#Local_News
Published 4 July 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ ဇူလိုင် ၁ ရက် ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်လိုက်သည်။

 

ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို PDF များက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်မြို့၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များ ရုံး၏အနောက် တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် ယခုအခါ ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရသည်။

 

#Local_News #အမျိုးသမီး၃ဦးသေဆုံးကာ အမျိုးသား၁ဦးဒဏ်ရာရ
#Yangon_Times/BM