#Local_News
Published_ 10 February 2023
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိနှုန်းနည်းပါးနေပေမယ့်လည်း ပြည်ပပြန်တွေမှာ ကိုဗစ်မျိုးပြောင်းနှင့် မျိုးကွဲသစ်တွေတွေ့ရတဲ့အတွက် ကိုဗစ်ကာကွယ်ရေးတွေ ပြန်လည်ဆောင်ရွက်ဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာ ရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊
#Yangon_Media_Group
#Local_News
Published_ 10 February 2023
ပြည်တွင်း လက်မှုပညာပန်းတိမ်နဲ့ ပြုလုပ်ထားတဲ့ ရွှေအချောထည်တွေကို ဂျပန်နိုင်ငံကဝယ်ယူဖို့ ကမ်းလှမ်းထားပြီး အသေးစိမ်ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 10 February 2023
၁။ Covid ကာလ ရောင်းချမှုရပ်ထားတဲ့ မြန်မာ့ရွှေပန်းတိမ်ထည်တွေကို ဂျပန်နိုင်ငံက ပြန်လည်ဝယ်ယူဖို့ကမ်းလှမ်း
၂။ ပြည်ပပြန်များတွင် ကိုဗစ်ပိုးသစ်များတွေ့ရ၍ ကိုဗစ်ကာကွယ်ရေးပြန်လည်လုပ်ဆောင်ရန်လိုဟုဆို
၃။ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေးနည်းဥပဒေတချို့ကိုပြန်လည်ပြင်ဆင်မည်
၄။ အားကိုးရသည့် သယ်ယူပို့ဆောင်ရေးစက်ရုပ်များ ဂျပန်တွင်မကြာမီအသုံးပြုမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 February 2023
သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်ကာလတွေမှာ မြန်မာနိုင်ငံကို ထိုင်းခရီးသွားဝင်ရောက်မှုပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 10 February 2023
ရှမ်းပြည်နယ်၊ ပန်လီကျေးရွာအနီးတွင် ကားချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ပြီး လူ(၅)ဦးသေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ဖေဖော်ဝါရီ(၁၀)ရက် မနက် ၁၀ ၀၀ အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီးရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃) အကြား၊ ပန်လီကျေးရွာအနီးတွင် REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားသည်ဟု ဖော်ပြထားသည်၊၊
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦးနှင့်မ(၇)ဦးစုစုပေါင်း(၁၂)ဦးအနက် ကျား (၂)ဦး၊ မ (၃)ဦး (သေဆုံး)၊ ကျား(၃)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီမှုအသင်းမှယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်၊၊
အဆိုပါဖြစ်စဉ်အားကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 10 February 2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက် (ယနေ့) နံနက် ၈နာရီခွဲက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းပြခန်းနှင့်ဈေးရောင်းပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေ မည်ဖြစ်ပြီး ဝန်ကြီးဌာနပြခန်း ၂၅ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန်ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၁၅ခန်းပါဝင်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့်အိမ်သုံး ဆေးဝါး၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံး၊ မီးဖိုချောင်နှင့် ဧည့်ခန်းသုံးပစ္စည်းများ ပြခန်း ၃၅၆ ခန်း ပါဝင်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 10 February 2023
လက်ရှိပြည်တွင်းမှာ ရှိနေတဲ့စိတ်ခေါ်မှုတွေကို ကျော်လွှားပြီး ပြည်ထောင်စုအတွင်းစည်းရုံးမယ့် ပါတီအဖြစ်မှတ်ပုံတင်မယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဖော်ဖေဝါရီလ ၉ရက်နေ့မှာတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၂၆ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်တင်ခြင်းဥပဒေကို အသစ်ပြဌာန်းလိုက်ပြီး နိုင်ငံပါတီတွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ရမှာပါ။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။
#ymg/ynzw
#Yangon_Media_Group
Page 1125 of 1894