Published_5 June 2023
Two civilians and four employees were injured due to an explosion at the Inland Revenue Department office in PanSodan of Kyauktada township on the afternoon of 5 June (today).
The explosion occurred on the 3rd floor of the office at the busy time.
As a result of the explosion, Two civilians who were in office for the matter of company’s tax and four employees including deputy division head who were at nearby area of explosion were injured
All injured persons were sent to Yangon General Hospital for necessary treatments.
The motive of explosion was still unknown and it was under investigation.
- ymg/ MNge
#Local_News
Published_5 June 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း(အောက်လမ်း)ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်မှ ကမ်းနားလမ်းအထိ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဉ္စနတို့နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် ပြင်ပ အရပ်သား မဆုနှင်းဦးနှင့် မချယ်ရီတို့ ၆ ဦးတွင် ဒဏ်ရာ များရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာများကြောင့် လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသမှုခံယူနေကြကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်းလည်း သိရသည်။
#ymg/BM #Local_News #ပြည်တွင်းအခွန်ရုံးပေါက်ကွဲမှုဖြစ် #ဝန်ထမ်းများနှင့် အရပ်သား၆ဦးဒဏ်ရာရ #YMG #Yangon_Media_Group
#Local_News
Published-5 June2023
မန္တလေးတိုင်း၊ မိတ္ထီလာတွင် မေလ ၅ ရက်ကဆိုင်ကယ်ခိုးလာသူက လမ်းဘေးတွင်စျေးရောင်းနေသူထန်းသီးသည်အမျိုးသမီးကြီးကို ဝင်တိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။
မိတ္ထီလာမြို့ စက်မှုဇုန် (၃) လမ်းထိပ်မှ ဆိုင်ကယ်အား ခိုးယူလာသူ အမျိုးသားသည် သဲကုန်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စျေးရောင်းနေသူ ထန်းသီးသည်အမျိုးသမီးကြီးအား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ကယ်ခိုးသူသည် ဆိုင်ကယ်ထားခဲ့ပြီး အဖော်ပါလာသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက သိရသည်။
ဆိုင်ကယ်တိုက်ခံရသူ ထန်းသီးသည်အမျိုးသမီးကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်နေ၍ လိုအပ်သည်များပြုစု၍ သတိပြန်ရလာချိန်တွင်
ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းလူနာတင်ကားဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/BM #Local_News #မိတ္ထီလာ #ဆိုင်ကယ်ခိုးလာသူထွက်ပြေး
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် Automatic Licensing နှင့် Non-Automatic Licensing စနစ် စတင်အသုံးပြု ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အစား ဇွန်၂၂ ရက်နေ့သို့ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
မည်သည့်အကြောင်းရင်းကြောင့် ပြောင်းလဲပြင်ဆင်ရခြင်းကိုမူ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်း မရှိသေးချေ။
လမည့်ဇွန်လ ၁ ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ပြီးခဲ့သည့်မေလပိုင်းမှာ ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ပြီးဖြစ်ကြောင်းသိရသည်။
#ymg/ynzw #Local_News #AUTOMATIC LICENSING #NON-AUTOMATIC LICENSING #YMG #Yangon_Media_Group
#Local_News
Published_5 June 2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၁၁)ရှိ ရေတွင်းအတွင်းသို့ ဇွန်လ ၅ ရက်နေ့မနက်ပိုင်းက အမျိုးသား (၂)ဦး ပြုတ်ကျနေကြောင်းသတင်းရရှိတာကြောင့် အချိန်နာရီဝက်ခန့် ကူညီကယ်ဆယ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ကူညီကယ်ဆယ်ပေးခဲ့ပေမယ့်လည်း အဆိုပါအမျိုးသား၂ဦးကို သေဆုံးလျှက် ဆယ်ယူနိုင်ခဲ့ကြောင်း အဖြူရောင်လက်များပရဟိတ လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ ဖြစ်စဉ်အား မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျား(၂)ဦး(သေဆုံး)ကို အဖြူရောင်လက်များပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #မြင်းခြံ #ရေတွင်းထဲပြုတ်ကျသည့်အမျိုးသားနှစ်ဦး #YMG #Yangon_Media_Group
#Local_News
Published_5 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာ(၁၀)လမ်းထိပ်ရှိ ၁၄/၁ရပ်ကွက်တွင် မေလ ၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ 9 Plus KTV ဖြစ်ပြီး မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း ခရီးသွားပြည်သူများနှင့် ဒေသခံများထံမှ သိရသည်။
အဆိုပါမီးလောင်မှုကို မိနစ် ၃၀ နီးပါးမီးငြှိမ်းသတ်ခဲ့ရပြီး တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ၁၉၁(၁)စီး၊ ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
#ymg/ynzw #Local_News #တောင်ဥက္ကလာပမြို့နယ် #9_Plus_Ktv မီးလောင်
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ဧပြီလ ၁ရက်နေ့မှ မေလ၂၉ရက်နေ့အထိ ပို့ကုန် ကန်ဒေါ်လာသန်း (၈၆.၂၉၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာသန်း (၁၉၃.၀၃၅)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ (၂၇၉.၃၂၈)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ကြောင်းလည်းသိရသည်။
ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက် ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်ကြောင်း စီးပွားနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှသိရသည်။
သွင်းကုန်တင်သွင်းမှု အနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းလျှက်ရှိကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှထုတ်ပြန်ထားပါသည်။
#ymg/ynzw #Local_News #မြန်မာ-ထိုင်းနယ်စပ် #မြ၀တီကုန်သွယ်ရေးဇုန်
#YMG #Yangon_Media_Group
Page 1103 of 2085