#Local_News
Published_ 9 June 2023
ရန်ကုန်တိုင်း၊ မဂ်လာတောင်ညွန့် ယုဇနပလာဇာဘေးရှိ စပါယ်လမ်းနှင့် နှင်းဆီလမ်းထောင့်နားတွင် ဇွန်လ ၈ရက်နေ့ မနက်ပိုင်းကရုတ်တရက်သေဆုံးသွားကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ခံက YMG ကိုပြောသည်။
အဆိုပါ ယာဉ်မောင်းတစ်ဦးသေဆုံးသွားကြောင်း ပတ်ဝန်ကျင်မှာ ဖုန်းဆက်အကူညီတောင်းခဲ့တဲ့အတွက် မဂ်လာတောင်ညွှန့်လူမှုကူညီရေးအသင်းအနေနဲ့သွားရောက်ကူညီပေးခဲ့ပြီး ရုတ်တရက်လဲကျသွားတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိကြောင်း အဆိုပါကူညီကယ်ဆယ်ရေးအသင်းက YMG ကိုပြောသည်။
အဆိုပါ တက္ကစီယာဉ်မောင်း ရုပ်အလောင်းကို မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ ကူညီနိုင်ရန် တာဝန်ရှိသူများနှင့် ပူးပေါင်းချိတ်ဆက်၍ မှတ်တမ်းရယူပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #TAXIယာဉ်မောင်းလဲကျသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
၁၂ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာမှရွှေ၊ ငွေ၊ကြေးဆုတံဆိပ်(၅၄)ဆုရရှိနေပြီဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News #ရွှေ၊ ငွေ၊ ကြေး (၅၄)ဆုရရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
လက်ရှိမှာ ဒေါ်လာစျေးအမြင့်ပိုင်းမှာနေပြီး ပြင်ပပဒေါ်လာပေါက်စျေးဟာ ၂၈၀၀ ဝန်းကျင်ပေါက်စျေးရှိနေတာဖြစ်ပါတယ်။ ဒေါ်လာစျေးမြင့်တက်နေတဲ့အတွက် ပြင်ပရွှေစျေး ဆက်တိုက်မြင့်တက်လာပြီး သိန်း ၃၀ ကျော်မှာ ပေါက်စျေးရှိနေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #ပြည်ပရွှေစျေး မြင့်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ဇွန်လ ၂၆ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။
#Local_News #အွန်လိုင်းကနေအကူအညီတောင်းခံသူများရှိနေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအများအပြားပျက်စီးခဲ့တာဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်မှာတော့ စျေးနှုန်းအဆမတန်မြင့်တက်ခဲ့တက်တယ်လို့ စစ်တွေဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #အိမ်ဆောက်ပစ္စည်းစျေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 8 June 2023
၁။ စစ်တွေတွင် အိမ်ဆောက်ပစ္စည်းတချို့စျေးအနည်းငယ်ပြန်ကျ
၂။ မူးယစ်ဆေးဖြတ်ချင်လို အွန်လိုင်းကနေအကူအညီတောင်းခံသူများ နေ့စဥ်ရှိနေ
၃။ ဒေါ်လာစျေး အမြင့်ပိုင်းမှာရှိနေသည့်အတွက် ပြည်ပရွှေစျေး မြင့်တက်နေတာဖြစ်
၄။ (၃,၅၀၀)ဒေါ်လာတန်ဖိုးရှိ Vision Pro နားကြပ်ကို Apple ထုတ်ဖော်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 8 June 2023
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယနေ့ ဇွန်လ(၈)ရက်နေ့တွင်ကျရောက်သည့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံ နစက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးသည့် မြန်မာနိုင်ငံစီမံကိန်းများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အစိုးရနည်းပညာကောလိပ် (မန္တလေး) အား လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းနှင့် အွန်လိုင်းလေ့ကျင့်ပေးမှုများ ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေလေ့လာမှုအစရှတဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ် ခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အမြဲတစေကျင့်သုံး၍ အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ်နက်ရှိုင်းလာစေပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြီးနောက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းပေးအပ်မှုကို ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးဦးသန်းဆွေက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အခက်အခဲများ အတူကျော်ဖြတ်သည့် အေးအတူပူအမျှ အသိုက် အဝန်းစိတ်ဓာတ်ကိုထင်ဟပ်စေကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးလဲလှယ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ သည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်များကို ပေါ်လွင်စေကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်များကို ပြတ်သားစွာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ ၎င်းအဆိုပြုချက်များအား အကောင်အထည်ဖော်ဆောင်ကာ ပိုမိုငြိမ်းချမ်း၊ လုံခြုံ၍စည်ပင်ဝပြောသောကမ္ဘာကြီးကို အတူတည်ဆောက်သွားလိုကြောင်းလည်းဆက်လက် ပြောကြားခဲ့ ပါ တယ်။
သံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံသည့် သမိုင်းကိုပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်သူက “ယနေ့ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအား လက်မှတ်ရေးထိုးလဲလှယ်ခြင်းသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃) နှစ်ပြည့်အား လက်တွေ့လှုပ်ရှားမှုဖြင့် ဂုဏ်ပြုဆိုကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားရန် ဆောင်ရွက်၍ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများ ရလဒ်အသစ်များ ရရှိရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအကူ အညီ ဖြင့် မြန်မာနိုင်ငံ၌ဆောင်ရွက်သည့်စီမံကိန်းများသည်လည်း အေးအတူပူအမျှ၊ အတူလက်တွဲရှေ့သို့ချီတက်သည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးတို့အား လက်တွေ့ကျကူညီပေးမယ်လို့လည်း တရုတ်သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံအားကူညီသည့် အသစ်တစ်သုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းသည် ဇွန်လ ၇ ရက်နေ့ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ထံ လှူဒါန်းပေးအပ်သည့် ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း ဇွန်လ ၁၂ ရက်နေ့တွင်ပို့ဆောင်ရောက်ရှိ၍လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားပြီး မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုများသည့်လက်တွေ့ကျကျရလဒ်များရရှိရေးဖော်ဆောင်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုတယ်လို့ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးတဲ့ နောက် သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်-မြန်မာကဏ္ဍပေါင်းစုံတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။
-ymg/knl
#တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၃)နှစ်ပြည့်
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
Page 1175 of 2164