#Local_News
Published_18 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် သက်ဆိုင်ရာဌာနကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 January 2023
လတ်တလောမှာ ဂျပန်စားသောက်ကုန်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာလူငယ်တွေကိုအလုပ်ခေါ်ယူမှု အများဆုံးဖြစ်နေတယ်လို့ ဂျပန်ဘာသာသင် သင်တန်းကျောင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_18 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကို တင်ပို့နေတဲ့ ပို့ကုန်ပစ္စည်းအမယ်တွေထဲမှ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက ဝင်ငွေအများဆုံးရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 18 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထား
၂။ ဂျပန်စားသောက်ကုန်လုပ်ငန်းများမှ မြန်မာလူငယ်များကို အလုပ်ခေါ်ယူမှု အများဆုံးဖြစ်နေ
၃။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတာကြောင့် ပြင်ပဈေးကွက်အတွင်း ရွှေဈေးပြန်ကျလာ
၄။ ဖက်ရှင်နှင့် AI နည်းပညာတို့ ပူးပေါင်းဖန်တီးသည့် ဖက်ရှင်ပြပွဲများကျင်းပလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 January 2023
ကိုဗစ်ကာလမှာ မြန်မာဘက်မှ တရုတ်ဘက်သို့ ကုန်သွယ်မှုပြုလုပ်တဲ့အခါ အစားထိုးယာဉ်မောင်းစနစ်ကို တရုတ်ဘက်က ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 January 2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ ၅ လမ်းရှိနေအိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာ နေအိမ်သို့ လူလေးဦးပါ လူတစ်စုက လူမရှိသည့် အချိန်တွင် ငွေကျပ် (၁၇) သိန်း တန်ဖိုးရှိ ကွန်ပျူတာ လပ်တော့ပ်တစ်လုံး၊ ကျောက်စိမ်းအလုံးသေးတစ်ချို့နှင့် ဖုန်းအဟောင်း (၃) လုံးတို့ကို ဖောက်ထွင်းယူဆောင်သွားကြောင်း ကာယကံရှင်က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
အဆိုပါ လေးဦးပါအဖွဲ့က နေအိမ်သို့ ဖောက်ထွင်း ဝင်ရောက်လာသည့် CCTV မှတ်တမ်းများကိုလည်း အဆိုပါ ဖောက်ထွင်းခံရသော နေအိမ်ပိုင်ရှင် ကာယကံရှင်က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 January 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၈၊ ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ယနေ့ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ သီးကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါယာဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသည့် ALPHARD အမျိုးစား(အနက်)ရောင်ယာဉ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ကာ လမ်းဘေးတွင် ကာရံထားသော (GARD RALL)တန်းများကို ဝင်ရောက်တိုက်မီကာ လမ်းဘေးမြေသားလမ်းပေါ်တိမ်းမှောက်ရပ်တန့်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းပါ ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၆)ဦး၊အနက်၊ မ(၁)ဦးသေဆုံး၊ ကျား(၂)ဦး၊ မ(၃)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့်၊EMS (192) လူနာတင်ယာဉ်ဖြင့်၊ မိတ္ထီလာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးထားကြောင်းလည်း သတင်းရရှိသည်။
#ymg/mt
#Yangon_Media_Group
Page 1167 of 1893