#Local_News
Published_30 April 2023
တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန် နစက ဥက္ကဌက ဧပြီလ ၂၉ ရက် တာချီလိတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
တည်ဆောက်မှုလုပ်ငန်းများများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ၊လေယာဉ်ကွင်းသန့်ရှင်း ရေးအတွက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို အမြဲမပြတ်ဆောင်ရွက်နေစေရေးအတွက်လည်း ယင်းက ပြောကြားခဲ့ကြောင်း၊၎င်းအပြင် တာချီလိတ်မြို့အတွင်းရှိလမ်းများကို သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာပြုလုပ်ထားရန်၊ယာဉ်စည်းကမ်း ထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်၊သတ်မှတ်ထားသည့် ယာဉ်နံပါတ်များတပ်ဆင်ရေး ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ် နံပါတ်များစနစ်တကျတပ်ဆင်စေကာ ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ ဒေသတွင်း အသား၊ ငါးများ လုံလောက်စွာရရှိရေး ၊ပို့ကုန်များ တင်ပို့နိုင်မှုများကို မှတ်တမ်းတင်ထားပြီး သုတေသန ပြုဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေဒ၊တာချီလိတ်မြို့သို့ မော်တော် ယာဉ်၊ လေယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်း တင်ရန်ထားရေး တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသောကြောင့် တောင်ယာများမီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု စနစ်ပပျောက်အောင်ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှု စနစ်ကို ဖော်ဆောင်ပေးရန်တို့ကိုလည်း ဒေသအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လုပ်ဆောင်ရန်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #တာချီလိတ်လေဆိပ် #လေယာဉ်ကြီးများဆင်းသက်နိုင်
#YMG #Yangon_Media_Group

#Local_News
Published_ 30 April 2023
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊အပေါ်ကမ်းနားလမ်းနှင့် ၃၄လမ်းအနီး အမြောက်ကြီး နှစ်လက်ဆိပ်ကမ်းမှ ဧရာဝတီမြစ် အတွင်း ရေဆင်းကူးခဲ့သူ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှု ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း အုပ်စုလိုက် ရေဆင်းကူးကြရာမှ ရေစီးဖြင့် မျောပါသွားသည့် အသက်၂၅ နှစ်ခန့် အရွယ် အမျိုးသားမှာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)က သိရသည်။
ယင်းကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ရေငုတ် လုပ်သားများက ပူးပေါင်းဆယ်ယူခဲ့ကြကာနိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)၏ အသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
ymg/pl
#Local_News
#ဧရာဝတီမြစ် #အမျိုးသားတစ်ဦးရေနစ်သေဆုံး
#YMG #Yangon_Media_Group

#Local_News
Published_30 April 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးမြို့၊ သံဃာရာမကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တ စိန္တသာရဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်း သံဃာအပါး (၁၀၀)က ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် လေ့လာဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော် ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပ စေရေး အတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦ များ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားခဲ့ကြကြောင်း သိရသည်။
ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား မိထ္ထီလာမြို့၊ အသောကာရုံ ရေလည်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ဆရာ တော် ဘဒ္ဒန္တလာဘာဝတနှင့် ကျောက်ဆည်မြို့၊ ဧရာဝတီပရိယတ္တိ စာသင်တိုက် နိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်းသံဃာ(၁၀၃)ပါးတို့က ဧပြီလ ၂၈ ရက်တွင်လည်းကောင်း၊ ကြာနီကန်စာသင်တိုက် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တသူရိယ ဦးဆောင် သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှပင့်ဖိတ်ထားသည့် စာသင်တိုက်(၄၈)ခုမှ ဆရာတော်၊ သံဃာတော် စုစုပေါင်း(၆၀)ပါးတို့က ဧပြီလ ၂၇ ရက်တွင်လည်းကောင်း၊နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တသုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝိံသ တို့ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၅၅) ပါးတို့က ဧပြီလ ၂၆ ရက်တွင် လည်းကောင်း အသီးသီး လေ့လာဖူးမြော်ကြည်ညိုခဲ့ကြပြီး ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မကွေးမြို့ #ဆရာတော်ကြီး
#YMG #Yangon_Media_Group




#Local_News
Published_ 29 April 2023
သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)ဧပြီလ(၂၉)ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #အနုပညာရှင် #ကွယ်လွန်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
သင်္ကြန်ကာလအပြီးကတည်းက တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းစားဆန်ချောဈေးဟာမေလ ၄ ရက်ဝန်းကျင်မှာ ပြန်လည်ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကပြောပါတယ်။
#Local_News #မေလဆန်း #ဆန်ဈေးပြန်ကျ #ဆန်ကုန်သည်အသင်းခန့်မှန်း
#YMG #Yangon_Media_Group
Published 29 April 2023
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးတို့ကို ယနေ့ ဧပြီလ ၂၉)ရက်က သွားရောက်ဖူးမျှော်ကြည်ညိုပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေ မေးမြန်း လျှောက်ထားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ အား ယနေ့ဧပြီလ(၂၉)ရက် နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။
အဲဒီနောက် ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများနှင့် ဆွမ်းကိစ္စ များ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးထားသည်များကို ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထို့အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ တင်ပြမှုတွေအပေါ် နစက ဥက္ကဋ္ဌက ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး တို့ အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထား မှာကြားခဲ့တယ်လို့ သိရှိရပါတယ်။


#ymg/knl
#ဗန်းမော်ဆရာတော်ဘုရားကြီး
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး
#Health_Matters
Published_ 29 April 2023
- ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုကြီးမားလာနေတာကို ဘယ်လိုဟန့်တားကာကွယ်နိုင်မလဲဆရာ??
#Health_Matters #ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်
#Dr.KML #YMG #Yangon_Media_Group
Page 1411 of 2315