#Local_News
Published-3-September-2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်ရှိ မင်းဒင်မှတ်တိုင်အနီးတွင် စက်တင်ဘာ (၂) ရက်ည (၁၀) နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံကသိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်တွင် ပါရှိသည့် အမျိုးသားလေးဦးအနက် သုံးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
"သုံးယောက်မှာ တစ်ယောက်က အနီရောင်အဆင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေထားရှိတယ်၊တစ်ယောက်က ခြေထောက်ထက်ပိုင်းကျိုးသွားတယ်၊
ကျန်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရအနေထားမှာ ရှိပါတယ်"Medical လူငယ်များလူမူကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို လူမှုကူညီရေး အသင်း ကားများဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/my #Local_News #သင်္ဃန်းကျွန်းမြို့နယ် #ဓာတ်တိုင်ကိုဝင်တိုက်၊ (၃) ဦး ထိခိုက်
#Yangon_times
၃ စက်တင်ဘာ ၂၀၂၃
နှစ်ပေါင်း သုံးဆယ်နီးပါး တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ရပ်တန့်ခဲ့ပြီးနောက် မြန်မာနှင့်ရုရှား အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုကို လာမယ့် အင်္ဂါနေ့မှာ စတင်တော့မယ်လို့ ရုရှား TASSသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။
ရုရှားနိုင်ငံ လေကြောင်းပျံသန်းရေးဖက်ဒရယ်အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားတဲ့ အဆိုပါသတင်းမှာ အေဂျင်စီဟာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAIကို မန္တလေး- နိုဗောင်းဆီဘစ်-မန္တလေး ခရီးစဉ်ပျံသန်းဖို့ခွင့်ပြုလိုက်တယ်လို့ဖော်ပြထားပါတယ်။
“ အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံတကာလေကြောင်းလိုင်းဟာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်။ A319 အမျိုးအစားလေယာဉ်နှင့် တစ်ပတ်ကိုနှစ်ကြိမ်ပျံသန်းမှာ ဖြစ်ပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၁၉၆၂ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ရုရှားရဲ့ အေရိုဖလုပ် Aeroflot လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ရန်ကုန်ကို ပျံသန်းပြေးဆွဲပေးခဲ့ပါတယ်။ MAI ဟာ နိုဗောင်းဆီဘစ်နှင့် မန္တလေးကို စက်တင်ဘာ ၅ရက်မှစတင်ပျံသန်းပြေးဆွဲပါမယ်။ ခရီးစဉ်ဟာ တစ်ပတ်ကို အင်္ဂါနေ့နှင့် စနေနေ့တိုင်း နှစ်ကြိမ်ပျံသန်းပေးမှာဖြစ်ပြီး လေယာဉ်ခမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဆိုပါတယ်။
လေယာဉ်ဟာ အင်္ဂါနှင့် စနေနေ့တိုင်းမှာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ မွန်းလွဲ ၂း၀၅ နာရီတွင် ထွက်ခွာပြီး မန္တလေး တံတားဦးနိုင်ငံတကာ လေဆိပ်ကို ညနေ ၃း၁၀ နာရီတွင် ဆိုက်ရောက် မှာဖြစ်ပါတယ်။ အဲဒီကမှ ညနေ ၄း၁၀ နာရီတွင်ထွက်ခွာပြီးနောက် ရုရှားနိုင်ငံ နိုဗောင်းဆီဘစ် လေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁း၁၀တွင်ဆိုက်ရောက်မှာဖြစ်ပါတယ်။
အပြန်ခရီးစဉ်မှာ နိုဗောင်းဆီဗစ်မှ ညသန်းခေါင် ၁၂း၁၀ နာရီတွင်ထွက်ခွာပြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မနက် ၅း၅၅ နာရီတွင်ဆိုက်ရောက်ပါလိမ့်မယ်။ မန္တလေးတံတားဦး လေဆိပ်မှ မနက် ၆း၃၅ နာရီတွင်ထပ်မံထွက်ခွာ၍ ရန်ကုန်နိုင်ငံတကာလေဆိပ်သို့ မနက် ၇း၄၀ နာရီတွင် ဆိုက်ရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
‘ဧရာဝတီမြစ်ထဲမှာတော့ နှစ်စဉ်မိုးတွင်းရေတက်ချိန်ရောက်တိုင်းရေဝဲတွေဖြစ်ပေါ်လေ့ရှိတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဆိုရင်အရင်တုန်းကရေဝဲသုံးခုလောက်ရှိတယ်။ လှေတွေသဗ္ဗာန်တွေ တော့မှောက်နိုင်တယ်။ သင်္ဘောတွေကတော့ရှောင်မောင်းရတာပေါ့’အငြိမ်းစားလက်ထောက် ရေလမ်းပြအရာရှိတစ်ဦး
Published_ 3 September 2023
#ရေဝဲပေါ်ခြင်း #ဧရာဝတီမြစ်
#tthl
#Yangon_Times
Published-2 September 2023
ဖရီးဘားမားရိန်းဂျား Free Burma Rangers လိုမျိုး အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် စစ်ဆင်ရေးဆက်လက်ဆောင် ရွက်မသွားမယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက YMG နဲ့ သီးခြား အမေးအဖြေမှာ ပြောပြပါတယ်။
#Daily_News
Published_ 2 September 2023
၁။ ကြက်ဥဈေးပုံမှန်ရှိနေပြီး ဘဲဥပြန်ပေါလာသဖြင့် ဘဲဥဈေးအနည်းငယ်ပြန်ကျလာ
၂။ ကိုဗစ်ကာလ နောက်ပိုင်းထိုင်းနိုင်ငံသို့ MOU မြန်မာလုပ်သားတစ်သိန်းခွဲကျော်စေလွှတ်နိုင်ခဲ့
၃။ Quick Win စီမံချက်အရ ကားမောင်းနှင်နေချိန် လက်ကိုင်ဖုန်းအသုံးပြုပါက ထိရောက်စွာအရေးယူတော့မည်
၄။ ကားအစီးရေ(၇,၀၀၀)ကျော်တင်ဆောင်နိုင်မည့် လောင်စာနှစ်မျိုးသုံးအကြီးဆုံးသင်္ဘောကြီးအား တရုတ်တွင်ထုတ်လုပ်ပြသ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
အရေးယူမှုကို ယခုလ စက်တင်ဘာ (၁)ရက်မှာ စတင်လုပ်ဆောင်နေ
Published_ 2 September 2023
#Quick_Win #လက်ကိုင်ဖုန်းအသုံးပြုပါ
#YMG/my
#Yangon_times
၂၀၂၂ခုနှစ်မေလကစတင်ပြီး ထိုင်းငံသို့ MOU မြန်မာအလုပ်သမား စေလွှတ်မှု ပြန်လည်စတင်ခဲ့ရာ ၂၀၂၃ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့အထိ အမျိုးသားအလုပ်သမား ၁၀၀၃၄၄ ယောက်၊ အမျိုးသမီးအလုပ်သမား ၅၇၀၀၉ ယောက် စုစုပေါင်း ၁၅၇၃၅၃ ယောက် အထိစေလွှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Published_ 2 September 2023
#MOU #မြန်မာအလုပ်သမား
#YMG/LW
#Yangon_Times
Page 1148 of 2278