#Local_News
Published_ 16 May 2023

ဇူလိုင်လ(၃)ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မျက်မမြင်အမျိုးသမီးများအပါအဝင်မသန် စွမ်းအမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှလျှော့ချနိုင်အောင်အသိပညာပေးမည့်အစီအစဥ်များဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ မြန်မာနိုင်ငံအတွင်းရှိမသန်စွမ်းအမျိုးသမီးများအတွက် အကြမ်းဖက်မှုလျှော့ချခြင်းနှင့်ပက်သတ်သော အကြောင်းအရာများအား အသိပညာမျှဝေပေးမည့် အစီအစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအစီအစဉ်တွင် အကြမ်းဖက်မှု လျှော့ချခြင်း နှင့် ပက်သတ်သော အကြောင်းအရာများအား ဝေမျှပေးသွားမည်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ မနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ Zoom platform မှတဆင့် လူဦးရေအကန့်အသတ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါအစီအစဉ်အား အသက် ၁၈ နှစ်နှင့်အထက်ရှိသော မသန်စွမ်းအမျိုးသမီးများ မည်သူမဆို မြန်မာနိုင်ငံမျက်မမြင်အသင်းသို့စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသူများထဲမှ အရင်လျှောက်ထားလာသူများအား ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မျက်မမြင်အမျိုးသမီးများအပါအဝင်မသန် စွမ်းအမျိုးသမီးအချို့သည် အခြားအမျိုး သမီးများနည်းတူ အကြမ်းဖက်ခံရခြင်းများရှိသည့်အတွက် အကြမ်းဖက်ခံရမှုမှလျှော့ချနိုင်အောင် ယင်းအစီအစဥ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ymg/tthl
#YMG #Yangon_Media_Group