#Local_News
Published_ 14 January 2023
အိမ်သာနဲ့ရေချိုးခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ အမွှေးနံ့တွေထွက်နေပြီဆိုရင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲနေတဲ့ သားသမီးရှိပြီဆိုတာသိပြီး ဆေးဖြတ်ပေးဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရတွေနှင့် ပတ်သက်လို့ အချို့ထုတ်ကုန်တွေမှာ အန္တရာယ်မကင်းတဲ့ သတင်းတွေ မကြာခဏဆိုသလိုတွေ့နေရပါတယ်။ ဘယ်လိုအန္တရာယ်မျိုးလဲ??
#Yangon_Media_Group
#DailyNews
Published_ 14 January 2023
၁။ အိမ်သာထဲတွင် ပုံမှန်မဟုတ်သောအမွှေးနံ့များ ထွက်နေလျှင် စိတ်ကြွဆေးသုံးသည့်သားသမီးရှိနေပြီဟုဆို
၂။ CNG ဂတ်စ် ည ၁၀ နာရိအထိ အချိန်ပြည့်မရဟုဆို
၃။ မြန်မာဘက်မှ ပြန်မဖွင့်သော်လည်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေဟုဆို
၄။ လာမယ့်နှစ်နှစ်အတွင်း ကမ္ဘာကြီးတွင်အဆိုးရွားဆုံးအခြေအနေများ ကြုံတွေ့ရနိုင်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရဆိုတာဘာတွေလဲ။ ကလေးတစ်ဦးအတွက် ဘယ်လောက်အရေးကြီးပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 14 January 2023
ကျိုက္ခမီရေလယ်ဘုရား၏ ဂန္ဓကုဋီတိုက်အတွင်းရှိ ဘုရားစင်အမြင့်ပေါ်ကို တက်ရောက်ခဲ့သည့် သင်္ကန်းဝတ်ကိုယ်တော်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပက အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ င်္ကန်းဝတ်ကိုယ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ကျိုက္ခမီရေလယ်ဘုရားသို့ တပည့်ဒကာများဖြင့် လာရောက်ခဲ့ပြီး ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်းသို ဘုရာဖူးများမရှိသည့်အချိန်နှင့် တာဝန်ကျဝန်ထမ်းများ ထမင်းစားနေချိန်တွင် မသမာသည့်နည်းဖြင့်အခွင့်ကောင်းယူ ဝင်ရောက်ခဲ့ပြီး ယခုလို ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်သည် သာသနာ ညှိးနွမ်းစေသည့် ရည်ရွယ်ချက်နှင့် ဘုရားကြီးကို ဆွမ်းပန်းရေချမ်း ကပ်လှူထားသည့် အမြင့်ပေါ်တက်ရောက်ခဲ့မှုကို ဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့ သြဝါဒတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_14 January 2023
ကိုရီးယား EPS-TOPIK စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲဖြေဆိုသူဦးရေ ၁၃၃၀၂ ဦးရှိပြီး အောင်မြင်သူ ၆၃၈၆ ဦးရှိကြောင်း သိရသည်။
ယင်းစာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လက်ရှိတွင်လည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 January 2023
ပျံလွန်တော်မူသွားပြီဖြစ်သည့် ဝင်းစိန်တောရဆရာ တော်ကြီး၏(၁၀၂)နှစ်ပြည့်မွေးနေ့မင်္ဂလာကိုမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ ကျောင်းတိုက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပသွားမည်ဖြစ်ပြီး မွေးနေ့စေတီတော်ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ပင့်ကျောင်း(၁၁၄)ကျောင်းမှ သံဃာတော်ဆရာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်(၃၄)ပါးအားပုဂ္ဂိုလ်ဆွမ်းကပ်လှူခြင်း၊ ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာ တော်ကြီးရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ကပ်လှူပူဇော်ခြင်းများဆောင်ရွက်မည်ဖြစ်သည်၊၊
ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာတော်ကြီး(၁၀၂)နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ် ဇန်နဝါရီ(၁၅)ရက်တွင် အခမဲ့နိဗ္ဗာန်စျေးစတုဒိသာဆိုင်ပေါင်း(၂၄) ခုမှ အခမဲ့ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1174 of 1892