Published 26 December 2023
ကြံကြိတ်ခွဲရာသီဖြစ်သော်လည်း ကမ္ဘာ့သကြားဈေးမြင့်တက်နေသောကြောင့် မြန်မာ့သကြားဈေးနှုန်းမှာလည်း အမြင့်ပိုင်း၌သာရှိနေကြောင်း သကြားဈေးကွက်အတွင်းမှ သိရသည်။
' လက်ရှိကကြံကြိတ်ခွဲနေတဲ့ရာသီဖြစ်ပေမယ့်ကမ္ဘာ့သကြား ဈေးတက်နေတော့ ပြည်တွင်းဈေးကပါလိုက်ကောင်းနေတယ်၊ပြည်ပတင်ပို့မှာတွေလည်းရှိတယ်လေ၊ပြည်တွင်းလည်းသုံးတာကိုး၊အရောင်းအဝယ်က ဒီလိုပဲမှန်မှန်လေးပဲ ၊ဈေးကျဖို့သိပ်မရှိပါဘူး' ' ဟု ဘုရင့်နောင်မှသကြားပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။
လတ်တလော တွင် ဘုရင့်နောင်ဈေးကွက်၌သကြားတစ်ပိသာလျှင်၄၀၀၀ ကျပ် ဝန်းကျင်အထိဈေးနှုန်းရှိနေပြီး တစ်လအတွင်းကျပ်၂၀၀အထိဈေးနှုန်းပိုရလာကြောင်း သိရသည်။
ပြည်တွင်းစားသုံးမှုထက်ပိုလျှံသည့်သကြားအား ဗီယက်နမ်နိုင်ငံသို့အဓိကတင်ပို့လေ့ရှိပြီး မြန်မာ့သကြားအဓိကဝယ်လက်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာစသည့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၅ ခုမှ သကြားထုတ်ကုန်များကို တင်သွင်းနေခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published-26 December 2023
ယခုဒီဇင်ဘာလအတွင်း တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့်လုပ်သား၄၂၀ကျော်စေလွှတ်ထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှသိရသည်။
ထိုသို့စေလွတ်ရာတွင် ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ်၁၅၀ဦးအားဒီဇင်ဘာ၁၉ရက်တွင် စေလွှတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ယနေ့ဒီဇင်ဘာ၂၆ရက်တွင်လည်း ကုန်ထုတ်လုပ်သားသစ် (၂၀၈) ဦးနှင့် Re-entry လုပ်သား ၆၃ ဦး စုစုပေါင်း လုပ်သား ၂၇၁ ဦးကိုစေလွတ်ခဲ့ရာ၄င်းတို့သည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published-26 December 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ကျောက်ရထားနှင့် သံလမ်းကူးမှာ ပျက်၍ပြုပြင်နေသည့် ထော်လာဂျီတိုက်မိပျက်စီး ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်၊ ညနေပိုင်းက သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၌ မောင်းနှင်လာသော ထော်လာဂျီတစ်စီးမှာ ရထားသံလမ်းကူးအရောက်၌ စက်ပျက်၍ ရပ်တန့်၍ပြုပြင်နေစဉ် ကျောက်များတင်ဆောင်ကာ မောင်းနှင်လာသော ကျောက်တင်ရထားက တိုက်မိခဲ့ရာယာဉ်မောင်းမှာ ထော်လာဂျီအား ပြုပြင်နေစဉ် ရထားမောင်းနှင်လာသည်ကို တွေ့ရှိ၍ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရိြှခင်း မရှိကြောင်း သိရသည်။
သို့သော် ဖြစ်စဉ်ကြောင့် ရထားမှာ တွဲဆိုင်းအချို့ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားလည်း ပျက်စီးခဲ့သည့်အတွက် သက်ဆိုင်ရာ မှ ဆက်လက်စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 26 December 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ _၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးစီမံကိန်းတွင် အသုံးပြုရန် အတွက် Mobile Tablet နှင့်ဆက်စပ်ပစ္စည်းများကို မြန်မာကျပ်ငွေဖြငိ့ဝယ်ယူရန် တင်ဒါခေါ်ယူကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ကြေညာထားသည်။
အဆိုပါ ပစ္စည်းများ ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုသဖြင့် ဌာန မှ သတ်မှတ်ထားသည့်Specification များ ကို တိကျမှန်ကန်စွာ တင်သွင်းနိင်သည့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များ ကို အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
ဝယ်ယူမည့် ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များ ကို တင်ဒါစည်းကမ်းချက်တွင် ပူးတွဲဖေါ်ပြထားကာ ယင်းတင်ဒါဖောင် တစ်စောင် လျှင် တစ်သောင်းကျပ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
တင်ဒါဖောင်များ ကို ဒီဇင်ဘာ ၂၆ရက်မှ ဇန်နဝါရီ ၈ ရက် အထိရောင်းချပေးကာထောက်ပံဌာနခွဲ ပြည်သူ့အင်အားဦးစီးဌာန လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် ၄၈ နေပြည်တော် တွင်တင်ဒါတင်သွင်းရမည်ဖြစ်ကာ ဇန်နဝါရီ ၈ရက် ညနေ ၄နာရီ၃၀မိနစ် တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
တက်စီသမားတွေ အရေးပေါ်အခြေအနေကြုံလာရင် အချက်ပြမီးခလုတ်ကို နှိပ်ရပါမယ်၊ သူ့ကိုကားပေါ်မှာ နုကြမ်းစီးတာတို့ တခြားအခက်အခဲကြုံလာရင် အချက်ပြမီးကိုနှိပ်လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေသိနိုင်မယ်၊သက်ဆိုင်ရာကလည်း ကူညီပေးလို့ရအောင်လို့ပါ ' Yangon City Taxi Association (YCTA)ဥက္ကဌဦးအောင်ဇော်မိုး
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
စက်သုံးဆီ အခက်ခဲတွေကြောင့် သယ်ယူပိုဆောင်ရေးစရိတ်တွေ ယခင်ထက် ပိုမိုကုန်ကျလာပေမယ့် ဈေးကွက်အခြေနေအရ ဈေးတိုးမြင့်ရောင်းချလို့ မဖြစ်နိုင်တာကြောင့် အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေ အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးက အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
‘ အီးမေးလ်တွေမှာပါတဲ့ Microsoft Word ဖိုင်တွေကို ဖွင့်ကြည့်မိပါက Microsoft Windows Support Diagnostic Tool (MSDT) ရဲ့ လုံခြုံရေးအားနည်းချက်ကို တိုက်ခိုက်ပြီး တိုက်ခိုက်ခံရသူရဲ့ ကွန်ပျူတာတစ်ခုလုံး ကို ထိန်းချုပ်ကာ သတင်းအချက်အလက်တွေကို ခိုးယူတာ၊ ဖျက်ဆီးတာနဲ့ ဖွင့်ချတာတွေကိုဆောင်ရွက်နိုင်တယ်’မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ (MMCERT)
‘ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသုံးကွန်ပျူတာတွေကို အမြဲအပ်ဒိတ်ပြုဖို့နဲ့ Antivirus ဆော့ဖ်ဝဲတွေနဲ့အမြဲတမ်းအပ်ဒိတ် လုပ်ထားဖို့လိုအပ်တယ်’ အိုင်တီဆော့ဝဲလ်ကုမ္ပဏီတစ်ခုမှ အိုင်တီကျွမ်းကျင်သူတစ်ဦး
Yangon_Time/tthl
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Page 1139 of 2478