#Local_News
Published_ 5 June 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ ဇွန်လ ၅ရက်နေ့ မနက်ပိုင်းစျေးနှုန်းများအရ တစ်အောင်စကို ၁၉၄၇ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေးတစ်အောင်စ #ရွှေအသင်း ၂၂သိန်း၉သောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 June 2023
မိုးရာသီကာလမှာ ပြည်ပခရီးသွားတွေနည်းပါးသွားပေမယ့် ပုဂံဒေသလိုမိုးနည်းတဲ့ဒေသတွေကို မိုးရာသီခရီးစဉ်အဖြစ်သွားရောက်လည်ပတ်လိုတဲ့သူတွေရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #မိုးရာသီခရီးစဉ်လည်ပတ်
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီ အနေနဲ့ ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၇၉၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ဈေးနှုန်း ၁၇၀ ကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #အရင်အပတ်ထက်ဈေးကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 5 June 2023
၁။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၃၇၈၀ သတ်မှတ်အရင်အပတ်ထက်ဈေးကျ
၂။ ပုဂံအပါအဝင် မိုးနည်းသောဒေသများကို မိုးရာသီခရီးစဉ် လည်ပတ်လိုသူများရှိနေ
၃။ ကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၉၄၅ ဒေါ်လာရှိနေပြီး ရန်ကုန်ရွှေအသင်း ၂၂သိန်း၉သောင်းကျော်သတ်မှတ်
၄။ ဘီးတပ်ကုလားထိုင်အသုံးပြုသူများ ကိုယ်တိုင်လှေကားထစ်အဆင်းအတက်ပြုလုပ်နိုင်စေရန် တောင်အာဖရိကမှလူငယ်တစ်ဦးတီထွင်ထုတ်လုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 5 June 2023
ဗန်းမော်ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကျင်းပပုံနဲ့ ရေမျှောပူဇော်သဘင်အခမ်းအနားတွေကို TV Channel တွေမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ဇွန်လ(၆) ရက်နဲ့ဇွန်လ(၇)ရက်တိုမှာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Local_News #ဗန်းမော်ဆရာတော်ကြီး၏ဈာပနအခမ်းအနား #TV Channelများမှ တိုက်ရိုက်ကြည့်ရှုပူဇော်နိုင် #YMG #Yangon_Media_Group
Published_5 June 2023
Two civilians and four employees were injured due to an explosion at the Inland Revenue Department office in PanSodan of Kyauktada township on the afternoon of 5 June (today).
The explosion occurred on the 3rd floor of the office at the busy time.
As a result of the explosion, Two civilians who were in office for the matter of company’s tax and four employees including deputy division head who were at nearby area of explosion were injured
All injured persons were sent to Yangon General Hospital for necessary treatments.
The motive of explosion was still unknown and it was under investigation.
- ymg/ MNge
#Local_News
Published_5 June 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း(အောက်လမ်း)ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်မှ ကမ်းနားလမ်းအထိ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဉ္စနတို့နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် ပြင်ပ အရပ်သား မဆုနှင်းဦးနှင့် မချယ်ရီတို့ ၆ ဦးတွင် ဒဏ်ရာ များရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာများကြောင့် လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသမှုခံယူနေကြကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်းလည်း သိရသည်။
#ymg/BM #Local_News #ပြည်တွင်းအခွန်ရုံးပေါက်ကွဲမှုဖြစ် #ဝန်ထမ်းများနှင့် အရပ်သား၆ဦးဒဏ်ရာရ #YMG #Yangon_Media_Group
Page 1181 of 2164