#Local_News
Published- 4 July 2023

ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင်  ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးပြီး ကလေး ၁ဦး​အပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်)က သိရသည်။

 

ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်လမ်းမပေါ်တွင် ဒိုင်နာကားနှင့်ကုန်ကားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား၁ဦး လက်ကျိုးဒဏ်ရာရ၊  ကလေး၁ဦးပေါင်ကျိုးဒဏ်ရာရရှိခဲ့၍ ကျန်အမျိုး၁ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။

 

"၄ ဦးမှာ ၃ဦးကဒဏ်ရာရပြီး ၁ဦးပျောက်ဆုံးနေတာကိုရှာတော့ ည ၁၂ နာရီလောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်"ဟု အသင်းက သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများအား နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်မြို့)က ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး  ထပ်မံတွေ့ရှိခဲ့သူ အမျိုးသား၏ရုပ်အလောင်းကိုလည်း ကြို့ပင်ကောက် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


#Local_News #ဒိုင်နာကားနှင့်ကုန်ကားတိုက်မိ
#Yangon_Times/BM