၄ ဇန်နဝါရီ ၂၀၂၄
အမိမြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် တေးပြုစာဆို ဆရာရန်နိုင်ဆွေ ရေးသားပြီး အဆိုတော် ကြီး (ဒေါ်)မေလှမြိုင်သီဆိုခဲ့သည့် မူရင်းအမည် “ ဗမာ့ကြွေးကြော်သံ”၊ ယခုခေတ်နှင့်အညီ ပြင်၍ “မြန်မာ့ကြွေးကြော်သံ”ဟု သီဆိုနေကြသည့် သီချင်းကို တည်းဖြတ်တင်ဆက်လိုက်ပါတယ်။
4 January 2024
In honor of Myanmar's 76th Independence Day, the State Administration Council (SAC) ordered sentence commutations for a total of 9,766 prisoners, comprising 9,652 local inmates and 114 foreign detainees on January 4, 2023,
Under Order No. 1/2024, as part of the commemoration of the (76th) Independence Day and centered on promoting peace of mind for the populace on humanitarian grounds, 9,652 local prisoners serving terms across diverse prisons and camps have been granted sentence commutation in accordance with Section 401, subsection 1 of the Criminal Procedure Code. This commutation is subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
In Order No. 2/2024, marking the (76th) anniversary of Independence Day and reflecting the amiable relations between both nations, 114 foreign prisoners incarcerated across multiple prisons have been granted sentence commutation and subsequently exiled in accordance with Section 401, subsection 1 of the Criminal Procedure Code, under humanitarian considerations. This commutation is also subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
-ymg’knl
၄ ဇန်နဝါရီ ၂၀၂၄
နစက သည် နိုင်ငံသားအကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦတို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်များထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမိန့်အမှတ်၁/၂၀၂၄တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသော်အားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦး တို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
အမိန့်အမှတ်၂/၂၀၂၄အရ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေ့ရှုသောအားဖြင့်လည်းကောင်း လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်း ကောင်း၊အကျဉ်းထောင်၊အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ်လိုက်ကြောင်း သိရှိရပါတယ်။
-ymg/knl
Published 4 January 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၈၆/၆)နှင့် (၂၈၆/၇)အကြားတွင် ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများထဲ မှ ၃ဦး ေ-သ ဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ မှ သိရသည်။
ဇန်နဝါရီ ၄ရက် နံနက် ၇နာရီ ခွဲ အချိန် က ုဖစ်ပွားခဲ့ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သံဃာ(၂)ပါး၊ ကျား(၂)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၅)ဦးအနက် မှ သံဃာ(၁)ပါး၊ ကျား(၁)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၃)ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက် ဒဏ်ရာ ရသူ များ နှင့်ေ-သဆုံးသူများကို 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_3 Jan 2024
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေ တီတော် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူး တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော်မြတ် ၄ ဆူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက် အရ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ခန့် ညောင်ရမ်း ခေတ်တွင် တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခရတနာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာလောက ၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော် ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း နေပန်လပန် ရှေးဟောင်းစေတီတော်မြတ် ၄ ဆူအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင် မွမ်းမံတည်ထားပူ ဇော်ပြီးစီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group



Published_3 Jan 2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့်အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယနေ့ ဇန်နဝါရီလ ၃ ရက် က ဗိုလ်လု ယှဉ်ပြိုင်က စားကြ ရာ ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်း နှင့် ဘဏ္ဍာ ရေးဝန် ကြီး ဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက်ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဦးဆောင်နိုင်ခဲ့သော် လည်း ပွဲချိန် ၄၂ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန် တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒုတိယပိုင်းပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲ စလျင် စချင်း ၄၇ မိနစ်၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက်အ ပြန် အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ကျန်ရှိသည့် ပွဲကစားချိန်အတွင်း အနိုင်ဂိုး ရရှိရေး ရေကုန် ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေရလာဒ်ဖြင့်သာ ပွဲပြီး ဆုံးခဲ့ရသဖြင့် အချိန် ပိုပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။
အချိန်ပို မိနစ် ၃၀ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန် ကြီး ဌာနအသင်းက ၁၈ ကိုက်စည်း အပြင်ဘက်မှ အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုးပြန် လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲကစားချိန်များပြီးဆုံးချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ၄ ဂိုး - ၃ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရ ရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေး အပ်ချီး မြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြ သည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာ ရွှေ၊ ဒေါက်တာမှုထန် နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အသင်း လိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင်ဒုတိယဗိုလ် ချုပ် ကြီး ညိုစော ကလည်း ကောင်း၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့် က လည်း ကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီး မြှင့် ကြကြောင်းသိရသည်။
အလားတူ ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကိုကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လည်း သိရ သည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group




#Daily_News
#TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
Published_3 January 2024
၁။ ယခုလတွင် ဒေသ(၂)ခုတွင် မိုးပိုရွာပြီး ဒေသ(၅)ခုတွင် မြူပိုကျမည်၊ ယခုရက်ပိုင်းအတွင်း ဒေသ(၁၀)ခု၌ ညအပူချိန်များ ကျဆင်းမည်
၂။ ၂၀၂၄ခုနှစ်အတွင်း ပြောင်းဈေးမြင့်လာပြီး ဈေးကွက်ကောင်းမွန်လာနိုင်မည့် အနေထားရှိကြောင်း ပြောင်းကုန်သည်များ သုံးသပ်
၃။ မော်တော်ယာဉ်မူဝါဒသစ် ကားဈေးကွက်အပေါ် သက်ရောက်မှုမရှိ၊ SKD,CKDကားများ ထွက်ရှိလာမှသာ ဈေးကွက်ကျနိုင်ဟုဆို
၄။ အဟောင်းတွေကို မဖျက်ဆီးဘဲ အသစ်တွေကို တည်ငြိမ်စွားတိုးချဲ့စီးပွားရေးမြှင့်တင်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 1123 of 2478