#Local_News
Published_ 16 June 2023

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များတွင်  ဖုန်းကတစ်ဆင့် QR Code စနစ်ဖြင့် ယာဉ်စီးခပေးချေ နိုင်သည့် စနစ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကသိရသည်။

လက်ရှိ YBS ယာဉ်များတွင် ယာဉ်စီးခပေးချေမှုကိုYPS ကတ်ဖြင့် ငွေပေးချေသည့်စနစ်ကို ကျင့်သုံးနေရာမှ  ဖုန်းကတစ်ဆင့် မိုလ်ဘိုင်းအပလီကေးရှင်းကို အသုံးပြု၍ QR Codeဖြင့်ယာဉ်စီးခပေးချေခြင်း၊ ငွေဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေ စစ်ဆေးခြင်းများကိုဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း (YRTC)၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

QR Code နဲ့ ယာဉ်စီးခပေးမယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေမှာဖြစ်တယ်။ ဒါကြောင့်ဒီစနစ်ကို ဒီနှစ်ကုန်မှာ စတင်နိုင်ဖို့ ဆောင်ရွက်နေတယ်"ဟု ဦးလျန်ကျင့်မန်က ပြောပါတယ်။

YBS ခရီးသည်များအနေဖြင့်QR Code အသုံးပြုသည့် အတွက် ယာဉ်စီးခပိုပေးရခြင်းနှင့် ငွေအကြွေဆောင်ထားရသည့် အခက်အခဲများလျော့နည်းသွားမည်ဖြစ်၍ QR Code စနစ်ကို အမြန်ဆုံး စတင်အသုံးပြုနိုင်ရန် YRTC နှင့်Asia Starmar Transport Intelligent Co.Ltd တို့ ပူးပေါင်း လုပ်ဆောင်နေကြောင်းသိရသည်။

အခုအခါ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်အများစုတွင် YPS ကတ်စနစ်တပ်ဆင်ထားပြီး ရောင်းချပြီးသည့် ကတ်အရေအတွက် နှစ်သိန်းကျော်ခန့်ရှိ သော်လည်းလက်ရှိအသုံးပြုနေသည့် ကတ်အရေအတွက်တွင် တစ်သိန်း သုံးသောင်းကျော် ရှိကြောင်းသိရသည်။

လက်ရှိတွင် တစ်နေ့လျှင်ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBSယာဉ်လိုင်း၁၁၈လိုင်း၊ YBS အစီးရေ ၃၅၀၀ ကျော်၊ ခရီးသည် ၁၅သိန်းကျော်ရှိကြောင်း YRTCမှ သိရသည်။
#ymg/BM
#YMG #Yangon_Media_Group