Published-9 January 2024

သင်္ဃန်းကျွန်းခရိုင်ဈေးများ၌ သား/ငါး အစားအစာဘေးကင်းလုံခြုံစေရေးကွင်းဆင်းစစ်ဆေးမှုများယ‌မာန်‌နေ့က ပြုလုပ် ခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်စားသုံးသည့် အသား/ငါးများကတစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများကိုဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ပဒေသာဈေးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ရတနာဈေးများအတွင်းရောင်းချသည့် အသား/ငါး/ပုဇွန်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊လိုင်စင်စီများမြှဖန့်ဖြူးရောင်းချခြင်း၊တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေး၍လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News