#Daily_News
Published_ 22 July 2023
၁။ သဘင်အိမ်ယာနှင့်သဘင်ရွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စတင်ဆောင်ရွက်နေ
၂။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမကစား သမား (၄၀) ဦး ရွေးချယ်ခံရ
၃။ EVကား(၄၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ၊ ဇူလိုင်လအတွင်း(၁၇၇)စီးရောက်ရှိထားပြီဖြစ်
၄။ ကမ္ဘာ့အကြီးဆုံးနှင့်အမြင့်ဆုံး ရေအားလျှပ်စစ်-ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး တရုတ်နိုင်ငံစီချွမ်တွင် စတင်လည်ပတ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Health_Matters
Published_ 22 July 2023
- လူသားတွေအတွက် လုံခြုံမှုတွေထဲမှာ ကျန်းမာရေးလုံခြုံမှုဟာ ဘယ်လိုအရေးကြီးတဲ့အဆင့်မှာရှိနေသလဲဆရာ ...??
#Health_Matters #ကျန်းကျန်းမာမာ လုံလုံခြုံခြုံ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 July 2023
Naypyidaw State Acedamy မှ ကျောင်းသား၊ကျောင်းသူ(၁၁၂)ဦး Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) မှပေးသည့် Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတစ်ဦးကို ကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။
ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာသင်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီးNaypyidaw State Acedamyမှ ဘာသာရပ်(၁၂)ခုမှ ကိုယ်စားပြုကျောင်းသားကျောင်းသူများကပညာသင်ဆုများလက်ခံရ ယူခဲ့သလို CFRDမှ ပရိုဂမ်မန်နေဂျာကို ဒုတိယဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)သည်၂၀၁၆ ခုနှစ်မှ ယနေ့ချိန်အထိ မြန်မာနိုင်ငံရှိတက္ကသိုလ်(၁၄)ခုမှ ကျောင်းသား၊ ကျောင်းသူ(၁၁၄၈)ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွင်း တက္ကသိုလ်(၆) ခုမှ ကျောင်းသား၊ ကျောင်းသူ(၈၀၀)ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#tthl #Local_News #Naypyidaw State Acedamy
#Yangon_Times
‘လျှပ်စစ်သုံးမော်တော်ယာဉ်EVကားတွေကို ကုမ္ပဏီအချိုမှတင်သွင်းလာကြပြီးလုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ယူခွင့်ပြုကာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတယ်’အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ
Published 22 July 2023
#Local_News
#EV ကား(၄၅)စီးရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
#Ymg/my #Yangon_Times
အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဇုန်(၂)ခုခွဲပြီး ကစားသမားတွေကို ရွေးချယ်ခဲ့
Published 22 July 2023
#Local_News
#U-12 Junior Soccer World Challenge 2023
#Ymg/my #Yangon_Times
‘သဘင်လောကသားအများစုဟာ အိမ်ခြေရာခြေမရှိတဲ့အတွက် အခုလို သဘင်အိမ်ယာနဲ့ သဘင်ရွာ သဘင်လောကသားတွေအတွက်အကျိုးသက်ရောက်မှုများနိုင်တယ်’ ဦးပေါ်လေး၊ သဘင်ပညာရှင်တစ်ဦး
Published 22 July 2023
#Local_News
#သဘင်အိမ်ယာနှင့်သဘင်ရွာ
#tthl #Yangon_Times
#Local_News
Published 22-7-2023
အိန္ဒိယ -မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဗဟိုဘဏ် ဉက္ကဌ တို့ ဆွေးနွေးခဲ့ကြောင်း ယင်းဘဏ်က ယနေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ရိုက်ငွေပေးချေရေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ Punjub National Bank တွင်ဖွင့် လှစ်ထားရှိမည့် မြန်မာဘဏ်များတွင် အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ မည်သည့်နည်းလမ်းဖြင့်မဆိုရရှိသည့် အိန္ဒိယငွေများအား ထည့်ခွင့်ပြုသွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် နှစ်နိုင်ငံသဘောတူညီချက်ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်ရန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ လွှဲပို့ငွေကို အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ လက်ခံထည့်သွင်းရန်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စများကို အထောက်အကူပြုရန်နှင့် နည်းပညာဆိုင်ရာအကူအညီများပေးရန်လည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
#Ymg/my #Local_News #နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေရေးဆွေးနွေး
#Yangon _Times
Page 1113 of 2164