ရှမ်းပြည်နယ်က စိုက်ပျိုးထွက်ရှိတဲ့ ဂေါ်ဖီထုတ်ဈေးကွက်ဟာ ပြည်တွင်းဝယ်လို အား ပြန်ရှိပေမယ့် ယခင်နဲ့နှိုင်းယှဉ်ပါက ၁၀ဆ ၁ဆ သာအရောင်းဝယ်ရှိတယ်လို့ ရှမ်း
ပြည်အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Published_ 30 September 2023
#Local_News
#ရှမ်းပြည်ထွက်ဂေါ်ဖီထုတ် #ရှမ်းပြည်အောင်ပန်း
#YMG/ LW #Yangon_Times
‘အောက်တိုဘာလ(၁)ရက်မှစပြီး ရွှေတိဂုံစေတီတော်ကိုလာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေ အနေနဲ့ မြန်မာငွေနဲ့ဆိုရင်ကျပ်(၂၀၀၀၀)ဧည့်ဝင်ကြေးပေးရမှာဖြစ်ပြီး နိုင်ငံခြားငွေနဲ့ဆိုရင် အပြောင်းအလဲမရှိဘဲ အရင်အတိုင်း(၁၀)ဒေါ်လာပဲကျမှာဖြစ်ပါတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 30 September 2023
#Local_News
#ရွှေတိဂုံ #နိုင်ငံခြားသားဧည့်ဝင်ကြေး #တိုးမြှင့်ကောက်ခံ
#tthl #Yangon_Times
ကမ္ဘာရေနံဈေးကြောင့် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ စက်တင်ဘာ နောက်ဆုံးပတ်မှာတော့ စက်သုံးဆီ 92 တစ်လီတာကို ကျပ်၁၀၀ကျော် အထိဈေးပြန်ကျလာခဲ့ပါတယ်။
Published_ 30 September 2023
#Local_News
#စက်သုံးဆီ 92 #ကမ္ဘာရေနံဈေး
#YMG/ LW #Yangon_Times
#Local_News
Published_ 30 September 2023
နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်လလျှင့် ကျပ်သုံးသောင်း ချီးမြှင့်သွားမယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင်ကျပ်တိတိထပ်မံခံစားခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။
အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့် ကိစ္စရပ်နှင်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့်ကြေညာစာထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News #နိုင်ငံ့ဝန်ထမ်းများ #တပ်မတော်သား #အပိုထောက်ပံ့ကြေးသုံးသောင်းကျပ်
#Yangon_Times
#BreakingNews
၃၀ စက်တင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး . (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ .. စောရောဂျာခင်၊ 


ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ကြခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒီစာများသည် မမှန်ပါဘူး အတုများဖြစ်ပါတယ်။
ဒီလိုသတင်းတုတွေဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရ ထိုးနှက်မှုကို အချိန်ကိုက်လုပ်ဆောင်နေကြခြင်းဖြစ်တယ်”
ဗိုလ်ချုပ်ဇော်မင်းထွန်း
၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာများသည် လုပ်ကြံထားသည့် အမိန့်ကြော်ငြာစာအတုများသာဖြစ်ကြောင်း နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အတည်ပြုပြောကြားပါတယ်။
#Local_News
Published_ 30 September 2023
၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များရုပ်သိမ်းခြင်းဟူ၍ ဆိုရှယ်မီဒီယာပေ့ချ်အချို့တွင် ရေးသားနေကြသည်မှာ သတင်းတုသတင်းမှားများသာဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ဖြေရှင်းလိုက်ကြောင်း သိရသည်။
လူမှုကွန်ရက်ပေါ်တွင်ပျံနှံ့လာသည့် မြန်မာနိုင်ငံအတွင်းလက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ(၂၉)ရက်ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟု အမိန့်ကြေညာစာအတုထွက်ပေါ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် အမိန့်ကြေညာစာများသည် သတင်းတုသတင်းမှားများသာ ဖြစ်ကြောင်း၊ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်မှလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်အတု၌ (၅၀)ကျပ်တန်၊ (၁၀၀) ကျပ်တန်များအား စက်တင်ဘာ (၂၉ )ရက်နံနက်( ၆ )နာရီမှစတင်၍ ရုတ်သိမ်းလိုက်သည်ဟု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၂၇/ ၂၀၂၃)ဖြင့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၄၁ တို့အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရေးသားထားကြောင်းသိရသည်။
#Local_News #၅၀ကျပ်တန်နှင့်၁၀၀ကျပ်တန် #ဆိုရှယ်မီဒီယာပေ့ချ်အချို့ #နစကမှထုတ်ပြန်ဖြေရှင်း #tthl #Yangon_Times
Page 1178 of 2353