၁၇ စက်တင်ဘာ ၂၀၂၃
ဘန်ကောက်အဲဝေးစ်က အောက်တိုဘာ ၃၁ ရက်အထိ လေယာဉ်ပေါ်မတက်ခင် ခရီးသည်အာလုံး ကိုယ်အလေးချိန် ချိန်တွယ်ရမည့် အစီအစဉ်ကိုကြေညာခဲ့သည်။ အချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဟုလည်းပြောသည်။
လေကြောင်းလိုင်း၏ကြေညာချက်တွင် ခရီသည်များ ကိုယ်အလေးချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပျံတက်စဉ် ဝန်အလေးချိန်ကို တွက်ချက်ရာ တွင် အထောက်အကူဖြစ်စေရန်ဟုဆိုသည်။
ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက်တွင် လေယာဉ်မတင်ခင် ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ေ လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။
ကိုရီးယားလေကြောင်းနှင့် အဲနယူးဇီလန်တို့ကလည်း ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။
ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ကမ္ဘောဒီးယား၊ဟောင်ကောင်၊လာအို၊မော်လဒိုက်၊မြန်မာ၊စင်္ကာပူနှင့်ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေပြုထားသည်။
Source ThaiPBS
၁၇ စက်တင်ဘာ ၂၀၂၃
ထိုင်းနိုင်ငံ အနောက်ပိုင်း ဆန်ခလာပူရီ ခရိုင်တွင် စက်တင်ဘာ ၁၆ရက်စနေနေ့က မြန်မာအမျိုးသမီးတစ်ဦးကို M16 ကျည်ခွံ ၉၂၀ ခုနှင့် M16 ခဲယမ်းများတပ်ဆင်ထားတဲ့ ကျည်ကပ် ၂၄ ခုနှင့်အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြထားပါတယ်။
ဆန်ခလာပူရီခရိုင်၊ တမ်ဘွန်နွန်လူရှိ Moo 2 ရွာမှာရှိတဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းပို့ကုမ္ပဏီတစ်ခုကို ရဲတွေက အပြေးအလွှားစီးနင်းခဲ့တာပါ။ ကုမ္ပဏီ ရုံးခန်းကို မသင်္ကာစရာ အထဲမှာ ကျည်ဆံတွေလို့ယူဆရတဲ့ ပါဆယ်တစ်ထုတ်ရောက်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောတာ ကြောင့် ရဲတွေရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ပါဆယ်ထုတ်က အပေါက်ကလေးတစ်ခုကနေ အတွင်းကိုကြည့်လိုက်တဲ့အခါ သတ္တုပစ္စည်းတွေတွေ့ရတယ်လို့ အဆိုပါဝန်ထမ်းကပြောပြပါတယ်။
အဆိုပါပါဆယ်ထုပ်မှာ မမ်ဘွန်နွန်လူ Moo 2 ရွာ အိမ်နံပါတ် ၂၄၁ ကိုလိပ်မူထားပြီး ပွန်တစ်လို့ အမည်ပေးထားသူက ချွန်ပူရီပြည်နယ် ဘန်ဘမ်းခရိုင် တမ်ဘွန်နွန်ဆက်လိပ်စာနှင့် ပေးပို့တာဖြစ်ပါတယ်။
ပါဆယ်အတွင်းမှာ ယမ်းတောင့် ၅၀တောင့်စီပါတဲ့ ဘူး ၁၈ခုနှင့် ယမ်းတောင့် ၂၀ပါတဲ့ ဘူးတစ်ဘူးကို ထည့်ထားပါတယ်။ အစမှာ ကျည်ဆံတွေလို့ထင်ပေမယ့် စစ်ကြည့်တဲ့အခါ အခု ၉၂၀ ဟာ M16 ကျည်ခွံတွေဖြစ်နေပါတယ်။ ပါဆယ်ထုတ်ထဲမှာ ကျည်ကပ် ၂၀ခုကိုလည်းတွေ့ရပြီး တစ်ခုဆီမှာ M16 ကျည်တောင့် ၂၀ခုထည့်ထားပါတယ်။ နောက်ထပ် ကျည်ကပ် (၄)ခုမှာတော့ M16 ကျည်တောင့် ၃၀ခုဆီထည့်ထားပါတယ်။
ရဲတွေဟာ ကုမ္ပဏီဝန်ထမ်းနှီင့်အတူ ပါဆယ်ထုတ်လက်ခံမယ့် အိမ်ကိုသွားပြီး ရဲတွေက မလှမ်းမကမ်းကနေ စောင့်ကြည့်ခဲ့ကြပါတယ်။ ည (၇)နာရီခန့်မှာ အမျိုးသမီးတစ်ဦးထွက်လာပြီး ပါဆယ်ကို လာယူပါတယ်။ အဲဒီအခါ သူမကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ် ဆောင်သွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အမျိုးသမီးက သူ့ကိုယ်သူ မြန်မာနိုင်ငံမှ မွန်လူမျိုးဖြစ်တယ်လို့ သက်သေခံပါတယ်။ သူမရဲ့မူရင်းအမည်ဟာ ပွန်တစ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် ၁၃နှစ်ကြာနေထိုင်နေသူဖြစ်ပါတယ်။
သူမကတော့ ပါဆယ်ဟာ သူမပစ္စည်းမဟုတ်ကြောင်းနှင့် အိမ်ရှေ့မှာထားခဲ့လို့ဘာလဲကြည့်ချင်လို့ ထွက်ယူတာဖြစ်တယ်လို့ ငြင်းဆိုထား ပါတယ်။
အဲဒီအမျိုးသမီးကို ဆက်လက်စုံစမ်းမေးမြန်းစရာတွေရှိလို့ ရဲကဆက်လက်ထိန်းသိမ်းထားပါတယ်။ သူမကို ကနဦးအနေနှင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းများလက်ဝယ်ထားရှိမှုတို့နှင့် အမှုဖွင့်ထားပါတယ်။
#Local_News
Published 17 September 2023
တရုတ်နိုင်ငံတွင်ကျင်းပနေသည့် ‘တရုတ်-အာဆီယံ နျူကလီးယားနည်းပညာကိုငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်’သို့ မြန်မာနိုင်ငံမှတက်ရောက်ခဲ့ပြီးနျူကလီးယားနည်းပညာကိုအသုံးချကာစိုက်ပျိုးရေးကိုအခြေခံသည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်ရန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျဦးဆောင်တဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးကအမှာစကားပြောရာတွင် ‘ စိုက်ပျိုးရေးကိုအခြေခံသည့် MSMEsကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်ရန်ရှိကြောင်း၊ သို့ဖြစ်ရာ ယင်းလုပ်ငန်းများတိုးတက်ရန်ပံ့ပိုးပေးမည့်နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေးဆိုင်ရာ သုတေသနများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း’ ထည့်သွင်းပြောကြားခဲ့သည်။
ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် တရုတ်အဏုမြူစွမ်းအင်အေဂျင်စီဒုတိယညွှန်ကြားရေးမှူးချုပ်၊တရုတ် အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းဒုတိယဥက္ကဌနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမြှင့်တင် ရန်နှင့်ကျန်းမာရေးစောင့်ရှောက်ရန်နျူကလီးယားနည်းပညာကိုအသုံးချခြင်းအပြင် သုတေသနနှင့်လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် စာချုပ်ကိုလက်မှတ်ရေးထိုး ထားပြီးခိုင်မာသောကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် အာဆီယံအဏုမြူစွမ်းအင် ကြပ်မတ်ရေးဌာနများကွန်ရက်(ASEANTOM)အဖွဲ့ဝင်နိုင်ငံဖြစ်သလို အဆိုပါ ASEANTOM-IAEA၏နျူကလီးယားလုံခြုံရေးနှင့်ဓာတ်ရောင်ခြည်အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့်တုံပြန်ရေးဆိုင်ရာစီမံကိန်းတွင်လည်းပါဝင်ဆောင်ရွက်နေကြောင်း ၊IAEA၏ နျူကလီးယားနည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် နျူကလီးယားသိပ္ပံနှင့်နည်းပညာအသုံးချ ရေးများအပြင်စွမ်းရည်မြှင့်တင်ခြင်းများကိုဆောင်ရွက်နေကြောင်း ဖိုရမ်တွင် ဒုတိယဝန်ကြီးမှထည့်သွင်း ပြောခဲ့သည်။
#tthl #Local_News #နျူကလီးယားနည်းပညာ #MSMEs လုပ်ငန်း #ကျန်းမာရေးကဏ္ဍမြှင့်တင် #Yangon_Times
#Local_News
Published 17 September 2023
ရွှေတိဂုံစေတီတွင်CCTVအလုံးရေ(၅၀၀)ကျော်တပ်ဆင်ပြီးဘုရားဖူးများကိုလုံခြုံရေးပေးထားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ယခင်က ရွှေတိဂုံစေတီတော်ကြီးတစ်ခုလုံးပဲတပ်ဆင်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် အာဇာနည်လမ်းတစ်လျှောက်ရော ရွှေတိဂုံစေတီတော်ကိုဝင်ရောက်သည့် ပတ်ပတ်လည်လမ်းများတွင်ပါ CCTVများဖြင့်လုံခြုံရေးဆောင်ရွက်ပေးထားသည်ဟုဆိုသည်။
"အရင်က ရွှေတိဂုံစေတီတော်မှာပဲ CCTVတွေနဲ့ လုံခြုံရေးပေးထားတယ်။အခုတော့ စေတီတော်ကြီးရော စေတီတော်ကိုဝင်တဲ့လမ်းတစ်လျှောက် ပတ်ပတ်လည်မှာရော CCTVတွေတပ်ဆင်ထားပြီးဖြစ်ပါတယ်"ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။
အရင်တုန်းက CCTVအလုံး၂၀၀ကျော်တပ်ဆင်ခဲ့ပြီးပြီးခဲ့သည့်နှစ်နှစ်အတွင်း အလုံး၃၅၀ကျော်ထပ်တိုးတပ်ဆင်ထားကြောင်း ရွှေတိဂုံလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဘုရားလုံခြုံရေးအဖွဲ့နှင့် XRayစက်တွေအသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#tthl #Local_News #ရွှေတိဂုံစေတီ #CCTV အလုံးရေ(၅၀၀)ကျော်တပ်ဆင်ပြီး
#Yangon_Times
#Local_News
Published 17 September 2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှဆုများရရှိခဲ့ကြောင်း သိရသည်။
ဆုရရှိသောအသင်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများမှဆုချီးမြှင့်ခဲ့သည်။
ယခုနှစ်ပြိုင်ပွဲတွင် အလေးမစံချိန်ဟောင်းကို ချိုးနိုင်ပြီး စံချိန်သစ်တင်နိုင်ခဲ့သော အားကစားသမား များလည်းရှိခဲ့သည်။
အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး နှစ်ဆင့်မ သတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမား၊အမျိုးသား(၅၅)ကီလို ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အမြန်မသတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမား၊အမျိုးသား(၇၃) ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ဆင့်မ စံချိန်သစ် တင်နိုင်ခဲ့သည့် အားကစားသမား၊အမျိုးသမီး(၄၉) ကီလိုပြိုင်ပွဲနှင့်အမျိုးသား (၆၇) ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊အမျိုးသမီး (၆၄) ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများကိုလည်းဆုချီးမြှင့်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒိ္ဓအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃)သင်းနှင့် အမျိုးသမီး အသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။



#tthl #Local_News #အလေးမအားကစားသမား #အသင်းများကိုဆုချီးမြှင့်
#Yangon_Times
#Local_News
Published 17 September 2023
ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေစေရန်နှင့် ငွေပေးချေမှုများ အဆင် ပြေချောမွေ့စေရန်အတွက်ရုရှားဘဏ်များမှ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ(သို့မဟုတ်) ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ်အားလက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါသဘောတူစာချုပ်ကို ရုရှားတွင်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ခရီးစဉ်တွင်မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် နှစ်နိုင်ငံခရီးသွား ဧည့်သည် ဝင်ရောက်မှုများ တိုးမြှင့်လာစေရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေးများ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း အလားအလာများ တိုးမြှင့်လာစေရေးနှင့် ခရီးသွားလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးတို့ကို ရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါစာချွန်လွှာကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီးတို့က လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
#tthl #Local_News #ရုရှားဘဏ်ခွဲ #ကိုယ်စားလှယ်ရုံးခွဲ #ရုရှား-မြန်မာခရီးသွား
#Yangon_Times
#Local_News
Published 17 September 2023
(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ တွင်မြန်မာထွက်ကုန်(၁၀)မျိုးကိုပြခန်း(၈၀)ဖြင့်ပြသထားကြောင်းနှင့် ယခုနှစ်ခုနှစ်လတာအတွင်း တရုတ်-အာဆီယံနှစ်ဦးနှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုသည်အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
အဆိုပါကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်အထိတရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ ၊နန်နင်းမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြခန်းပေါင်း ၈၀ တွင် ဆန်၊ ရေထွက်ကုန်ပစ္စည်း၊ သစ်သီး၊ ကော်ဖီ၊ လက်ဖက်စိမ်း၊ အမွှေးအကြိုင်၊ သစ်ထွက်ကုန်၊ အထည်ချုပ်ပစ္စည်းနှင့် အဝတ်အစား၊ လက်မှုပစ္စည်းနှင့် ကျောက်မျက်ရတနာတို့ကို ပြသလျက်ရှိသည်။
အဆိုပါ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကိုယ်စားလှယ်အဖွဲ့ဦးဆောင်၍ တက်ရောက်မည်ဖြစ်ပြီးယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ စုစုပေါင်းပြခန်းဧရိယာမှာ စတုရန်းမီတာ ၁၀၂,၀၀၀ ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၇၅၀ နီးပါးတက်ရောက်ပြသမည်ဖြစ်သည်။
ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် “Belt and Road အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် စီးပွားရေးကြီးထွားမှုဗဟိုချက် အသစ်ကိုပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်သည်။
ယမန်နှစ်က တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၇၀ ဘီလီယံကျော်လွန်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၁.၂% တိုးတက်လာခဲ့သည်။ ယခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ပြီဖြစ်ကြောင်းသိရသည်။
#tthl #Local_News #တရုတ်-အာဆီယံကုန်စည်ပြပွဲ #မြန်မာထွက်ကုန်ပြခန်း
#Yangon_Times
Page 1124 of 2279