#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဗီယင်နာမြို့အခြေစိုက် United Nations အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များက ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပတဲ့ အထွေထွေညီလာခံများ၊ အစည်းအဝေး များတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_30 January 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က ကျောက်စိမ်းတွင်းဟောင်း၏ ကမ်းပါးပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသည့် ရခိုင်တိုင်းရင်းသား၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ ၄ ဦးက ကျင်းတစ်ခုတည်းတွင် လေးပေကျင်းတူးနေကြစဉ် ပေ ၁၀၀ ကျောခန့် အမြင့်ရှိသည့် တွင်းဟောင်းမြေစာပုံ ကမ်းပါးက ပြိုကျပိမိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"မြေကြီးပိတာတွေကို ဖယ်ထုတ်ပြီး ဝှေခါ သုဿာန်ကို သယ်တယ်။ အဲဒီမှာ သဂြိုလ်လိုက်ကြတယ်"ဟု မြတ်ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 January 2023
ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ယခုလဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းဖုန်းအော်ပရေတာများမှ ထပ်မံအသိပေးထားသည်။
ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြန်လည်စစ်ဆေးကြရန် လိုအပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖုန်းဆင်းကတ်များ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တွင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၃၀ ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်အပါတ်ထက် ၁၀ ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်းသိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၇၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်းသိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _30 January 2023
ထိုင်းနိုင်ငံ ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC) တွင် ထိန်းသိမ်းထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပြီးနောက် ရက်ပိုင်းအတွင်း ပြန်ပို့မည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
၎င်းတို့က ဇန်နဝါရီလ ၂၈ ရက်တွင် နေရပ်ပြန်လိုကြောင်း ထိန်းသိမ်းရေးစခန်းအတွင်း၌ ဆန္ဒပြခဲ့ကြသည့်အတွက် ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးတင်အောင်က IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ထိန်းသိမ်းထားသူ ၆၀၀ ဦးအနက် ဖေဖော်ဝါရီလ ၂ ရက်တွင် လူ ၂၂၀ ဦးကို ပြန်ပို့ပေးမည် ဖြစ်ပြီး ကျန်သူများအား ဖေဖော်ဝါရီလ ၈ ရက် နှင့် ၁၅ ရက်တို့တွင် ပြန်ပို့မည် ဖြစ်ကြောင်း ၊ ကော့သောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#LocalNews
Published _29 January 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးကို ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် နစက ဆန့်ကျင်အဖွဲ့တစ်ဖွဲ့က မီးရှို့ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့်ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများထားရှိသည့် သွပ်မိုး၊အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1147 of 1894