#LocaL_News
Published 10 December 2023

နိုဝင်ဘာလတစ်လအတွင်းလောင်းကစားမှု ၁၆၀ကျော်ဖမ်းဆီးရမိပြီး ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

 

အဆိုပါ လောင်းကစားမှု စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လောင်းကစားမှု (၁၆၇) မှုမှ တရားခံ (၃၆၉) ဦးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများတွင် ရန်ကုန်မှ (၅၂) မှုဖြင့်အများဆုံးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ရှမ်းပြည်နယ်မှ (၂၇) မှုဖြင့်ဒုတိယ အများဆုံး ဖြစ်ကာ မန္တလေးမှ (၂၅) မှု၊ ဧရာဝတီမှ (၁၇) မှု၊ ပဲခူး၊ မကွေးနှင့် မွန်မှ (၁၂) မှုစီ၊ နေပြည်တော်မှ (၄) မှု၊ ကချင် နှင့် တနင်္သာရီတို့မှ (၂) မှုစီ၊ ကရင်၊ နှင့် ရခိုင်တို့မှ (၁)မှုစီ စုစုပေါင်း (၁၆၇) မှု ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း (၁၀၉) လုံး၊ ဆိုင်ကယ် (၂၉) စီး၊ ကား (၅) စီး၊ လက်တော့ပ် (၄) လုံး၊ ဂိမ်းစက် (၇) လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရမိသည့် အမှုများမှာ နှစ်လုံးထီအမှု (၁၁၁) မှုမှ တရားခံ (၁၃၅) ဦးကို လောင်းကြေးငွေ ကျပ် ၁၄,၁၂၂,၅၀၀အပါအဝင် ချဲထီအမှု ၊ဖဲမှုနှင့်အခြားအမှု များစသည်ဖြင့် စုစုပေါင်း လောင်းကစားမှု (၁၆၇) ခုမှ ဖမ်းမိတရားခံ (၃၆၉) ဦးနှင့် ၁၉၆,၅ ၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

#LocaL_News #လောင်းကစားမှု၁၆၀ကျော် #ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ #YMG/NN #Yangon-Times