#Local _News
Published _ 5 December 2022
ဗီယက်နမ်နိုင်ငံကို လာမယ့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းထွက်သကြားဖြူတန်ချိန်ပေါင်း ၅၀၀၀၀ နီးပါးလောက် တင်ပို့သွားဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်အထိ ရှစ်လတာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _5 december 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်ကနေစပြီး ဈေးကွက်ထဲ တောင်ကြီးစတော်ဘယ်ရီသီးတွေ ဝင်ရောက်မှုက များလာပြီး ဈေးကောင်းလဲရနေတယ်လို့ စတော်ဘယ်ရီစိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 5 December 2022
၁။ တောင်ကြီးစတော်ဘယ်ရီသီး ပေါ်ဦးပေါ်ဖျားရာသီတွင် ဈေးကောင်းရနေ
၂။ ၈ လတာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရရှိထား
၃။ ဗီယက်နမ်နိုင်ငံသို့ သကြားဖြူတန်ချိန် ၅၀၀၀၀ ခန့် တင်ပို့သွားမည်
၄။ မျိုးသုဉ်းအန္တရာယ်ရင်ဆိုင်နေသည့် တရုတ်နိုင်ငံမှ ရှားပါးခေါင်းဖြူမျောက်မျိုးနွယ်များ နှစ်စဉ်အကောင်ရေပြန်လည်တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_5 December 2022
ဒီဇင်ဘာလ လဆန်ပိုင်းမှာတင် ကမ္ဘာ့ရွှေဈေးဟာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 December 2022
တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်းမြို့နယ်များတွင်ပုံမှန်ထက်ပိုပြီး လျှပ်စစ်မီးပြတ်တောက်မည့်အကြောင်း သက်ဆိုင်ရာမြို့နယ်YESCများမှအသိပေးချက်ထုတ်ပြန်ချက်များအရသိရသည်၊၊
တာမွေမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက်ကနိုင်ငံတော်ဓာတ်အားစနစ်ထိန်းချုပ်မှုအရ 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းယာယီဓာတ်အားပြတ်တောက်နေပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊တာမွေကြီး(ခ)၊မလွှကုန်းဌေးကြွယ်၊ ကျားကွက်သစ်၊ဗျိုင်းကွက်သစ်၊နတ်မောက်၊ ပျားရည်ကုန်း၊ ဗျိုင်းရွာမ၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်၊ စက်မှုလက်မှု၊ ကျောက်ရှေ့၊ကျောက်ကြီး၊အောင်မင်္ဂလာရပ်ကွက်၊ကျောက်ထပ်ရပ်ကွက်၊နတ်မောက်၊မအူကုန်း၊ ကျားကွက်သစ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်အသိပေးထုတ်ပြန်ထားသည်၊၊
ဗဟန်းမြို့နယ်တွင်ဓာတ်အားစနစ်အတွင်း ဝန်းအားထိန်းညှိဆောင်ရွက်ရန်အတွက် ဗဟန်းမြို့နယ်အတွင်း ဒီဇင်ဘာလ၅ရက်မှစ၍ (09:00)နာရီမှ(13:00)နာရီ နှင့် (13:00)နာရီမှ(16:00)နာရီ အတွင်း အုပ်စုတစ်စုစီအား အလှည့်ကျ ဝန်အားလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဝန်အားနိုင်နင်းသည့်အချိန်တွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပေးသွားမည်ဖြစ်ကြောင်းဒီဇင်ဘာလ (၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားသည်၊၊
သင်္ဃန်းကျွန်းမြို့နယ်နှင့်ပတ်သက်၍ဒီဇင်ဘာလ ၅ရက်တွင်66kVသာကေတ-သင်ဃန်းကျွန်း -သုဝဏ -ကျိုက်ကဆံလိုင်း ယာယီဓာတ်ပြတ်တောက်သွားသဖြင့် စစ်ဆေးဆောင်ရွက်နေပြီးဒီဇင်ဘာလ ၅ရက်တွင် 33kV သင်ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံအားLDCမှ ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရခြင်းကြောင့်ယာယီ2/3နာရီခန့် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_5 December 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၈၀ ကျော်ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၁၂၈ ဦး၊ Regular(စိုက်ပျိုး/မွေးမြူရေးလုပ်သား) ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးစေလွှတ်သွားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်တွင် Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦးစေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၉ ဦးကို ပ့ိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၆၉ ဦးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1410 of 2042