#Local_News

Published-8 Published 08 December 2023

ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း တစ်ပတ်တာအတွင်းရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းခန့်အထိမြင့်တက်လာကြောင်း ရွှေဈေးကွက်တွင်းမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ၁ရက်နေ့မှ ဒီဇင်ဘာ၈ ရက်နေ့အထိ ကမ္ဘာ့ရွှေတစ်အောင်စလျှင်ကန်ဒေါ်လာ ၁၁ အထိကျဆင်းလာသော်လည်းရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးမှာမူ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ မြင့်တက်နေကြောင်း သိရသည်။

 

'ကမ္ဘာ့ဈေးတော့ဒီတစ်ပတ်ထဲမှာ အမြင့်ဆုံးတက်ပြီး ပြန်ကျတယ်၊ဒါပေမယ့်ဒီဘက်မှာဒေါ်လာဈေးလေးနည်းနည်းတက်တော့ ရွှေဈေးကအမြင့်ပိုင်းမှာပဲဆက်တိုး‌နေတယ်ဆို‌တော့ ဈေးကွက်ထဲအဝယ်နည်းတယ်၊ မသွက်ဘူး၊ ပြန်ရောင်းသူ‌တွေတော့ ရှိပါ တယ်၊ဈေးက တစ်အားတက်ထားတဲ့အပိုင်းက‌ ရောက်ပြီးသားဆိုတော့လေ အရမ်း‌တော့ ထိုးတက်တာမဟုတ်ဘဲ တက်တော့တက်တယ်၊ ဒါပေမယ့် ဒီပတ်ချာလည်လောက်ပဲအတက်အကျဖြစ်နေတယ်လေ၊' ဟု ရန်ကုန်မြို့မှရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

ယနေ့တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ကန်ဒေါ်လာ၂၀၃၀ အထိရှိပြီး ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာပြင်ပ‌ပေါက်ဈေးတစ်ကျပ်သားလျှင်ဝယ်ဈေးကျပ် ၃,၇၂၀,၀၀၀နှင့်ရောင်းဈေး ၃,၇၆၅,၀၀၀ ‌ကျပ်အထိရှိကာ‌နိုင်ငံခြားငွေလဲနှုန်းပြင်ပပေါက်‌ဈေးနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး၃,၄၉၀ ကျပ်နှင့်ရောင်းဈေး၃,၅၆၀ကျပ်အထိဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။

 

#Local_News #ကမ္ဘာ့ရွှေဈေး #ရွှေပြင်ပပေါက်ဈေး #တစ်သိန်းခန့်အထိမြင့်တက် #YMG/ NN #Yangon_Times