မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း(၆)မျိုး ပြီးစီး
‘ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ မွမ်းမံထိန်းသိမ်းဖို့ လမ်းညွှန်ချက်လုပ်ငန်းစဉ် (၁၅)မျိုးရှိတဲ့အနက် နန်းတော်တောင်ဘက် အသစ်ခင်းထားတဲ့ ကြမ်းခင်းတွေမှာ အသံမမြည်စေရေး ပြုပြင်ဆောင်ရွက်မှုစတဲ့ လမ်းညွှန်ချက်လုပ်ငန်းစဉ်(၆)မျိုး(၁၀၀)ရာခိုင်နှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၉)မျိုးကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ’ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published_ 11 September 2023
စက်တင်ဘာလဒုတိယ(၁၀)ရက်ပတ်တာဖြစ်သည့်စက်တင်ဘာလ(၁၁)ရက်မှ(၂၁)ရက်အတွင်း လေဖိအားနည်းတစ်ကြိမ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းပါကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာ်မှုဦးစီးဌာနမှသိရသည်။
အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄ မှ၂၀) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားရန်ရှိသော်လည်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် ရွာသွန်းမြဲထက်မိုးပိုရွာရန်ရှိသည်ဟုဆိုသည်။
မိုးရွာသွန်းမှုအခြေအနေအဖြစ် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာစစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
အရင်းနှီးနည်းပြီး ရောင်းလွယ် ဝယ်လွယ်တာကြောင့် ဆိတ်မွေးမြူသူ များလာ
ရင်းနှီးမြုပ်နှံရတဲ့ ငွေပမာဏနည်းပြီး အရောင်းလွယ် အဝယ်လွယ်တာကြောင့် နွားမွေးမြူရေး လုပ်သူများက ဆိတ်မွေးမြူရေးလုပ်ငန်းဘက်ကို ပြောင်းလဲလုပ်ကိုင်လာတယ်လို့ ဆိတ်မွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
ဒေသအသီးသီးရှိ ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စထိုးပေးမည်
‘မကွေးတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းသူတွေကို စက်တင်ဘာလ (၁၈)ရက်မှ(၂၉)ရက်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စထိုးပေးဖို့ ရှိပါတယ်။ ကန်ဒေါ်လာ၄.၅ တန်ဖိုးရှိတဲ့ဆေးကို အခမဲ့ထိုးပေးသွားမှာဖြစ်ပါတယ်’ ဒေါက်တာနန္ဒဝင်း(မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published_ 11 September 2023
YBS နံပါတ် ၇၆ ပေါ်က ပြုတ်ကျ၍ ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်က လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု သာကေတမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အနော်မာ မှတ်တိုင်အနီးတွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ကြောင်းသာကေတမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရသည်။
ပြည့်ကျပ်နေသော အဆိုပါကားပေါ်အတက်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နောက်ဘီးဖြင့် တက်ကြိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊သေဆုံးသူနှင့်ဒဏ်ရာ ရသူ နှစ်ဦးတို့မှာ အသက် ၂၀ ခန့်အရွယ် လူငယ်များဖြစ်ကြကာ ခရီးသည်များကြိတ်တိုးဝှေ့၍ YBS ပေါ်တက်သည့်အချိန်နှင့် ယာဉ်အးထွက်သည့်အချိန် တိုက်ဆိုင်ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တစ်ယောက်က သေတယ်၊တစ်ယောက်က နဖူးပေါက်တယ်၊ သေသူရော ဒဏ်ရာ ရသူရော ရန်ကုန်ဆေးရုံကြီးကိုပို့လိုက်ပါတယ်"ဟု သာကေတလူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
အဆိုပါအခင်းဖြစ်နေရာသို့အမတ္တဂဝေသီလူမှုကူညီရေးအသင်း ၊မနောဖြူလူမှုကူညီရေးအသင်း သာကေတလူမှုကူညီရေးအသင်းတို့က လိုက်ပါကူညီပေးခဲ့ကြကြောင်းသိရသည်။
Yangon _Times/PP
#Local_Nwes
#YMG #Yangon_News
၁၁ စက်တင်ဘာ ၂၀၂၃
ရုရှားနိုင်ငံမှ ရေနံထုတ်ကုန်များ ဝယ်ယူရာတွင် တရုတ်ယွမ်ငွေဖြင့်ပေးချေနေတယ်လို့ မြန်မာနစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်ကပြောကြားလိုက်တယ်လို့ Sputnik သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။
မြန်မာနှင့်ရုရှားတို့ဟာ နိုင်ငံတွေရဲ့ငွေကြေးတွေကို အပြန်အလှန်ပြောင်းလဲခြင်းအတွက်လည်း စီစဉ်နေတယ်လို့ ဒေါက်တာကံဇော်က ဆက်လက်ပြောဆိုပါတယ်။
“ ကျွန်တော်တို့ဟာ လောလောဆယ် ရူဘယ်ကိုမသုံးသေးဘဲ ယွမ်ကိုသုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကျပ်-ရူဘယ် အပြန်အလှန်ပြောင်းလဲခြင်းသဘောတူညီချက်အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။ မကြာမီမှာ လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်လို့ ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့မှာ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ်တက်ရင်းရောက်ရှိနေတဲ့ ဒေါက်တာကံဇော်က Sputnik ကို ပြောပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံဟာ ရုရှားနှင့် ခရီးသွားကဏ္ဍသဘောတူညီချက်လည်း ယခုဖိုရမ်နှင့်ဆက်စပ်ပြီး မကြာမီ အပြီးသတ်လိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့လည်း ဒေါက်တာကံဇော်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းက ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားထံမှ ရေနံထုတ်ကုန်များကို စတင်ဝယ်ယူနေပြီလို့ Sputnik ကိုပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
(၈)ကြိမ်မြောက် အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့ရဲ့ အရှေ့ဖျားဒေသ ဖက်ဒရယ်တက္ကသိုလ်ဝင်းထဲမှာ စင်တက်ဘာ ၁၀ရက်မှ ၁၃ရက်အထိကျင်းပနေပြီး မြန်မာနိုင်ငံမှ နစကဝန်ကြီးများတက်ရောက်လျက်ရှိနေတာဖြစ်ပါတယ်။
၁၀ စက်တင်ဘာ ၂၀၂၃
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေးဆောင်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်သူ့စစ်ဌာနခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
စက်တင်ဘာ ၁၀ရက် မနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတွေ့ဆုံရာမှာ ယခုလိုတိုက်တွန်း ခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန် လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက်ယူခြင်း လုပ်ငန်းများကို ဆောင် ရွက် နိုင်မှာဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောဆို ပါတယ်။
ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့၏ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက် နေသည့်အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုတယ်လို့လည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့် ပေးနေ သည့် အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်း အောင် တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူတွေဖြစ်တယ်လို့လည်းဗိုလ်ချူပ်မှူးကြီး က ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆို လျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းနေကြတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထောက်ပြပြောဆိုခဲ့ပြီး ဒေသကိုအခြေခံ သည့် ဖက်ဒရယ်စနစ်သည်သာလျင် မြန်မာနိုင်ငံနှင့်အသင့်တော်ဆုံး ဖြစ်တယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။
အဲဒီ့အပြင်ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အနေ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာ နိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေသခံပြည်သူ့စစ်ခေါင်းဆောင်များကလည်း ဒေသတွင်း၌ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ ဒေသခံများအနေဖြင့် ဒေသ စွန့်ခွာတိမ်းရှောင်နေရသည့်အခြေအနေများ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ပံ့ပိုးကူညီပေးဖို့၊ ဒေသ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် လွယ်ကူချောမွေ့ စေရေး ကူညီဆောင် ရွက်ပေးဖို့၊မုန်းဝန်းဗမာတိုင်းရင်းသားများဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် နှင့်တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုစတဲ့အခြေအနေတွေကို တင်ပြခဲ့ ကြရာ ဗိုလ်ချူပ်မှူးကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲသို့ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း (အငြိမ်းစား)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့ စစ်ခေါင်း ဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့ စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင်တို့တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁) စိုက်ပျိုး မွေးမြူရေးစခန်း သို့လည်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်းသိရှိရပါတယ်။
-ymg/knl


Page 1134 of 2278