#Local_News
Published_ 15 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အမှတ် (၃)လမ်းမ ညောင်ပင်မှတ်တိုင်အနီးတွင် လူ(၂)ဦး သေဆုံး(၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပုလဲအရန် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက "မနေ့ကဖေဖော်ဝါရီ (၁၄)ရက် ည(၁၀)နာရီမှာ တက်စီကနေ Hiject နဲ့ တိုက်တယ် Hiject ကနေ လမ်းဘေးကဖယ်ရီကိုတိုက်တယ်၊၊ Hiject က ချည်းပဲအမျိုးသား(၂)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိပါတယ်၊၊ ကျန်တဲ့ကားတွေက ဘာမှမဖြစ်ဘူး"ဟု ပြောသည်၊၊
ပုလဲအရန်မီးသတ်တပ်ဖွဲ့အနေဖြင့် သေဆုံးသူနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို မေဓာဝီဆေးရုံကို ပို့ဆောင်အပ်နှံထားခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 15 February 2023
လာမယ့်နှစ်ရက်အတွင်း နေပြည်တော် ရန်ကုန် မန္တလေး ကရင်ပြည်နယ် ဧရာဝတီတိုင်း စတဲ့မြို့ကြီးတွေမှာ နေရာကွက်ကြားကနေ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဘဂ်လားပင်လယ်အော် တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ်မှ တိမ်အတင့်သင့်ဖြစ်ထွန်းနေပြီး ကျန်ဘဂ်လားပင်လယ်အော်တို့မှာ အများအားဖြင့် သာယာနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဖေဖော်ဝါရီလ ၁၅ ကကြေညာထားပါတယ်။ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဒီနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကြား မိုးအနည်းငယ်ထစ်ချုန်းရွာနိုငိပြီးရွာရန်ရာနှုန်း ၆၀ ရှိတယ်လို့လည်း ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က မြန်မာနိုင်ငံအတွင်းမှာ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးဇလကထုတ်ပြန်ထားပါသေးတယ်။ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုကြရန် သတိပေးချက်ထားပါတယ်။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 15 February 2023
ရုရှာနိုင်ငံနဲ့ အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ ပညာရေးဆိုင်ရာကျောင်းများ သုတေသနစင်တာတွေသာမက သုတေသနစီမံကိန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုတိုးမြင့်လာစေဖို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံက ဦးဆောင်ကျင်းပတဲ့ သိပ္ပံနဲ့နည်းပညာတီထွင်ဆန်းသစ်မှုဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက်ရောက်ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ နိုင်ငံအလိုက် နည်းပညာတီထွင်မှုနယ်ပယ်များတွင် ဆောက်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အသိပညာမျှဝေမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အစည်းအဝေးကို သိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတွေနဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်ခဲ့ကြပါတယ်။
#ymg/ynzw
#Yangon_Media_Group
#LocalNews
Published-15_February-2023
ကိုရီးယားသမ္မတနိုင်ငံသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၉ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်က စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၉၄ဦး၊ CBT ကုန်ထုတ်လုပ်သား ၈ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ် သားသစ် ၄၇ ဦး၊ စုစုပေါင်း ၁၄၉ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့မှ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းတို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိ က ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်
သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်ကလည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ဦး၊ Re-entry စိုက်ပျိုးမွေး
မြူရေးလုပ်သား ၁၀ဦး စုစု ပေါင်း ၅၁ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon Media Group
#LocalNews
Published_ 15 February 2023
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၏ အမည်၊အလံ နှင့် တံဆိပ်တို့ကို တစ်ပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်လိုက်သည်။
အဆိုပါ ပါတီရုံးချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ အမှတ်(၈၃)တွင် တည်ရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ဖေဖော်ဝါရီလ ၈ ရက်က လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ဖေဖော်ဝါရီလ ၁၄ ရက် မှ စ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်နိုင်ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 15 February 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့ တွင် နစက ဆန့်ကျင်အဖွဲ့က ဗုံးပစ်လောင်ချာ၊လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခဲ့၍ ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး၊ကလေးငယ် ၂ ဦး ဒဏ်ရာရ ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ခေါပြင်ချောင်းတံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာ ရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင် ရှင်အာသဖ (၁၄)နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ် နှင့် မောင်ဝေလင်းအောင် (၁၄)နှစ် တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအတွင်းသို့ ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့ နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ) ဦးဝင်းအောင်သန်း(၄၀)နှစ် တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 15 February 2023
နေပြည်တော်၊သပြေကုန်းဈေး၌ တည်ဆောက်မည့် EV Charger 60KW ငါးစုံ ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။
ယင်းကို N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီလ ၁၁ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd တို့ကတင်သွင်းခဲ့ကြသော လျှပ်စစ်ကားများထဲမှ နေပြည်တော်ကောင်စီနယ်မြေ၊သပြေကုန်းဈေးကိုအခြေပြု၍ လျှပ်စစ်တက္ကစီကား ၁၀ စီးပြေးဆွဲမည် ဖြစ်သည့်အတွက် သပြေကုန်းဈေးအနီးတွင် NPK Motors Co., Ltd က Charging Station တစ်ခုတည်ဆောက်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1116 of 1895