#Local_News
Published _8 July 2023
၅၀၅ (က)ဖြင့်အမှုဖွင့်ကာအရေးယူခံထားရသော အနုပညာရှင်များဖြစ်ကြသည့်မေပန်းချီ(ခ) မေပန်းချီစိုးနောင်၊ မေလသံစဉ်၊ မြတ်သူသူ(ခ) မိုးမိုးမြတ်ဇင်၊
ရွှေရည်သိန်းတန် နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေ တို့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ယင်းအနုပညာရှင်များနှင့် နီးစပ်သူများက ဆိုသည်။
"ဟုတ်ပါတယ်ရှင့်၊ မရွှေရည်ပြန်ရောက်နေပါပြီ။ မေပန်းချီတို့၊ မေလသံစဉ်တို့ ၊ မြတ်သူသူတို့လည်း ပါဝင်တယ်လို့သိရပါတယ်"ဟု ရွှေရည်သိန်းတန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
သရုပ်ဆောင် မေပန်းချီမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန်၊ မေလသံစဥ်တို့မှာ ပြီးခဲ့သည့် ဧပြီလအတွင်းက အဖမ်းခံခဲ့ရကာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြခြင်းလည်း ဖြစ်သည်။
သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ယခု ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ၎င်းအားစွဲဆိုထားသည့်အမှုကို ထောင်အတွင်း ရင်ဆိုင်နေရပြီး အမှုမပြီးပြတ်သေးမီ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
#Yangon_Times
#Daily_News
Published_ 7 July 2023
၁။ ကလေးငယ်များဖျားလျှင် ရာသီတုပ်ကွေးထင်ပြီး မပေါ့ဆသင့် သွေးလွန်တုပ်ကွေးဖြစ်နိုင်ဟုဆို
၂။ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့အဆိုပြုလွှာပေးပို့ထားပြီဖြစ်ဟုဆို
၃။ MFF Carabao Futsal Amateur Cup 2022 ဘောလုံးပြိုင်ပွဲ Black Cross FC က City Dagon FC (၈-၆) ဂိုးဖြင့် အနိုင်ရ
၄။ မက္ကဆီကိုမြို့လေးမှမြို့တော်ဝန်နှင့် တွားသွားသတ္တဝါတစ်ကောင် ထိမ်းမြားလက်ထပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့ အဆိုပြုစာတွဲပေးပို့ခဲ့ပြီးဖြစ်တယ်’
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး
#Local_News
Published 7 July 2023
#ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထား
#Tthl
#Yangon_Time
‘ဒီအချိန်မှာ ကလေးတွေဖျားရင် ရာသီတုပ်ကွေးဆိုပြီးမပေါ့ဆသင့်ဘူး။ သွေးလွန်တုပ်ကွေးဖြစ်တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ဆေးရုံ၊ ဆေးပေးခန်းတွေမှာ သေချာသွားရောက်ကုသသင့်တယ်’ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုး
#Local_News
Published 7 July 2023
#ရာသီတုပ်ကွေးထင်ပြီးမပေါ့ဆသင့်
#Tthl
#Yangon_Time
‘မြန်မာမှာတော့ ရွှေထည်တွေကို ရွှေသားထူထူဝယ်ယူကြပေမယ့် နိုင်ငံတကာမှာတော့ ဒီဇိုင်းဦးစားပေးရွှေထည်ပါးပါးတွေနဲ့ 3D Cutting တွေကိုကြိုက်နှစ်သက်ကြတယ်။ လက်ရာပိုင်းကြိုက်ဖို့ လိုအပ်နေသေးတယ်’ ဦးမျိုးမြင့် (ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ)
#Local_News
Published 7 July 2023
#မြန်မာ့ရွှေထည်
#Tthl
#Yangon_Time
#Local_News
Published 7 July 2023
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ်တွင် အိမ်စီးကားနှင့်ဖယ်ရီကားတို့ဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၆ ရက် ည ၈ နာရီအချိန်ခန့်က လှိုင်သာယာအရှေ့ပိုင်း၊ ရန်ကုန်-ညောင်တုန်းလမ်း အောက်ထိပ်မှတ်တိုင်အနီး ဖယ်ရီကားကို အိမ်စီးကားက အရှိန်လွန်၍ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ဖယ်ရီကားက တိမ်းမှောက်သွားခဲ့ပြီး ယာဥ်မောင်းက ခြေထောက် ၂ ဖက်လုံးထိသွားတယ်။ အိမ်စီးကားပေါ်က လူ ၂ ယောက်ကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်စရာမရှိပါဘူး"ဟု မေတ္တာပါရမီလူမှုကူညီရေးအသင်းက သိရသည်။
ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင်များသွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအား မေတ္တာပါရမီလူမှုကူညီရေးအသင်းယာဥ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ယာဥ်၂စီးတိုက်မိ၍၃ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times/BM
#Local_News
Plublish- 7 -7 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတော(ဒေသအခေါ်) တံတားတစ်စင်းမှာ ယမန်နေ့ ညနေ (၃) နာရီ ခွဲအချိန်တွ မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံက သိရသည်။
ယင်းတံတားမှာ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွားတောင်တက် ကားလမ်းပေါ်တွင် ရှိပြီး၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် တံတားအလယ်တွင် ခြောက်ပေပတ်လည် အပေါက်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ဖောက်ခွဲခံရတာတော့ မှန်ပါတယ်။ ကျန်တာတွေတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ တံတားကိုလည်း ပြန်ပြင်ဆင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ ကျန်တာတော့ဘာမှထပ်မကြားသေးဘူး”ဟု ဒေသခံလူမှု ကူညီရေးအဖွဲ့ က ပြောသည်။
မိုင်းဖောက်ခွဲခံရအပြီးတွင် ကျိုက်ထီးရိုးတောင်ပေါ်မှ ပြန်လည်ဆင်းလာမည့် ဘုရားဖူးများနှင့် ဘုရားဖူးခရီးသည်များ သယ်ယူပို့ဆောင်နေသည့် ကား(၅) စီးခန့် ပိတ်မိနေကြောင်း သိရသည်။
ကျိုက်ထီးရိုးတောင်ပေါ်တွင် ပိတ်မိနေသော ဘုရားဖူးများနှင့် ဘုရားဖူးကားများကို ယနေ့ ဇွန်(၇)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တောင်တက်ကားအသင်းတို့က တောင်ခြေသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ကို ဆက်သွယ်စုံစမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
ပြီးခဲ့သော ဇွန် (၂၉) ရက်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်ချောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတား၏ အကျယ်ထက်ဝက်ကျော်ခန့် ပြိုကျပျက်စီမှု ဖြစ်ပွားခဲ့ကာ အိမ်စီးကား နှစ်စီးပြုတ်ကျ၍ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ CJ
#YMG/MY #Local_News #လေးဖာတောတံတားတစ်စင်း မိုင်းခွဲဖျက်စီးခံရ
#Yangon_Times
Page 1137 of 2164