#Local_News
Published_ 13 June 2023
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အရ တရုတ်နိုင်ငံမှပေးပို့သည့် ခြင်ထောင်နှင့်စောင်များ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၉ တန်ခန့်သည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ပါတယ်။
ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများထံ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပါတယ်။
ရှေးဦးစွာ သံအမတ်ကြီး Mr. Chen Hai က တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်စွာ အတူတကွ လက်တွဲလုပ်ဆောင်လျှက်ရှိရာ ယခုလို အချိန်အခါမျိုးတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အိမ်နီးချင်းကောင်းပီသစွာ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်မှုများအား ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းမှုအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (ကိုယ်စား) ကျေးဇူးတင်ရှိပါကြောင်းနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုအရ လှူဒါန်းလာသည့် ပစ္စည်းများကိုလည်း အဆိုပါဒေသများသို့ အမြန်ဆုံးရောက်ရှိရေး ဆက်လက်ပေးပို့နေမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝိုင်းဝန်း လုပ်ဆောင်နေမှု အခြေအနေများကို ပြောကြားပါတယ်။
လေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ ခြင်ထောင် ၁ သောင်းနှင့် စောင် အထည် ၁ သောင်း တို့ဖြစ်ပါတယ်။
ygm_mnn
#Local_News #မိုခါမုန်တိုင်းဘေးသင့်ပြည်သူများ #ခြင်ထောင်နှင့်စောင်များပံ့ပိုး
#YMG #Yangon_Media_Group
#Local_News
Published_12 June 2023
ရန်ကုန်မြို့မှာ ရေကြီးရေလျှံမဖြစ်အောင် ရေမြောင်းထဲက အမှိုက်တွေကို ဆယ်ယူရှင်းလင်းတာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News #ရန်ကုန်တွင်ရေကြီးရေလျှံမဖြစ်အောင် #ပိတ်ဆိုနေသည့်အမှိုက်များကိုဖယ်ရှားရှင်းလင်းနေ #YMG #Yangon_Media_Group
#Local_News
Published_ 12 June 2023
လက်ရှိရွှေဈေးကွက်ထဲမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၉၀၀ ကျော် ပေါက်ဈေးရှိနေပြီး ရွှေဈေး ၃၁ သိန်းကျော်ရှိနေတယ်လို့ ပြည်တွင်းဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Local_News #အမေရိကန်တစ်ဒေါ်လာ #ရွှေဈေး၃၁သိန်းကျော် #YMG #Yangon_Media_Group
#Local_News
Published_12 June 2023
အခုနှစ်မိုးရာသီမှာ ထီးအသစ်တွေ ဈေးနှုန်းမြင့်နေတဲ့အတွက် ဈေးသက်သာတဲ့ ဂျပန်ကွန်တင်နာကျထီးတွေ ရောင်းအားတက်နေတယ်လို့ ဂျပန်ကွန်တင်နာကျထီး အရောင်းဒိုင်မှ သိရပါတယ်။
#Local_News #ထီးဈေးမြင့် #ဂျပန်ကွန်တင်နာကျတန်ဖိုးနည်းထီးများ #အရောင်းပိုသွက် #YMG #Yangon_Media_Group
#Local_News
Published_12 June 2023
နေပြည်တော် ပျဉ်းမနားမြို့အထွက် လယ်ဝေးလမ်းဟောင်းမှာ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက လမ်းဘေးမြောင်းအတွင်း အပေါ့သွားနေစဉ် ဗိုက်နာလာတာကြောင့် ကလေးမွေးဖွားမူဖြစ်ပွားခဲ့ကြောင်း မိုးစေတာနာ ပရဟိတအသင်းမှ သိရပါတယ်။
#Local_News #လမ်းဘေးမြောင်းတွင်အပေါ့သွား #ကလေးမီးဖွားမူဖြစ်ပွား #ကလေးငယ်သေဆုံး #YMG #Yangon_Media_Group
#Daily_News
Published_ 12 June 2023
၁။ လမ်းဘေးမြောင်းတွင် အပေါ့သွားစဉ် ကလေးမီးဖွားမူဖြစ်ပွားပြီး ကလေးငယ်သေဆုံး
၂။ ထီးဈေးမြင့်နေ၍ ဂျပန်ကွန်တင်နာကျ တန်ဖိုးနည်းထီးများ အရောင်းပိုသွက်နေ
၃။ အမေရိကန်တစ်ဒေါ်လာ ၂၉၀၀ ကျော်နေပြီး ရွှေစျေး ၃၁ သိန်းကျော်ရှိနေ
၄။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ဧရာမဘဲရုပ်ကြီးနှစ်ခု ဟောင်ကောင်ဆိပ်ကမ်းတွင် ရောက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_12 June 2023
ပြည်တွင်း စားသုံးဆီစျေးနူန်းများ ဆက်တိုက်ဆိုသလို စျေးနူန်းကျဆင်းနေပြီး စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၁၂ ရက်နေ့က နေ ၁၈ ရက်နေ့အထိ ရည်ညွှန်းသတ်မှတ်စျေးမှာ တစ်ပိဿာကို ၁၇၅၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #စားသုံးဆီစျေးဆက်တိုက်ကျဆင်း #လက္ကားရည်ညွှန်စျေး၁၇၅၀စျေးရှိ
#YMG #Yangon_Media_Group
Page 1169 of 2164