#Local_News
Published 4 July 2023


ယခုနှစ်ဇူလိုင်လမှစပြီး တစ်နှစ်တာအလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်မည့်အလုပ်သင်ဆရာဝန်စုစုပေါင်း(၆၀၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

 

သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များဖြစ်လာကြမည်ဖြစ်သည်။

 

သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်း‌ဆောင်ကြမည့်သူများအား ရန်ကုန်တွင်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊မန္တလေးတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းနှင့် မကွေးတွင်ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းတိုမှကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌပါမောက္ခဒေါက်တာခင်မောင်အေးက အလုပ်သင်ဆရာဝန်များကိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာဝန်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။

 

ယနေ့အချိန်အထိကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးပညာရှင်ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲရ ၉၄၉၆ ဦးနှင့် အခြေခံ ကျန်းမာရေး ပညာရှင် ၂၃၆၆ ဦးတိုကို မွေးထုတ်ပေးပြီး ဖြစ်ကြောင်း၊ ဘွဲလွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲလွန် သင်တန်းအမျိုး ၁၄၀ ကို ဖွင့်လှစ်ပိုချပေးလျက်ရှိကြောင်း သိရသည်။

 

#tthl #Local_News #အလုပ်သင်ဆရာဝန် (၆၀၄)ဦးရှိ
#Yangon_Time