#Local_News
Published- 2 October 2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် YBS 111 က Light Truck ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက် မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးရှိကြောင်း Medical လူငယ်များလူမှုကူညီ ရေးအသင်းက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက် တွင် လေးထောင့်ကန် လမ်းမကြီးပေါ် ခပ်ချီးယားမှတ်တိုင်အနီး အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့် Light Truck ကား၏ ခေါင်းခန်းနှင့် နောက်ခန်းကို ခြားထားသည့် မှန်ကွဲသွားကြောင်း၊ ကားနောက်ပိုင်းလည်း အနည်းအကျဉ်းပျက်စီးသွားပြီး YBS ကား၏ ခေါင်းပိုင်း ပိန်ချိုင့်သွားကာကားမှန်လည်း အက်ကွဲသွားကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် Light Truck ကားမောင်းသူ အပါအဝင် နောက်ခန်း၌ လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများ Medical လူငယ်များလူမှုကူညီရေး အသင်း(ရန်ကုန်)မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သောကြောင့် ယခုအခါ ဆေးကုသမှုခံယနေကြကြောင်း သိရသည်။
#Local_News #Light_Truckကားကိုဝင်တိုက် #၅ဦးဒဏ်ရာရ #သင်္ဃန်းကျွန်း #Yangon_Times/PP
#Local_News
Published_ 2 October 2023
ခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်လေးသိန်းတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
ယခင်က ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံအများဆုံးတင်ပို့ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ရက် မှ ဩဂုတ်လ ၃၁ရက် အထိအခွန်ကင်းလွတ်ခွင့်ရရှိခဲ့၍ စက်တင်ဘာလတွင် တင်ပို့မှုသိသိသာသာလျော့သွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယခုနှစ်စက်တင်ဘာလမှစ၍တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ဘိန်းအစား ထိုးပြောင်းအပြင် GACC ဖြင့်လည်း တင်ပို့ဖို့ရန် လုပ်ဆောင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်းလည်းသိရသည်။
#Local_News #ပြောင်းတန်ချိန် #လေးသိန်းတင်ပို့
#Yangon_Times/PP
#Local_News
Published_ 2 October 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းသွာလာရေးဂိတ်များတွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် အောက်တိုဘာ(၁)ရက်မှစတင်ကာ ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အောက်တိုဘာ(၁)ရက် မနက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူဆယ်ခရိုင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် ဒေသနှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့်တကွ တာဝန်ရှိကြသူများသည် မူဆယ်-ရွှေလီနယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာဖြင့် စတင် ဝင်ထွက်ခြင်းအစီအစဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ပထမဆုံးရောက်ရှိလာသည့် တရုတ်နိုင်ငံသား Mr. Wu Chunmingကို နှစ်ဖက်တာဝန်ရှိသူတွေကကြိုဆိုလက်ခံလျက် လာရှိုးမြို့သို့ ဆက်လက် သွားရောက်နိုင်ရေးအဆင်ပြေရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ယာဉ်နှင့်ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်သည်များကို တရင်းတနှီး ရှင်းပြပြော ကြားခဲ့ကြောင်း သိရှိရပါတယ်။
#-msiprd/ymg #Local_News #မြန်မာ-တရုတ်နယ်စပ် #တရားဝင်ဗီဇာ #(Business Visa)
#Yangon_Times
ကိုဗစ်ကာလပြီး နောက်ပိုင်းမှာ အခြားအလုပ်အကိုင်များရှားပါးလာတဲ့အတွက် အလုပ်ကိုင်သက်သာပြီး ဝင်ငွေအသင့်တင့်ရရှိတာကြောင့် ဆံပင်အရောင်းဝယ်လုပ်သူ ပို
များလာတယ်လို့ ရန်ကုန်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်သူတွေထံက သိရပါတယ်။
Published_ 1 October 2023
#Local_News
#ဆံပင်ဝယ်ရောင်းလုပ်သူများ #ဝင်ငွေအသင့်တင့်ရရှိ
#YMG/LW #Yangon_Times
#Local_News
Published 1 October 2023
အိန္ဒိယနိုင်ငံ၏ အမျိုးသားဖခင်ကြီးဖြစ်သော မဟတ္တမဂန္ဒီမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ်" (၁၅၄)နှစ် မြောက်မဟတ္တမဂန္ဒီ၏မွေးနေ့အထိမ်းအမှတ်အခမ်းအနား"ကိုရန်ကုန်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှသိရသည်။
အဆိုပါအခမ်းအနားကို အောက်တိုဘာလ၂ရက်နေ့တွင် ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ Swami ViVekanand Cultural Center(India Center)၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ၊အမျိုးသားဖခင်ကြီး တစ်ဦးဖြစ်ပြီး နှစ်စဉ်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏စီစဥ်မှုဖြင့် သံတမန်များ၊မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသားများ၊မြန်မာနိုင်ငံတွင်းရှိအိန္ဒိယနွယ်ဖွားများ၊မြန်မာနိုင်ငံသားမိတ်ဆွေများစုပေါင်းကာ ဂန္ဒီ၏ မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပလေ့ရှိကြောင်းသိရသည်။
#tth #lYangon_Times
#Local_News
Publish 1 October 2023
မုတ်သုံလေအားကောင်းနေသလို လေဖိအားနည်းရပ်ဝန်းအရှိန်လည်းရှိနေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ၊ နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်နိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ပြီး လေဖိအားနည်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးထစ်ချုန်းရွာနေမည် ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ထားသည်။
#မုတ်သုံလေအားကောင်း #လေဖိအားနည်းရပ်ဝန်း
#tthl #Yangon_Times
‘ရန်ကုန်ငလျင်ကြောင့် ရွှေတိဂုံထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ ရွှေတိဂုံစေတီတော်ကြီးမှာ သက်ဆိုင်ရာကော်မတီတွေက (၅)နှစ်တစ်ကြိမ်စေတီတော်တစ်ဆူလုံးရဲ့လုံးတော်ပြည့်ကြံ့ခိုင်မှုတွေစစ်ဆေးလေ့ရှိပြီး လာမယ့် ၂၀၂၄ ခုနှစ်၂၀၂၅ ခုနှစ်မှာတော့ စေတီတော်တစ်ဆူလုံးရဲ့ကြံ့ခိုင်မှုတွေကို ပုံမှန်ပြန်စစ်ဆေးတော့မှာဖြစ်တယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 1 October 2023
#Local_News
#ရန်ကုန်ငလျင် #ထိခိုက်ပျက်စီးမှုမရှိ
#tthl #Yangon_Times
Page 1102 of 2279