Published_4 Jan 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီ လ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြ သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနား ကို ကျင်းပရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ယင်းအခမ်းအနားတွင်ပြောသည်။
အခမ်းအနား တွင် သရေစည်သူဘွဲ့ (၉) ဦး၊ စည်သူဘွဲ့ (၅) ဦး၊ သူရဘွဲ့ (၆) ဦး၊ သီရိပျံချီဘွဲ့ (၄၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၃) ဦး၊ အလင်္ကာကျော်စွာဘွဲ့(၄)ဦး၊ သိပ္ပကျော်စွာ ဘွဲ့(၄)ဦး၊စုစုပေါင်း(၁၅၃)ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက် သာမက သက်ဆိုင်ရာ မိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူ ဝင့်ကြွားစရာ အထိမ်းအမှတ် သင်္ကေတများအဖြစ်ဖြင့် ဆက်လက်တည်ရှိနေကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် သရေစည်သူဘွဲ့ရရှိသူ ၄ ဦးနှင့် စည်သူဘွဲ့ရရှိသူ ၃ ဦး၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၆ ဦး၊ စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၈ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရရှိသူ ၃ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူများအား လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_4 Jan 2024
ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများ အထိ ဆင်နွှဲလာကြသည်ကိုတွေ့ရှိရသည့်အတွက် ရှေ့တန်းနယ်မြေသည် ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရှိရကြောင်း နစက ဥက္ကဌက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သော တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ် သက်သေများနှင့် ဆောင် ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်း လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်ဖြစ်များပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့စွမ်းဆောင်ရည်များ ပေါ်ထွက်လာခြင်း ၏အ ခြေခံ သည် မိမိနိုင်ငံအပေါ်ထားရှိသည့် စစ်မှန်သည့်မျိုးချစ်စိတ်ကြောင့်ပင်ဖြစ် ကြောင်း၊ တပ်မတော်၏ အဓိက အမာ ခံအရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များ သည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစု ဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့် ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက် လက် ထိန်းသိမ်း သွားကြရန်လည်း တိုက်တွန်းခဲ့သည်။
အများတကာလုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို စွန့်လွှတ်စွန့်စား မှုအပြည့်ဖြင့် ကျေကျေပွန် ပွန် ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့၊တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလ တံဆိပ် ရရှိသူ ၉၉ ဦး၊ စီမံထူးချွန် တံဆိပ်(ပထမ)ဆင့်ရရှိသူ ၁၄ ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံ ထူး ချွန် တံဆိပ်(တတိယ)ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၃ ဦး၊ လူမှု ထူးချွန်တံ ဆိပ် (ဒုတိယ)ဆင့်ရရှိသူ ၆ ဦး၊ လူမှုထူးချွန် တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃ ဦး၊ နည်းပညာထူးချွန်တံ ဆိပ် (ပထမ) ဆင့် ရရှိသူ ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၀ ဦးတို့ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group







#Daily_News
Published_4 January 2024
၁။ မိုးနှမ်း ရာသီကုန်ချိန်ရောက်မှ တရုတ်၀ယ်လိုအားကြောင့် နှမ်းဈေးပြန်မြင့်လာ
၂။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ ကျင်းပ
၃။ ကျိုက်သလ္လံစေတီတော်ရှိ ဆွေးမြေ့ပျက်စီးနေသော စောင်းတန်းအမိုးများကို ပြုပြင်မွမ်းမံမည်
၄။ အီရန်အပါအဝင် နိုင်ငံ(၅)နိုင်ငံ BRICS စီးပွားရေးပူးပေါင်းအဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်များဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_4 January 2024
ရန်ကုန်တိုင်းဒေသကြီးတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်ကျင်းပမည်ဖြစ်ပြီးထိုင်း- မြန်မာ လက်ဝှေ့အားကစားသမားပါဝင် ယှဉ်ပြိုင်ကြကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။
MLWC လွတ်လပ်ရေးနေ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယနေ့ဇန်နဝါရီ(၄)ရက် နေ့လည်၁နာရီတွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ရန်ကုန်၌ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးကိုရိုးရိုးတန်း- အခမဲ့၊ ကြိုးဝိုင်းအနီး ၅၀,၀၀၀ ကျပ်၊၃၀,၀၀၀ ကျပ်ဖြင့် ကြည့်ရူနိုင်သလို Sky Netရုပ်သံလိုင်းမှလည်း ကြည့်ရူနိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင်Saw Ba Heinမြန်မာ & A Pyone Thwayမြန်မာ၊ Kyaw Swar Winမြန်မာ&Pong Siriထိုင်း၊ Yar Man မြန်မာ& Warajaklekထိုင်းအစရှိသည့်လက်ဝှေ့ပွဲစဉ်များကိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
ယင်းလက်ဝှေ့ပွဲအပြင် ရိုးရာလက်ဝှေ့ဆောင်းပါးများကိုနှစ်ပေါင်း၂၀ကျော်တစိုက်မတ်မတ်ရေးလာသောဆရာဇင်လင်းထွန်း (ဓနုဖြူ) ၏ မြန်မာ့ရိုးရာလက် ဝှေ့ပွဲတွေ့သတ်ကွက်များစာအုပ်ကို MMAG မှထုတ်ဝေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲတွင် ရောင်းချပေးမည်ဖြစ်သည်။
ရိုးရာလက်ဝှေ့ကျော်များဖြစ်သော သမိန်ဗရမ်း၊ ဦးဘိုစိန်၊ သမန်းကျား၊ ဦးဒေါင်းနီ၊ ရွှေဝါထွန်း၊ ရွှေဓူဝံ၊ ဝမ်ချိုင်း၊ ရွှေဆိုင်း၊ လုံးချော၊ စောငမန်း၊ ကြယ်လင်းအောင်၊ တွေ့မရှောင်၊ တူးတူး၊ထွန်းထွန်းမင်း၊ ရန်ကြီးအောင်၊ ဝင်းထွန်း၊ ဖိုးကေနှင့် စိုးလင်းဦးတို့ပုံမျက်နှာဖုံးဖြင့်စာမျက်နှာ ၁၉၂ မျက်နှာ၊ ပွဲတွေ့သတ်ကွက်ဓါတ်ပုံပေါင်း ၆၈ ပုံပါဝင်မည်ဖြစ်သည်။
မဂ္ဂဇင်းဆိုက်ဖြစ်ပြီး စာအုပ်၏ ကုန်ကျစရိတ်သာဖြစ်သော ရောင်းစျေးကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု သိရသည်။
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ကျိုက်သလ္လံစေတီရှိ ဆွေးမြေ့ပေါက်ပြဲနေသော စောင်းတန်းအမိုး စုစုပေါင်း (၂၈)ခန်းကို ပြန်လည်ပြုပြင်ဖို့ ရှိပြီး စောင်းတန်းအမိုးသွပ်ပြား (၁)ခန်းလျှင် ၈၀၀၀၀၀ ကျပ်နှုန်းနဲ့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်တယ် " ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ International Show Jumping (အပြည်ပြည်ဆိုင်ရာမြင်းစီး တန်းခုန်ပြိုင်ပွဲ) ကို FEI(ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်)ရဲ့ တန်းခုန်ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်
Yangon Times/NN
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ဈေးမြင့်လာပေ့မယ့် ကုန်က တောင်သူတွေလက်ထဲ အလွန်နည်းသွားပြီ ကားတစ်စီးစာ ကုန်ရဖို့ စုရတဲ့အချိန်က ၁၄ရက်၊ ၁၈ရက်လောက် ကြာတယ်။ တစ်ချို့တောင်သူတွေကလဲ အရင်ပေါက်ဈေး ပြန်ရမယ့်အချိန်ကို စောင့်နေတဲ့ အတွက် မရောင်းကျဘူး
Yangon Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 1122 of 2478