#Local_News
Published_ 2 june 2023
ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသွားရောက်ဖူးမြော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဇွန်လ ၂ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai သည် မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သော မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်ဟုဆိုသည်၊၊
သံအမတ်ကြီး Mr. Chen Hai က ဗန်းမော်ဆရာတော်ကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းအတွက် အရေးပါစွာ အကျိုးပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဗန်းမော်ဆရာတော်ကြီး သက်တော် ၉၀ အရွယ်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းတို့နှင့် ကူးလူးဖလှယ်ခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်မှ ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက် အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းကို ဆက်လက်လက်ဆင့်ကမ်း အမွေဆက်ခံကာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံမှ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တာဝန်ခံအား ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းသည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းဖော်ပြပါရှိသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
#Local_News
Published-2 June2022
ရန်ကုန်မြို့ ကန်တော်ကြီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦး အရက်ပျံ သောက်ပြီး မိမိကိုယ်ကို သတ်သေရန်ကြိုးစားခဲ့၍ စိုးရိမ်ရသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းက သိရသည်။
ကန်တော်ကြီး ပန်းကန်လုံးကျွန်းတွင် ဇွန်လ ၁ ရက်နေ့ ညနေ ၃နာရီ၄၅မိနစ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အရက်ပျံသောက်၍ မိမိကိုယ်ကိုသတ်သေရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပတ်ဝန်းကျင်မှသတင်းပေးလာ၍ ဒီဃာယုက လူမှုကူညီရေးအသင်းက သွားရောက်ကူညီပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့သတင်းပိုခဲ့ကြောင်းလည်းသိရသည်။
အဆိုပါအမျိုးသမီးမှာအသက်အန္တရာယ် စိုးရိမ်ရ၍ ဂျပန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
#ymg/BM
#Local_News #ကန်တော်ကြီး #ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအရက်ပျံသောက် #သတ်သေရန်ကြိုးစား #စိုးရိမ်ရသည့်အခြေအနေရှိ
#YMG #Yangon_Media_Group
#local_news
Published_ 2 June 2023
မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ယူနန်ပြည်နယ်ဗုဒ္ဓဘာသာ အသင်းချုပ် The Buddhist Association of Yunnan Province မှ တရုတ်ယွမ်ငွေ စုစုပေါင်း ၆.၁ သိန်း (မြန်မာကျပ်ငွေ သိန်း ၂၄၀၀ ကျော်) လှဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါလှူဒါန်းမှုကို ကူမင်းမြို့ ၊ Yuan Tong ဘုရားကျောင်း၌ ဇွန် ၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် က အလှူငွေများ လက်ခံရယူခဲ့ ပါတယ်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ် က မိုခါ မုန်တိုင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
လူသားချင်း စာနာထောက်ထားစွာဖြင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပံ့ပိုးပေးမှု အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား ကျေးဇူးတင်တယ်လို့ မြန်မာကောင်စစ်ဝန်ချုပ်က ဆိုပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#local_news
Published_ 2 June 2023
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့တဲ့ အကူအညီပစ္စည်းများသယ်ဆောင်လာသည့်မလေရှားလေကြောင်းလိုင်းမှ လေယာဉ်သည် ဇွန် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။
ရောက်ရှိလာသောလေယာဉ်မှာအာဆီယံနိုင်ငံများမှပေးပို့တဲ့ စတုတ္တအသုတ်ဖြစ်ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက် ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။
စတုတ္တအသုတ်အဖြစ် ရောက်ရှိလာတဲ့ ထောက်ပံ့ကူညီရေးပစ္စည်းများမှာ Shetter Tool Kit ၄၅၀ ခု၊ Family Tent ၂၀ ဖာ၊ Water Filteration System ၁ ဖာ၊ Water Filteration System (Pump) ၂ ဖာ၊ တာပေါ်လင်စ ၂၆၂ ခု ပါဝင်ပြီး စုစုပေါင်း ၁၁ ထုပ် ကုန်တန်ချိန် ၁၉ တန်ကျော်ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂၀၀၀ ကျော် ဖြစ်ပါတယ်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news #မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများ #အကူအညီစတုတ္တအသုတ်
#YMG #Yangon_Media_Group
#Local_News
Published_ 1 June 2023
ဆန်ကြမ်းတစ်ပြည်ကို ၃ထောင်ကျော်နေပြီး တစ်အိတ်ကို တစ်သိန်းနီးပါးဈေးမြင့်နေတယ်လို့ စားသုံးသူပြည်သူတွေက YMG ကိုပြောပါတယ်။
#Local_News ##ဆန်ကြမ်းတစ်အိတ် #တစ်သိန်းနီးပါးမြင့်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းဈေးနူန်းများအရ တစ်အောင်စကို ၁၉၅၇ဒေါ်လာ ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ် ပြန်လည်မြင်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၃၂၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉) လူနာသစ် ၇၁ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ဝဒဿမ၈၅ရာခိုင်နူန်း
#YMG #Yangon_Media_Group
Page 1108 of 2085