွတ်ထမင်းဆိုင်ရှိ ကထိန်ပဒေသာပင်မှ ငွေများနှင့် ရေမော်တာများ ဖောက်ထွင်း ခိုးယူခံခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက် ညပိုင်းက ဆိုင်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူသွားခြင်း ဖြစ်ကြောင်းအဆိုပါ အသင်းရဲ့တာဝန်ရှိသူထံမှသိရသည်။
"ဆိုင်ကို သူခိုးဝင်ခိုးတာပါ၊ အခုက ကထိန်အတွက်လုပ်ထားတဲ့ ပဒေသာပင်က ပိုက်ဆံတွေပါ ဝင်ခိုးတယ်ဆိုတာကတော့ ဒါက မဖြစ်သင့်ဘူးလေ။ ပဒေသာပင်ကိုအထဲမှာ သော့ခတ်ပြီးထားတာ အဲဒါကိုအပြင်ကနေ သံဇကာတွေကို ညှပ်ပြီးတော့ ပဒေသာပင်မှာချိတ်ဆွဲထားတဲ့ပိုက်ဆံတွေကို အတွဲလိုက်ဖြုတ်ခိုးသွားတာ။ ကျွန်တော်အခမဲ့ ထမင်း ဆိုင်ကို ဒီမှာမဖွင့်တော့ပါဘူး အပြင်ထွက်
ဝေတဲ့ အစီစဉ်ပဲလုပ်ပါတော့မယ်။ ၅ရက်လုံးအပြင်မှာပဲ ဝေပါတော့မယ်။ ဆိုင်နေရာပြောင်းပြီးမှ ဆိုင်မှာကျွေးတာ ပြန်လုပ်ပါမယ်။ ဆိုင်ကိုမပိတ်ပါဘူး နေရာရွေ့မှာပါ "ဟုမြန်မာ့စိတ်ရင်းပရဟိတအဖွဲ့က ကိုမိုးမာန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ မြန်မာ့စိတ်ရင်း အခမဲ့သားသတ်လွတ် ထမင်းဆိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ် ရှိ ဝနဝါသီဘုန်းကြီးကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။
ယင်းဆိုင်က နေ့ရက်အလိုက် နွမ်းပါးလူဦးရေ (၁၀၀)ကျော်အား ကျွေးမွေးလှူဒါန်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/NN
#Yangon _ Media_ Group
#Local_News
Published_ 3 November 2022
၂၀၂၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၇)ရက်မှ (၉)ရက်အထိ တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံများပညာရှင်အသင်းမှ သိရသည်၊၊
ကိုဗစ်ဖြစ်ပွားမှုများကြောင့်မကျင်းပဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ် သည်၊
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်းထံနိုဝင်ဘာလ(၅)ရက်နောက်ဆုံးထားပြီး ယှဉ်ပြိုင်လိုသည့် မီးပုံးပျံအမျိုးအစားအလိုက် စာရင်းပေးသွင်းကြရမည် ဖြစ်သည်ဟုဆိုသည်၊၊
နိုဝင်ဘာလ(၇)ရက်တွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ ၊ စိန်နားပန်အလှမီးလွှတ်တင်ပူဇော်ပွဲကို စူဌာမုနိဘုရားရင်ပြင်တွင် လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် ဈေးဆိုင်ခန်းနှင့် မီးပုံးပျံငယ်များလွတ်တင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်၊၊
နိုဝင်ဘာလ(၇)ရက်မှ(၉)ရက်နေ့(နေ့ခင်းပိုင်း)တွင် နေ့လွှတ်အရုပ်ပြိုင်ပွဲကျင်းပခြင်း၊ ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (ညပိုင်း)တွင် စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်းနှင့် ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရသည်၊၊
နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (ခြေနှစ်ချောင်းနှင့် ခြေလေးချောင်း) ၂မျိုးကို ဆုချီးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်သည်၊၊ ပထမဆု - ကျပ် ၁၀သိန်း၊ဒုတိယဆု - ကျပ် ၅ သိန်း၊တတိယဆု - ကျပ် ၃ သိန်း၊ နှစ်သိမ့်ဆုကို တစ်ဆုလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၅ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်မည့် စာရင်းနေ့လွှတ်မီးပုံးပျံအလုံး ၅၆လုံးရရှိပြီးဖြစ်ပါကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1414 of 1980