#Local_News
Published_ 14 February 2023
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၆၄ ဒေါ်လာကနေ ၁၈၅၇ ဒေါ်လာအထိ ဈေးပြန်ကျလာဝန်းပြီး ဈေးအနည်းငယ်တည်ငြိမ်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်တွေကို မေးမြန်းချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 February 2023
ရန်ကုန်မြို့ရှိ သဗ္ဗာန်ဆိပ်တွေမှာ မြူအထူထပ်ဆုံးအချိန် မနက်ခင်းပိုင်းတွေမှာသာ နာရီပိုင်းလောက်ပိတ်ထားပေမယ့် မြူပါးချိန်ကစလို့ GPS ကြည့်ပြီး ဘေးကင်းအောင်မောင်းနှင် ပို့ဆောင်ပေးနေတယ်လို့ သဗ္ဗာန်ဆိပ်မှ သဗ္ဗာန်မောင်းနှင်သူတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 14 February 2023
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ တစ်ပတ်တာအတွင်း စားသုံးဆီအခြေခံ လက်က္ကားဈေးနှုန်း ၄၄၉၀ ကျပ် သတ်မှတ်ထားတယ်လို့စားသုံးသူရေးရာဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 14 February 2023
၁။ စားသုံးဆီအစိုးရ ရည်ညွှန်းသတ်မှတ်ဈေး ၄၄၉၀ ကျပ် သတ်မှတ်
၂။ မြူထူထပ်ဆုံးနာရီပိုင်းလောက်သာ သဗ္ဗာန်ဆိပ်များ ပိတ်ထား၊ မြူပါးချိန် GPS ကြည့်ပြီး မောင်းနှင်ပေးနေ
၃။ ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်ကျနေပြီး ပြည်တွင်းရွှေဈေးအတက်အကျတည်ငြိမ်နေ
၄။ မူးယစ်ဖောက်ကားရေးတွင် သားကောင်ဖြစ်ခဲ့သည့် မက္ကဆီကိုခွေးလေး အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲတွင် ဦးဆောင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 February 2023
ဝက်စာဈေးကြီးမြင့်မှုနဲ့ အာဖရိကဝက်အပြင်းဖျားရောဂါတွေကြောင့် ဝက်မွေးမြူမယ့်သူတွေ နည်းပါးလာပြီး ဝက်သားဈေးတွေတက်လာတယ်လို့ ဝက်မွေးမြူရေးလုပ်ငန်းတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 14 February 2023
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်(၄)လမ်း၊ နေအိမ်ခြံဝန်းအတွင်းရှိ ရေတွင်းထဲသို့ အမျိုးသားတစ်ဦးပြုတ်ကျခဲ့ရာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အခင်းဖြစ်ရာနေရာသို့ ဘားအံခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရေတွင်းထဲသို့ ပြုတ်ကျနေသူ အမျိုးသားအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် မာဃလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 14 February 2023
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်း၊ ယာယီကျောင်းဆောင်တွင် ဘုရားမီးပူဇော်ထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် အိပ်ပျော်နေသည့် ကိုရင်တစ်ပါး ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က အဆိုပါ ကျောင်းဆောင်တွင် အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသပ်တပ်ဖွဲ့က သိရသည်။
"မီးလောင်ရတဲ့အကြောင်းရင်းက အောက်ခံခွက်မပါဘဲ မီးပူဇော်ထားရာကနေ ဘုရားကျောင်းဆောင်ကိုမီးစွဲပြီး အဲဒီကနေတစ်ဆင့် လောင်တာပါ။ ကိုရင်လေးတစ်ပါး ပျံလွန်တော်မူသွားတယ်။ အခြားထိခိုက်တဲ့သူတော့မရှိပါဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
ပျံလွန်တော်မူသွားသည့် ကိုယ်ရင်လေး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင့်လည်း သိရသည်။
#ymg/mt
#Yangon Media Group
Page 1117 of 1895