' ပြည်တွင်းစားဆန်က လကုန်ပိုင်းဆိုတော့ အရောင်းအဝယ်ကောင်းပေမယ့် အတက်အကျမရှိဘူး၊ ဈေးငြိမ်တယ်၊ ဆန်အကြမ်းတွေက ပြည်ပရဲ့လိုအပ်ချက် တင်ရမယ့်ကာလရယ်၊ ဝင်ရောက်မှုရဲ့ လျော့နည်းမှုရယ်ပေါ့၊ ဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာပဲ အခြေခံတော့ ဝယ်လိုအားရှိတဲ့အချိန် ပစ္စည်းရဲ့တက်ရောက်မှု နည်းတဲ့အခါမှာ ဈေးနှုန်းက မြှင့်ပြီးတော့ ဝယ်ရတာ သဘောသဘာဝပါပဲ၊ ရန်ကုန်ဝင်ရောက်မှုက အကြမ်းကနည်းတဲ့အခါကျတော့ ဈေးကွက်ကမြှင့်တာလည်း ပါပါတယ် '
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
‘‘ ဘဏ်တစ်ခုနဲ့ချိတ်ဆက်ပြီး တစ်ရွေးစ နှစ်ရွေးစတော့ စတင်ရောင်းချနေပြီဖြစ်ပြီး အခြားဘဏ်တွေ၊ ရွှေဆိုင်တွေ၊ရွှေလုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဦးမှာဖြစ်တယ်’’ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published-9 January 2024
သင်္ဃန်းကျွန်းခရိုင်ဈေးများ၌ သား/ငါး အစားအစာဘေးကင်းလုံခြုံစေရေးကွင်းဆင်းစစ်ဆေးမှုများယမာန်နေ့က ပြုလုပ် ခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်စားသုံးသည့် အသား/ငါးများကတစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများကိုဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ပဒေသာဈေးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ရတနာဈေးများအတွင်းရောင်းချသည့် အသား/ငါး/ပုဇွန်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊လိုင်စင်စီများမြှဖန့်ဖြူးရောင်းချခြင်း၊တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေး၍လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News

9 January 2024
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာအသိုင်း အ၀ိုင်းမှ သိရသည်။
မြန်မာစံတော်ချိန် ယနေ့ နံနက် ၅ နာရီ ၅၈ မိနစ်၊
အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊အသက် ၈၁ နှစ်အရွယ်၌ သူနေထိုင်သည့် အမေရိကန်ပြည်ထောင်စု၊ ဖိုဒ်ဝိန်းမြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
စန္ဒကိန္နရီ သီချင်းကိုကြားပြီးနောက် အဆိုတော်ဖြစ်ချင်လာမိသည့် ဒေါ်မာမာအေးသည် မာမာအေးနာမည်နဲ့ လည်း ၁၉၅၈ ခုနှစ်မှာ တေးညွန့်မင်္ဂလာ သီချင်းဖြင့် စတင်ဓါတ်ပြားသွင်းခဲ့သည်။
"အချိန်ရမှ နားထောင်ပါ""မောင့်အချစ်မြား" "တုံးကျော်မ"စသည့်သီချင်းပေါင်းများစွာဖြင့် ပရိတ်သတ်၏အသည်းနှလုံးကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ခဲ့သည့် ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားသည့်အတွက် အနုပညာတွေရော ပရိတ်သတ်များပါ အထူးဝမ်းနည်းကြေကွဲကြောင်း ရေးသားဖော်ပြထားကြသည်။
tthl
Yangon_Time
8 January 2024
Myanmar's Navy Chief, Admiral Moe Aung, received the appointment as the Union Minister for the Office of the Chairman of the State Administration Council through Order 3/2024 issued on January 8, 2024, by the SAC. Another order, 4/2024, similarly confirmed his role as an Advisor for National Security Affairs to both the SAC Chairman and the SAC.
Vice-Admiral Zwe Win Myint, who previously served as the Chief of Staff (Navy), has been promoted to the position of Navy Chief, according to information from a source closely associated with the military. Typically, military reshufflings are not publicly disclosed.
-ymg/knl
၈ ဇန်နဝါရီ ၂၀၂၄
ဦးစီးချုပ်(ရေ)အဖြစ်မှ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
ယနေ့ ဇန်နဝါရီ (၈)ရက်ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၄/၂၀၂၄အရ ယင်းကဲ့သို့တာဝန်ပေးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန့်အပ်ခြင်းဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးတာဝန်ယူထားတဲ့ နစကအဖွဲ့ဝင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေရာတွင် အစားထိုးခန့်အပ်လိုကတာဖြစ်တယ်လို့လည်း အမိန့် အရသိရပါတယ်။
-ymg/knl
၈ ဇန်နဝါရီ ၂၀၂၄
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
၂၀၂၄ခုနှစ် ဇန်နဝါရီ (၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၃/၂၀၂၄မှာ ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၍ဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါအမိန့်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)တို့တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဦးကိုကိုလှိုင်နှင့် ဦးအောင်နိုင်ဦးတို့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးများအဖြစ်မှ နစကဥက္ကဋ္ဌ ရုံး ဝန်ကြီးဌာန ဝန်ကြီးများအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခံရခြင်းဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးတွေနေရာမှာ အစားထိုးခန့်အပ်မှုကိုတော့ မတွေ့ရှိရ သေးဘဲ ရှိပါတယ်။
ဦးစီးချုပ်(ရေ)နေရာကိုလည်းလက်ရှိစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကိုခန့်ထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး တပ်ရာထူးအပြောင်းအလဲများကို သတင်းထုတ်ပြန်ကြေညာလေ့မရှိကြောင်းသိရပါတယ်။
-ymg/knl
Page 1115 of 2478