Published_ 5 September 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အရက်မူးပြီး သောင်းကျန်းသည့် အတွက် မြန်မာအလုပ်သမား
တစ်ဦး အဖမ်းခံရကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက် ည ၉ နာရီကျော်အချိန်ခန့်ကမဲဆောက်-မယ်တောင်လမ်းအနီးမှာ အသက် ၄၂ နှစ်အရွယ် ဦးဇင်ဆိုသူသည် အရက်မူးပြီး အော်ဟစ်သောင်းကျန်းနေသည့် အတွက် ဒေသခံ ပြည်သူ များက တိုင်ကြားရာ မှ မဲဆောက် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ အရက်မူးပြီး သောင်းကျန်း သည့် မြန်မာ အလုပ်သမား ကို မဲဆောက်ရဲတပ်ဖွဲ့မှ
မူးယစ်ရမ်းကားမှု ဖြင့် အမှု ဖွင့် အရေးယူဆောင် ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် မဲဆောက်မြို့တွင် မြန်မာအလုပ်သမား များစွာ နေထိုင်သည့်မြို့နယ် ဖြစ်ပြီး ယခု ကဲ့သို့ မူးယစ်ရမ်းကားခြင်းများ၊ကျယ်လောင်စွာ သီချင်းများ ဖွင့်ခြင်းတို့ကြောင့်ဒေသခံ ထိုင်းနိုင်ငံသား တို့ရဲ့ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရသည့် မြန်မာ နိုင်ငံသားများစွာ ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
Published_ 5 September 2023
ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ပေဝက်ခန့်မြင့်တက်လာမည်ဟု ယနေ့ နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
မိုး/ဇလ၏ ယနေ့ နံနက် (၇)နာရီ မိနစ် (၃၀)အချိန် တိုင်းထွားချက်အရ လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်လက်မခန့်ကျော်လွန် ရောက်ရှိနေကြောင်း ဆိုသည်။
ဧရာဝတီမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်ဟု သိရသည်။
ယင်းအတွက် ဧရာဝတီမြစ်ကမ်းနဘေးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အကြံပြုထားသည်။
စက်တင်ဘာ (၄)ရက်နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်ပေါ်၌ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့နေသည်။
ပြီးခဲ့သော ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တစ်နိုင်ငံလုံးရှိ မြစ်ကြီးများတွင် စိုးရိမိရေမှတ်အထက် မြစ်ရေမြင့်တက်မှုများ ကြုံခဲ့ရသေးသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 4 September 2023
၁။ လာမည့်ပွင့်လင်းရာသီတွင် ရွှေစက်တော်မန်းချောင်းဆင်စခန်းကို နိုင်ငံခြားခရီးသွားများ ဝင်ရောက်ရန်ရှိ
၂။ မလေးရှားနိုင်ငံရှိ အေဂျင်စီတွေက ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို အလုပ်ခေါ်စာအတု လိမ်လည်ရောင်းချမှုတွေရှိနေ
၃။ ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရရှိထားပြီး ၊ အိုလံပစ်အဆင့်တွင် (၂၁) ရရှိထားပြီဖြစ်
၄။ ပြည်တွင်းစစ်ပွဲများကြောင့် ဆူဒန်နိုင်ငံတွင် လောင်စာဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရရှိထားပြီး ၊ အိုလံပစ်အဆင့်တွင် (၂၁) ရရှိထားပြီဖြစ်
သက်ထားသူဇာအနေနဲ့ ပြီးခဲ့တဲ့ အဂ်ါနေ့က ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၄၈)ကို စတင်ရောက်ရှိ
Yangon_Times/MY
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
မလေးရှားနိုင်ငံရှိ အေဂျင်စီတွေက ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို အလုပ်ခေါ်စာအတု လိမ်လည်ရောင်းချမှုတွေရှိနေ
မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေဟာ ပြည်တွင်းမှာရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေကို အလုပ်ခေါ်စာအတုတွေ လိမ်လည်ရောင်းချတာတွေ ရှိနေတာကြောင့် ပြည်တွင်းက အေဂျင်စီတွေအနေနဲ့ သတိထား လုပ်ဆောင်ကျဖို့ အလုပ်သမား ဝန်ကြီးဌာနက သတိပေးထားပါတယ်။
Yangon_Times/LW
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
ရွှေစက်တော် မန်းချောင်းဆင်စခန်းကို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်
‘ရွှေစက်တော်မန်းချောင်းဆင်စခန်းမှာ ဆင်တွေကို အစာကျွေးနိုင်သလို တောတောင်သဘာဝနဲ့နီးစပ်ပြီး သဘာဝအငွေ့အသက်တွေကိုခံစားကာ အပန်းဖြေနိုင်တဲ့အတွက် နိုင်ငံတကာခရီးသွားတွေကြိုက် နှစ်သက်ကြတယ်’ ... ရွှေစက်တော်မန်းချောင်းဆင်စခန်းတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
လူကိုယ်တိုင်မလာရဘဲ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ပေးနေသည့် OWICကတ်များမှာ အတုများသာဖြစ်ဟုဆို
ပြည်ပကို ထွက်ခွာမယ့်အလုပ်သမားတွေ မဖြစ်မနေလျှောက်ထားရမယ့် OWIC ကတ်ကို အွန်လိုင်းကနေတစ်ဆင့် အခကြေးငွေယူပြီး လုပ်ဆောင်ပေးနေတာတွေဟာ လိမ်လည်ပြီး ကတ်အတုများ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
Page 1144 of 2278