#Local_News
Published_ 9 February 2023
ကိုဗစ်ဓာတ်ခွဲနမူနာများ၏ သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ ၁၇ ခုကို စစ်ဆေးခဲ့ရာတွင် အိုမီခရွန်မျိုးဗီဇပြောင်းရောဂါပိုး BA.5၊ BA.2 နှင့် XBB.1 တို့တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။
ကိုဗစ်- ၁၉မျိုးရိုးဗီဇပြောင်းလဲနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲ နမူနာ ၁၇ခု ကို ဆေးသုတေသနဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါပိုး မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၆ ရက်က အိုမီခရွန် မျိုးကွဲဗီဇပြောင်းရောဂါပိုး BA.5 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ ၉ ခုတွင်လည်းကောင်း၊ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 နှင့် ၎င်း၏မျိုးကွဲ XBB.1(၂)ခုအပါအဝင် ၈ ခု တိုကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.5 တွေ့ရှိရသူ ၉ ဦးနှင့် BA.5 တွေ့ရှိသူ ၅ဦးမှာ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ကျန် ၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူများကို ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလ 9 ရက်နေ့မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အကယ်ဒမီအခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းသုံးထောင်အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအမြင့်ဘက်မှာ ရှိနေပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ အစိုးရနဲ့ရန်ကုန်ရွှေအသင်းရဲ့သတ်မှတ်ရွှေဈေးနှုန်းကတော့ ၂၂၁၃၇၀၀ ကျပ်အထိသတ်မှတ်ထားပြီး ပြင်ပရွှေလောကအရောင်းအဝယ်မှာတော့ ဒီနေ့မနက်ပိုင်းအထိ ၂၈ သိန်း ၅ သောင်းကျော်မှာရှိနေပြီး အရောင်းရောအဝယ်ပါ အေးနေတယ်လို့ ရန်ကုန်တိုင်းအတွင်းက ရွှေလုပ်ငန်းရှင်တွေကိုမေးမြန်းချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ လ ၈ရက်နေ့ ကမ္ဘာရွှေပေါက်ဈေးမှာတစ်အောင်ဆကို ၁၈၇၉ ဒေါ်လာနဲ့ ဈေးဖွင့်လာပါတယ်။
လက်ရှိဈေးနှုန်းများ မနက် ၁၀ နာရီအထိ စုံစမ်းထားတဲ့ ဈေးများဖြစ်တဲ့အတွက် အချိန်နဲ့အညီပြောင်းလဲမှုရှိ နိုင်ပါတယ်။
#YMG/ynzw
#Yangon_media_group
#Local_News
Published_ 9 February 2023
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မယ့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးတချို့ကို ခေတ္တယာယီပိတ်ထားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီးအနားနဲ့ မြေနီကုန်းမီးပွိုင့် ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်ရှေ့လမ်းမတွေကို ပြည်ထောင်စုနေ့အခမ်းအနားတွေကျင်းပမှာ ဖြစ်တဲ့အတွက် ယာယီပိတ်ထားပြီး မော်တော်ယာဉ်များကို သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းတွေကနေက လမ်းလွှဲမောင်းနှင်ပေးဖို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနေ့တွင်မြေနီကုန်းမီးပွိုင့်ကနေ အောက်ကြည့်မြင်တိုင်လမ်းမကိုလမ်းလွှဲမောင်းနှင်ရမှာဖြစ်ပြီး ပြည်လမ်းအတိုင်းမောင်းနှင်လာတဲ့ ယာဉ်တွေအနေနဲ့ ပြည်ထောင်စုရိပ်သာလမ်းဘက်ကို ချိုးကွေ့ကာ ဗဟိုလမ်း၊ အလုံလမ်းတွေကတဆင့် အောက်ကြည့်မြင်တိုင်လမ်းကို ပြောင်းလဲမောင်းနှင်ကြဖို့ ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်အရှေ့နဲ့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းတန်းစီကွင်းတို့မှာ တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။
#ymg/ynzw
#Yangon_media_group
#Local_News
Published_ 8 February 2023
တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နေထိုင်သည့် မြန်မာနိုင်ငံသားတွေ အဖမ်းခံရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းအထိ ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်ရွှေအသင်းကသိရပါတယ်။ မနေ့ကအဖွင့်ဈေးမှာ ၂၂ သိန်း ၆ ထောင်ဖြစ်တဲ့ ပြီးတော့ ၄ ထောင်ဝန်းကျင်လောက် ဈေးတက်သွားတာပါ။
#Yangon_Media_Group
#Local_News
Published_ 8 February 2023
စာအုပ်စာပေလိုအပ်နေတဲ့ အကျဉ်းထောင်တွေမှာ စာအုပ်တွေ အခမဲ့လှူဒါန်းပေးတာတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ အကြီးကိုကိုဖောင်ဒေးရှင်းဥက္ကဌ စာရေးဆရာအကြီးကိုကိုက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 8 February 2023
လတ်တလောမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီဖြစ်ပြီး ပြည်တွင်းဧည့်သည်တွေ အနေနဲ့ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရူနိုင်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 1129 of 1894