#Local_News
Published_ 6 June 2023
နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဗန်းမော်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံလွန်တော်မူခြင်းအတွက် သီရိလင်္ကာ၊ တရုတ်၊ ထိုင်း၊ ဂျပန်နှင့်နီပေါနိုင်ငံရှိ အဖွဲ့အစည်းများမှဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်၊၊
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ၊ထိုင်းသံဃာ့ကောင်စီဥက္ကဌ ဆရာတော်၊ ယူနန်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာ ညီလာခံအဖွဲ့၊ မြန်မာတရုတ်ဗုဒ္ဓဘာသာယဥ်ကျေးမှုမြှင့်တင်ရေးအဖွဲ့၊ နီပေါဘိက္ခုနီအသင်း၊ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီး အပါအဝင်ပြည်တွင်းပြည်ပမှအဖွဲ့အစည်း(၁၆)ဖွဲ့တို့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဈာပနအခမ်းအနားကို ဇွန်လ(၆)ရက်နေ့လည်ပိုင်းတွင် ကျင်းပခဲ့ပြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သာသနာတော်အတွက်ဆုံးရှုံးမှုဖြစ်၍ အထူးပင်ဝမ်းနည်းကြောင်း လျှောက်ထားခဲ့သည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနအခမ်းအနားနှင့်အရိုးဓာတ်ပြာတော် ရေမျှောအခမ်းအနားကိုနိုင်ငံတော် အဆင့်ဖြင့်လျော်ညီစွာ ကျင်းပလျက်ရှိပြီး TV Channelများတွင်လည်း တိုက်ရိုက်ပြသလျက်ရှိကြောင်း သိရသည်၊၊
#ymg/tthl #Local_News #သီရိလင်္ကာ၊တရုတ်၊ ထိုင်း၊ ဂျပန်၊ နီပေါ #ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ #YMG #Yangon_Media_Group
Published 6 June 2023
Pope Francis sends a condolence message to the final rites ceremony of the Chairman of the State Sangha Maha Nayaka Committee (SSMNC) Bhamo Sayadaw today.
Cardinal Charles Maung Bo, Archbishop of the Catholic Episcopal Church of Myanmar, read out the condolence message from Pope Francis.
The final rites ceremony of the Sayadaw which commences at on 6 June (today) and ashes will be set adrift into the water at 5.30 am on 7 June at Mandalay.
-ymg/knl
#Local_News
Published_ 6 June 2023
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ဘင်္ဂလားဒေ့ရှ်မှကူညီကယ်ဆယ်ရေးပစ္စည်းနှင့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်ရေယာဥ်ဖြင့်
ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူ များအားကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်၊၊
ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဥ် BNS SOMUDRA JOY(F-28)မှ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ပို့ဆောင်ပေးခဲ့ပြီး လာရောက်လှူဒါန်းသည့် ပစ္စည်းများတွင်ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ငရုတ်သီးမှုန့်၊ နနွန်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါးပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် (၁၂၀) တန်ခန့်ရှိသည်ဟုဆိုသည်၊၊
ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်၊၊
အဆိုပါ ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်ဖြင့်ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးနှင့် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဘင်္ဂလားဒေ့ရှ်မှကယ်ဆယ်ရေးပစ္စည်း #ရန်ကုန်သို့ပို့ ဆောင် #YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ရန်ကုန်မြို့တွင်းမှာ တိုက်ခန်းနှင့် အိမ်ခန်းအငှားများ အငှားလိုက်လာပြီးစျေးနှုန်းများမြင့်တက်လာကြောင်းတိုက်ခန်းငှားနေထိုင်သူ ပြည်သူတချို့ YMG ကိုပြောသည်။
လက်ရှိမှာ အရင်က စျေးနူန်း ၂သိန်းခန့်အငှားစျေးနူန်းရှိနေသည့် တိုက်ခန်းဟာ လက်ရှိမှာ ၂သိန်း၅သောင်းခန့်ပေါက်စျေးရှိ နေကြောင်း အိမ်ခြံမြေပွဲစားအချို့က ပြောသည်။
တိုက်ခန်းငှားစျေးနှုန်းများပါမကဘဲ လုံးချင်းအိမ်အငှားစျေးနှုန်းတွေလည်းမြင့်တက်လာကြောင်းသိရသည်။ရန်ကုန်မြို့ဟာ ရွှေ့ပြောင်းလုပ်သားတွေများပြာလာပြီး တစ်နှစ်ထက်တစ်နှစ် စျေးနှုန်းတက်လာဖြစ်သည်။
ဒလ မြို့နယ်ထဲက မြေစျေးနှုန်းးတချို့ဟာလည်းလက်ရှိမှာစျေးမြင့်တက်နေပြီးစလစ်မြေ ပေ ၂၀ ပေ၆၀ တစ်ကွက် ကို ငွေကျပ် ၃၀၀ ခန့်ပေါက်စျေးရှိနေကြောင်း ဒလမြို့ အိပ်ခြံပွဲစားများထံမှ သိရသည်။
#ymg/ynzw #Local_News #တိုက်ခန်းအငှားစျေးကွက်စျေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published _6 June 2023
သရုပ်ဆောင်၊ အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် Special Test Force - STF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ကာ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF. အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံတက်ရောက် ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ STF အမည်ခံအကြမ်းဖက်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ခေါင်းဆောင်၍ KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ၊ ကော့ကရိတ်မြို့ နယ်၊ ဘော်ဒိုင်းကျေးရွာအနီးရှိ STF စခန်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းနေထိုင်လျက်ရှိသည့် ဘော်ဒိုင်း ကျေးရွာအနီးရှိ စခန်းကို တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် တရားခံပြေး ဒီငြိမ်းလင်း မှ STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ၂၆ ဦးအား အဖွဲ့များခွဲကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ကော့ကရိတ်မြို့နယ်အတွင်းမှ ရန်ကုန်မြို့ သို့ ပြန်လာခဲ့ပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခုတွင် တစ်လလျှင် ၁ သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် ကောင်းဇာနည်ဟိန်း(ခ)လပြည့်သည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌လည်းကောင်း၊ ကျော်သူရ (ခ)အီးတီသည် မင်္ဂလာဒုံမြို့ နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ခု၌လည်းကောင်း ကြုံရာကျပန်းဝင်ရောက်လုပ်ကိုင်၍ တရားခံပြေး ဒီငြိမ်းလင်း မှ ခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ နေထိုင်စဉ် ကာလအတွင်း STF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေနွေတို့ ၄ ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိ နေသော STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား Telegram မှတစ်ဆင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း ၊
တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များကို Telegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့ကို တရားခံပြေး ဟေဇယ်မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့သည် ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေလ ၃၀ ရက် ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်း (ခ)လပြည့် သည် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်၊ခဲယမ်းများကို မေလ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းကို Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ယခုအခါ ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#ymg/BM #Local_News #အဆိုတော်လီလီနိုင်ကျော် #လုပ်ကြံသတ်ဖြတ်ခဲ့သူများကိုဖမ်းမိ
#YMG #Yangon_Media_Group
#Local_News
Published _6 June 2023
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ (Solutions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဖြေရှင်းကြရန်နစကဥက္ကဌကတိုက်တွန်း လိုက်သည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်က ပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ကျင်းပစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ယခုနှစ်ဆောင်ပုဒ်ဖြစ်သော“ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံး ဖြေရှင်းဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်း ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ပတ်လည် စီးပွားရေးလုပ်ငန်း(Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးခြင်းအဓိပ္ပါယ်သက်ရောက်ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် တစ်နှစ် လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀,၀၀၀ နှင့် အထက်ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်က ထုတ်ပြန်သည့်သတင်းအချက်အလက်များတွင် ဖော်ပြထားကြောင်း သိရသည်။
ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်း ပလတ်စတစ်အမှိုက်ဝင်ရောက်မှု ပမာဏမှာ တစ်နှစ်လျှင်တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါးတိုးလာနိုင်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က သိရသည်။
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ(The State of World Fisheries and Aquaculture 2022)” တွင် ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရှိရကြောင်း၊ စွန့်ပစ်ထားသည့်ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့ သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ်အမှိက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။
အာဆီယံဒေသတွင်း အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာ နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း”၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ် များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဌ ကပြောသည်။
မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်း များကိုစနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်၍ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျပြုပြင်ထိန်းသိမ်း စိုက်ပျိုး ထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ကြောင်း၊ ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း အနေဖြင့်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း
ပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲ ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရန်၊ မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန်ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေး အတွက်အထူးအလေးထားရန် ၊ နိုင်ငံ အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်နှင့် အမှိုက်ခွဲခြားသိမ်းဆည်းသည့် စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော်ရန်လည်း နစကဥက္ကဌက ပြောသည်။
ယင်းအခမ်းအနားတွင်နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်(UNEP)၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုကိုပြသခဲ့ကြောင်း သိရသည်။
#ymg/BM #Local_News #ပလတ်စတစ်ညစ်ညမ်းမှု
#YMG #Yangon_Media_Group
#Local_News
Published_ 5 June 2023
လတ်တလောမှာ မုတ်သုန်အားကောင်းနေသလိုမိုးတိမ်တောင်တွေလည်းဖြစ်ထွန်းနေလိုရန်ကုန်တိုင်းအပါအဝင် ဒေသအချိုမှာမိုးသည်းထန်တာ၊လေပြင်းတိုက်ခတ်တာ၊မိုးခြိမ်းတာ၊မိုးကြိုးပစ်တာ တွေဖြစ်ပေါ်လာနိုင်တယ်လိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #ဒေသအချို့ ၌မိုးကြီးခြင်း #လေပြင်းတိုက်ခြင်း
#YMG #Yangon_Media_Group
Page 1180 of 2164