#Local_News
Published_10 June 2023
ရှေ့တန်းရောက် တပ်မတော်သားများလည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်တွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားလိုက်သည်။
နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် သတင်းများ၊ ထူးခြား ဖြစ်စဉ် သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့်နေရန်၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းများဆောင်ရွက်ရာတွင် အများ ပြည်သူ စိတ်ဝင်စားမှုဖြစ်စေမည့် အစီအစဉ်များနှင့် အသိပညာပေးအစီအစဉ်များကို လည်း ထုတ်လွှင့်ရန်၊ ရုပ်သံထုတ်လွှင့်မှုများကို နိုင်ငံအနှံနေရာအားလုံး၌ ဖမ်းယူ ကြည့်ရှုနိုင်ရန်၊ ဒေသအလိုက်တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ သာမက ရှေ့တန်းရောက် တပ်မတော်သားများ အနေဖြင့်လည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်၊လိုအပ်သည့် သတင်းအချက်အလက် အမှန်များနှင့် သုတရသဖြစ်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်များကို ဖမ်းယူနားဆင် နိုင်ရန်တို့ကို ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်နှင့် မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည် ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက် မပြတ် လေ့လာဆည်းပူးလို စိတ် ရှိရန် ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ် စွာ သိရှိနားလည်ရန် လိုကြောင်းလည်း တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တာဝန်ထမ်းဆောင်နေသူများအား ပြောကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင်ဘဝရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး စိတ်သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကိုယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာ လုပ်ငန်းများဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များပြည့်ဝစေရေးအတွက် လူသားအရင်းအမြစ်များ ပြည့်စုံစေရေးအတွက် အရင်းအမြစ်အသစ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရှိပြီးသား လူသားအရင်းအမြစ်များကို ပိုမို၍ ကျွမ်းကျင်သူများဖြစ်လာအောင် ဆောင်ရွက်ခြင်းဆိုသည့် နှစ်ပိုင်းလုံးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။
တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)ကို ၁၉၉၀ ပြည့်နှစ်၊ ဧပြီ လ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် Analog Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက် ရွှေရတုတပ်မတော်နေ့တွင် မြဝတီရုပ်မြင်သံကြားကို တပ်မတော်ရုပ်မြင်သံကြား ထုတ် လွှင့်ရေးတပ်အဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် Digital Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Digital ရုပ်သံလိုင်း ၇ လိုင်းကို ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင်း သတင်းနှင့် အစီအစဉ်များ ကို ထပ်မံတိုးချဲ့ ထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် မတ် ၂၇ ရက်မှစ၍ ရုပ်သံလိုင်း များအား HD စနစ်ဖြင့် ထုတ်လွှင့်နိုင်ခဲ့ကြောင်းသိရသည်။
#ymg/BM #Local_News #အသံထုတ်လွှင့်မှုအစီအစဉ်
#YMG #Yangon_Media_Group
#Local_News
Published_9 June 2023
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီရဲ့ အခုအပတ်စားသုံးဆီ ရည်ညွှန်းသတ်မှတ်စျေးဟာ အရင်အပတ်ထက်စျေးနှုန်းကျဆင်းလာပေမယ့်လည်း ပြင်ပစားသုံးဆီစျေးနှုန်းများဟာ တစ်ပိဿာကို ၆၄၀၀ ကျပ်စျေးရှိနေပြီးစျေးနှုန်းတည်ငြိမ်နေတယ်လို့ စားသုံးသူတွေက YMG ကိုပြောပါတယ်။
#Local_News ##စားအုန်းဆီအခြေခံလက်ကားဈေးနှုန်းကျဆင်း
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
မိုခါမုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြည်တွင်းမှာအိမ်ဆောက်ပစ္စည်းလိုအပ်ချက်များနေတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #အိမ်ဆောက်ပစ္စည်း #ပြင်ပရွှေစျေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
ကျောင်းဖွင့်ရာသီဖြစ်လို့ စာရေးကိရိယာနဲ့ ဗလာစာအုပ်တွေရောင်းအားကောင်းနေတယ်လို့ စာရေးကိရိယာအရောင်းဒိုင်တွေထံမှ သိရပါတယ်။
#Local_News #ဗလာစာအုပ်များဈေးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
၂၀၂၃ ခုနှစ်မတ်လ ၈ ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့မနက် ၄ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
#Local_News #အောင်ချက်၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 9 June 2023
၁။ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
၂။ စာရေးကိရိယာများ ဈေးသိပ်မတက်ပေမည့် ဗလာစာအုပ်များဈေးတက်ပြီးပစ္စည်းပြတ်သည့်အထိရောင်းရ
၃။ အိမ်ဆောက်ပစ္စည်း လိုအပ်ချက်များနေပြီး နိုင်ငံခြားကမှာယူနေရသည့်အတွက် ဒေါ်လာစျေးမြင့်တက်နေပြီး ပြင်ပရွှေစျေးမြင့်တက်နေတာဖြစ်ဟုဆို
၄။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာများ ပိုမိုချဲ့ထွင်ဖန်တီးလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_9 June 2023
ပဲခူးတိုင်းဒေသကြီး ၊ အနောက်ပိုင်း ( ပြည်ခရိုင်)ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက် (၃)လမ်းထိပ် ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ၈ ရက်နေ့ညနေပိုင်းက အမျိုးသမီးတစ်ဦးကိုသတ်ပြီး နေအိမ်အတွင်းရှိပစ္စည်းများ ဖောက်ထွင်းယူမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပါရမီ အဖွဲ့မှ သိရပါတယ်။
#Local_News #အမျိုးသမီးကိုသတ်ပြီးနေအိမ်ဖောက်ထွင်း
#YMG #Yangon_Media_Group
Page 1173 of 2164